AD
AD
AD

ဘလွန်းဒီအောဆု ရရှိနိုင်ခြေရှိတဲ့ ကစားသမား (၅)ဦးစာရင်းကို ပြင်သစ်နဲ့ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေက ခန့်မှန်းပြောကြားမှု ပြုလုပ်သွားခဲ့ပါတယ်။ ဘာပေရဲ့ ခန့်မှန်းမှုထဲမှာ နာမည်ကျော် ကစားသမားများဖြစ်တဲ့ မက်ဆီ ပါဝင်လာခြင်း မရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် ပြင်သစ်အသင်းတိုက်စစ်ဖော် ဂရစ်မန်းဇ်ကိုလည်း ဘာပေက ထည့်သွင်းခဲ့ခြင်း မရှိပဲ သူ့စိတ်ကြိုက် ကစားသမား (၅)ဦးကို ရွေးချယ်ခဲ့ပါတယ်။

play
Photo : Goal.com

 

ဘာပေဟာ မိုနာကိုအသင်းနဲ့အတူ ၂၀၁၇ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းကို ပေါင်၁၆၆သန်းနဲ့ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ်အသင်း ကမ္ဘာ့ဖလားကို ရရှိရာမှာလည်း ဘာပေက အဓိက ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး သွင်းဂိုး (၄)ဂိုးသွင်းယူနိုင်ခဲ့ကာ အကောင်းဆုံး လူငယ်ကစားသမားဆု ရရှိခဲ့ပါတယ်။

play
Photo : Goal.com

 

ဘလွန်းဒီအောဆုအတွက် France Football ရဲ့ မေးမြန်းမှုမှာ ဘာပေက သူ့ရဲ့ အမြင်ကို ပြောပြခဲ့ပြီး ကစားသမားတွေကို ရွေးချယ်မှု ပြုလုပ်ခဲ့ပါတယ်။ ဘာပေက ပီအက်စ်ဂျီအသင်းဖော် နေမာ၊ ပေါ်တူဂီတိုက်စစ်မှူး ရော်နယ်ဒို၊ ခရိုအေးရှားကွင်းလယ်လူ မိုဒရစ် နဲ့ ပြင်သစ်အသင်းဖော်နောက်ခံလူ ဗာရာနီတို့ကို ရွေးချယ်ခဲ့ပြီး နောက်ဆုံးတစ်ဦးအဖြစ် သူ့ကိုယ်သူ သတ်မှတ်ခဲ့ပါတယ်။

play
Photo : Mirror

 

ရော်နယ်ဒို၊ မိုဒရစ် နဲ့ ဗာရာနီတို့ဟာ ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားကို (၃)နှစ်ဆက် ရရှိရာမှာ အကောင်းဆုံးခြေစွမ်းပြခဲ့သူများ ဖြစ်ပြီး နိုင်ငံအသင်းအတွက်လည်း အရေးပါတဲ့ ကစားသမားများအဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ကစားခဲ့ကြပါတယ်။ နေမာကတော့ ရော်နယ်ဒို နဲ့ မက်ဆီခေတ်လွန် ဘောလုံးလောကကို ကြီးစိုးမယ့် ကစားသမားအဖြစ် ထင်ကြေးပေးခံနေရသူ ဖြစ်ပါတယ်။

play
Photo : Goal.com

 

ဘာပေဟာ မက်ဆီ၊ ဂရစ်မန်းဇ်တို့အပြင် လီဗာပူးလ်အတွက် အကောင်းဆုံးခြေစွမ်းပြခဲ့တဲ့ အီဂျစ်တိုက်စစ်မှူး ဆာလာကိုလည်း ရွေးချယ်ခြင်း မပြုခဲ့ဘဲ ချန်လှပ်ခဲ့ပါတယ်။ ဆာလာဟာ လီဗာပူးလ်အတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၃၂)ဂိုး ရရှိခဲ့ပြီး လီဗာပူးလ်နဲ့အတူ ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်နိုင်ခဲ့သူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD