AD
AD
AD

အင်္ဂါနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- ရီးရဲလ်မက်ဒရစ်အသင်းဟာ ဒေါ့မွန်အသင်းရဲ့ လူငယ်ကစားသမားလေး ပူလီရှစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု အရိပ်အယောင်တွေ ပြသခဲ့ပါတယ်။ လီဗာပူးလ်အသင်းကို အနိုင်ရရှိခဲ့တဲ့ ICC ပြိုင်ပွဲမှာ ဒေါ့မွန်အတွက် (၂)ဂိုးသွင်းယူပြီး ခြေစွမ်းပြခဲ့တဲ့ ပူလီရှစ်ကို ရော်နယ်ဒိုရဲ့ နေရာမှာ ရေရှည်အစားထိုးဖို့ ရီးရဲလ်က စိတ်ဝင်စားလာတာ ဖြစ်ပါတယ်။ အသက် (၁၈)နှစ်အရွယ် ပူလီရှစ်အတွက် ရီးရဲလ်က ပေါင်သန်း ၆၀အထိ အသုံးပြုသွားမယ်လို့ သိရပါတယ်။

play
Photo : ESPN

 

- ဆီနီဂေါ ကွင်းလယ်လူ ဆား အတွက် ပရီးမီးယားလိဂ်ထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ယူနိုက်တက်၊ ချယ်လ်ဆီး၊ လီဗာပူးလ် နဲ့ အာဆင်နယ်တို့ဟာ အပြိုင်အဆိုင် ကြိုးစားနေတယ်လို့ သိရပါတယ်။ အသက် (၂၀)အရွယ် ပြင်သစ်ကလပ် ရန်းနက်စ် ကွင်းလယ်ကစားသမား ဆားရဲ့ တန်ဖိုးဟာ ပေါင်သန်း (၅၀)၀န်းကျင်ခန့် ရှိတယ်လို့ သိရပါတယ်။ ဘာစီလိုနာ၊ ဂျူဗင်တပ်စ် အစရှိတဲ့အသင်းတွေကလည်း ဆားကို စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။

play
Photo : Cartilage Free Captain

 

- စပါးအသင်းဟာ ယူနိုက်တက်တိုက်စစ်မှူး မာရှယ်ကို ၀ယ်ယူဖို့အတွက် အသင်းရဲ့ တိုက်စစ်မှူးများဖြစ်တဲ့ လော်ရန်တီ နဲ့ ဗင်းဆင့်ယန်ဆန်တို့ကို ပြန်လည်ရောင်းချသွားမယ်လို့ Evening Standard က ဖော်ပြခဲ့ပါတယ်။ စပါးအသင်းဟာ မာရှယ်ကို အလေးအနက် စိတ်ဝင်စားနေပြီး မာရှယ်ကို ၀ယ်ယူနိုင်ဖို့ ငွေကြေးအင်အား ဖြည့်တင်းချင်နေတာ ဖြစ်ပါတယ်။ အဆိုပါတိုက်စစ်မှူး (၂)ဦးအတွက် ပေါင်သန်း (၃၀)အထိ ရရှိဖို့ မျှော်လင့်နေတယ်လို့ သိရပါတယ်။

play
Photo : Goal

 

- ဘာစီလိုနာအသင်းဟာ ချယ်လ်ဆီးကွင်းလယ်လူ ၀ီလီယံကို ခေါ်ယူလို့ မရရှိခဲ့ပါက နောက်ထပ်ပစ်မှတ်အဖြစ် ဘိုဒေါအသင်းရဲ့ တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ၀ီလီယံကို ဘာစီလိုနာက (၃)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့် အခုထက်ထိ သဘောတူညီမှု မရရှိသေးတာ ဖြစ်ပါတယ်။ မယ်လ်ကွန်ကို ရိုးမားအသင်းက ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သတင်းများ ထွက်ပေါ်နေခဲ့ပေမယ့် ဘာစီလိုနာအသင်းက နောက်ဆုံးအချိန်ထိ ကြိုးစားသွားမယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။

play
Photo : Goal

 

- ယူနိုက်တက်နည်းပြကြီးမော်ရင်ဟိုက အပြောင်းအရွှေ့ဈေးကွက်အတွင်းမှာ လှုပ်ရှားဖို့အတွက် ငွေကြေးပိုမိုသုံးစွဲချင်နေတယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ အသင်းရဲ့ လူစာရင်းဟာ ပြီးပြည့်စုံမှုမရှိသေးဘူးလို့ မော်ရင်ဟိုက ယူဆနေပြီး လက်ရှိအချိန်ထိ ယူနိုက်တက်ဟာ ဒါလော့ နဲ့ ဖရက်ဒ်တို့အတွက် ပေါင်၇၅သန်းသာ အသုံးပြုရသေးတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း မော်ရင်ဟိုက အသင်းရဲ့ ကွင်းလယ်ပိုင်း နဲ့ နောက်တန်းကို အင်အားဖြည့်တင်းချင်နေတာ ဖြစ်ပြီး ငွေကြေးထပ်မံရရှိဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။ -

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD