AD
AD
AD

စီးရီးအေကလပ် ရိုးမားအသင်းဟာ ပြင်သစ်လီဂူးကလပ် ဘိုဒေါအသင်းမှ ဘရာဇီးလ်တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားခဲ့ပြီလို့ BBC ရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ မယ်လ်ကွန်ကို စိတ်ဝင်စားနေတဲ့ ဥရောပထိပ်သီးအသင်းကြီးများစွာ ရှိနေခဲ့ပြီး ရိုးမားအသင်းက လက်ဦးမှု ရယူခဲ့တာလည်း ဖြစ်ပါတယ်။

play

 

အသက် (၂၁)အရွယ် မယ်လ်ကွန်ကို ပရီးမီးယားလိဂ်ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ်၊ အဲဗာတန် နဲ့ တော့တင်ဟမ်အသင်းတို့ကလည်း စိတ်ဝင်စားတဲ့ အရိပ်အယောင်များ ပြသခဲ့ပါတယ်။ ဒါ့အပြင် စီးရီးအေကလပ်အသင်းတစ်ခုဖြစ်တဲ့ အင်တာမီလန်ကလည်း မယ်လ်ကွန်ကို ခေါ်ယူဖို့အတွက် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

play

 

BBC ရဲ့ ရေးသားထားမှုအရ မယ်လ်ကွန်ဟာ ရိုးမားအသင်းကို ပြောင်းရွှေ့ဖို့ ပုဂ္ဂိုလ်ရေးပိုင်းဆိုင်ရာ သဘောတူညီမှု ရရှိသွားခဲ့ပြီး အသင်းနဲ့အတူ ဆေးစစ်ဆေးမှု ခံယူသွားမယ်လို့ သိရပါတယ်။ ဒီသတင်းကို ရိုးမားအသင်းကလည်း တရားဝင်ကြေငြာချက် ထုတ်ပြန်ခဲ့ပြီး ကစားသမားကို ခေါ်ယူနိုင်ခဲ့ပြီလို့ အသင်းရဲ့ တွစ်တာစာမျက်နှာကတဆင့် ဖော်ပြခဲ့ပါတယ်။

play

 

မယ်လ်ကွန်အတွက် ရိုးမားအသင်းဟာ ပေါင် (၃၂)သန်း အသုံးပြုရမယ်လို့ သိရပါတယ်။ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကစားသမား အ၀င်/အထွက် ခပ်ကြမ်းကြမ်း ဖြစ်နေတဲ့ ရိုးမားအသင်းဟာ အသင်းရဲ့ အဓိကကစားသမားများဖြစ်တဲ့ ကွင်းလယ်လူ နိုင်ဂိုလန် နဲ့ ဂိုးသမား အယ်လစ်ဆန်တို့ကို ပြန်လည်ရောင်းချခဲ့ပြီး စုစုပေါင်း ပေါင်၈၈သန်းအထိ ရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

ပီအက်စ်ဂျီကွင်းလယ်လူ ပက်စ်တိုရီ၊ အေဂျက်ဇ်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ကလွိုင်ဗတ်တို့ကို ရိုးမားက ပြန်လည်ခေါ်ယူထားပြီး အခုအခါ ဘိုဒေါအသင်းရဲ့ တောင်ပံကစားသမား မယ်လ်ကွန်ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ ရိုးမားအသင်းဟာ နိုင်ဂိုလန်ရဲ့ အပြောင်းအရွှေ့မှာ ကစားသမား အလိုက်ပေးမှုအဖြစ် နောက်ခံလူ ဆန်တွန် နဲ့ လူငယ်ကစားသမားတစ်ဦးကိုလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD