AD
AD
AD

ဘာစီလိုနာအသင်းရဲ့ကြယ်ပွင့်ကစားသမားဟာ ဘာစီလိုနာအသင်းနဲ့ ကမ်းလှမ်းလာတဲ့ ကလပ်အသင်းတို့ ယူရို ၁၇ သန်းနဲ့ အပြီးသတ် ပြောင်းရွှေ့ဖို့ သဘောတူညီမှုရရှိတာနဲ့ ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ လက်မှတ်ရေးထိုးတော့မယ်လို့ သိရပါတယ်။

play
Photos: Soccerladuma

Football Espana ရဲ့သတင်းအရ ဘာစီလိုနာအသင်းဟာ ကိုလံဘီယာလက်ရွေးစင်နောက်ခံကစားသမား ယယ်ရီမီနာကို အဲဗာတန်အသင်းထံ ရောင်းချဖို့ အလွန်နီးစပ်နေပြီလို့ သိရပြီး ယယ်ရီမီနာဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက ရောက်ရှိခဲ့သူဖြစ်ပါတယ်။

အသက် ၂၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ယယ်ရီမီနာဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ၃ ဂိုးအထိ သွင်းယူခဲ့သူဖြစ်ပြီး ဘာစီလိုနာအသင်းအတွက် ၆ ပွဲသာ ပါဝင်ကစားပေးထားရသေးသူဖြစ်ပါတယ်။ ယယ်ရီမီနာဟာ စပိန်နိုင်ငံ လူနေမှုဘဝမှာ အံဝင်ခွင်ကျဖြစ်အောင် နေနိုင်ဖို့ ဖိအားတွေရှိနေသူဖြစ်ပြီး ပရီးမီးယားလိဂ်ကလပ်အသင်းဖြစ်တဲ့ အဲဗာတန်အသင်းနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီမှု ရရှိခဲ့ပြီးသားဖြစ်တယ်လို့ သိရပါတယ်။

play
Photos: Goal

 

ဘာစီလိုနာအသင်းဟာ စပိန်လက်ရွေးစင်နောက်ခံကစားသမား ဂျရတ်ပီကေး၊ ၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းနဲ့အတူ ကိုင်မြှောက်နိုင်ခဲ့တဲ့ အမ်တီတီတို့ကို အဓိက ပွဲထွက်ခံစစ်အတွဲအဖြစ် ရွေးချယ်ခဲ့ပြီး သောမတ်စ်ဗာမေလန်ကလည်း အရန်သင့်ထည့်သွင်းအသုံးပြုနိုင်တဲ့ကစားသမားဖြစ်ကြောင်း သက်သေပြထားနိုင်သူဖြစ်ပါတယ်။ ဒါ့အပြင် ဆီဗီလာအသင်းက ကလီးမင့်လန်းဂလတ်လည်း ရောက်ရှိနေပြီဖြစ်တာကြောင့် ဘာစီလိုနာအသင်းအနေနဲ့ ယယ်ရီမီနာကို ရောင်းချဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ဘာစီလိုနာအသင်းနဲ့ အဲဗာတန်အသင်းတို့ဟာ အကြမ်းဖျင်းအားဖြင့် ယယ်ရီမီနာအတွက် ပြောင်းရွှေ့ကြေးယူရို ၁၇ သန်းကို သဘောတူညီမှုရရှိခါနီးပြီဖြစ်ပြီး အပြီးသတ်လက်မှတ်ရေးထိုးလိုက်တာနဲ့ ယယ်ရီမီနာရဲ့ အပြောင်းအရွှေ့ကိစ္စဟာ အပြီးသတ်အောင်မြင်သွားတော့မှာဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD