AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမား မက်တီယိုကိုဗာဆစ်ဟာ လာမယ့်ရာသီမတိုင်မီ နည်းပြသစ် ဂျူလန်လော့ပတယ်ဂီကို အသင်းကနေ ထွက်ခွာခွင့်တောင်းခံမယ်ဆိုရင် ထွက်ခွာခွင့်ပေးလိမ့်မယ်လို့ ယုံကြည်နေတယ်လို့ သိရပါတယ်။ ခရိုအေးရှားကွင်းလယ်ကြယ်ပွင့် ကိုဗာဆစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကစားနေစဉ်ကတည်းက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ရီးရဲမက်ဒရစ်အသင်းကနေ ပြောင်းရွှေ့ဖို့အတွက် စဉ်းစားနေတယ်လို့ ပြောကြားခဲ့သူဖြစ်ပါတယ်။

play

ကြားသိရတဲ့သတင်းတွေအရ ကိုဗာဆစ်ဟာ နည်းပြသစ် ဂျူလန်လော့ပတယ်ဂီကို ရီးရဲမက်ဒရစ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ တွေ့ဆုံပြီး အသင်းကနေ ထွက်ခွာခွင့်ပေးဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ကိုဗာဆစ်ဟာ လာမယ့်ရာသီသစ်မတိုင်မီ အသင်းကနေ ထွက်ခွာလိုတဲ့ ၎င်းရဲ့ဆန္ဒကို တည့်တည့်ပဲပြောခဲ့ပြီး ပြောဆိုဆွေးနွေးမှုက ကြာမြင်ခဲ့ခြင်းမရှိဘူးလို့ ဆိုပါတယ်။

ကိုဗာဆစ်ဟာ ၂၀၁၅ ခုနှစ်က အင်တာမီလန်အသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့ကစားသမားဖြစ်ပြီး ပထမအသင်းမှာ ပုံမှန်ပွဲထွက် ပါဝင်ကစားခွင့်ရဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာ ကိုဗာဆစ်ဟာ ပုံမှန်ပွဲထွက်ခွင့် ရရှိနေပေမယ့် ကိုဗာဆစ်က အသင်းပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

play

 

ကိုဗာဆစ်ဟာ ရီးရဲမက်ဒရစ်အသင်းကနေ ထွက်ခွာပြီး ဘယ်အသင်းကို ပြောင်းရွှေ့မလဲဆိုတာကိုတော့ အရိပ်အမြွက်ပြောကြားထားခြင်းမရှိဘဲ ပြင်သစ်လီဂူးဝမ်းချန်ပီယံ ပီအက်စ်ဂျီအသင်းနဲ့ ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ထဲက တစ်သင်းသင်းကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

ကိုဗာဆစ်ဟာ ရီးရဲမက်ဒရစ်အသင်းကို စတင်ရောက်ရှိချိန်ကနေ ယနေ့အထိ ၁၀၉ ပွဲ ပါဝင်ကစားပေးထားပြီး ဂိုးဖန်တီးပေးပို့မှု ၁၁ ကြိမ်အထိ ပြုလုပ်ထားပါတယ်။ ခရိုအေးရှားအသင်းရဲ့ကွင်းလယ်ကြယ်ပွင့် ကိုဗာဆစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရွေးစင်အသင်းအတွက် ကွင်းလယ်မှာ ရီးရဲမက်ဒရစ်အသင်းဖော် မိုဒရစ်နဲ့တွဲဖက်ပြီး အကောင်းဆုံးပုံစံ ပြသနိုင်ခဲ့သူလည်းဖြစ်ပါတယ်။`

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD