AD
AD
AD

စီးရီးအေကို တန်းပြန်တက်လာခဲ့တဲ့ ပါးမားအသင်းရဲ့ တိုက်စစ်မှူး အီမန်နျူရယ်ကယ်လိုင်အိုဟာ လုပ်ပွဲကစားခဲ့တဲ့အတွက် (၂)နှစ်ပွဲပယ် ခံခဲ့ရတယ်လို့ သိရပါတယ်။ ပါးမားအသင်းဟာလည်း ရာသီသစ်မစတင်ခင်မှာပဲ ရမှတ် (၅)မှတ် လျှော့ချခံခဲ့ရပြီး ကစားသမားကို ဒဏ်ငွေ ယူရို (၂)သောင်း ပေးချေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

play
Photo : BBC

 

အသက် (၃၆)နှစ်အရွယ် တိုက်စစ်မှူးဟာ Italy's National Federal Court (TFN) ရဲ့ စုံစမ်းစစ်ဆေးမှုတွေ အပြီးမှာ ပြစ်ဒဏ်ကျခံခဲ့ရတာ ဖြစ်ပါတယ်။ မေလ (၁၈) ရက်နေ့က ကစားခဲ့တဲ့ စပီဇီယာအသင်းနဲ့ပွဲစဉ်မတိုင်မီမှာ ကယ်လိုင်အိုဟာ ကလပ်အသင်းဟောင်းက အသင်းဖော်တွေကို လုပ်ပွဲကစားဖို့အတွက် မက်ဆေ့ခ်ျရေးသားပေးပို့ခဲ့တယ်လို့ သိရပါတယ်။

 

စပီဇီယာအသင်းကနေ ပါးမားအသင်းကို ၂၀၁၆ ခုနှစ်က ပြောင်းရွှေ့ခဲ့တဲ့ ကယ်လိုင်အိုဟာ WhatApp ကနေတဆင့် ပေးပို့ခဲ့တာ ဖြစ်ပြီး ကယ်လိုင်အိုဟာ အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ဖိလစ်ပိုဒီကိုလ် နဲ့ ကလော်ဒီယိုတာဇီတို့ကို ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ ပါးမားအသင်းကတော့ ဒီကိစ္စမှာ အသင်းအနေနဲ့ တစ်စုံတစ်ရာ အပြစ်ကျူးလွန်ခဲ့ခြင်း မရှိဘူးလို့ အခိုင်အမာ ပြောကြားခဲ့ပေမယ့်လည်း ရမှတ်လျှော့ ပြစ်ဒဏ် ကျခံခဲ့ရပါတယ်။

play
Photo : BBC

 

ဒါပေမယ့်လည်း TFN က ကယ်လိုင်အိုဟာ ပြိုင်ဘက်ကစားသမားတွေကို အာရုံစူးစိုက်မှု နည်းပါးအောင် ပြုမူခဲ့တယ်လို့ ဆုံးဖြတ်ခဲ့ပြီးနောက် အရေးယူဖို့အတွက် ဆုံးဖြတ်ခဲ့တာလည်း ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ပါးမားအတွက်တော့ နစ်နာမှု ကြီးကြီးမားမား ဖြစ်ခဲ့ရပါတယ်။

 

ဘဏ္ဍာရေးပြသနာတွေကြောင့် အီတလီလိဂ်ပြိုင်ပွဲ စီးရီးဒီအထိ တန်းဆင်းသွားခဲ့ရတဲ့ နာမည်ကျော်ပါးမားအသင်းဟာ စီးရီးအေကို တန်းပြန်တက်လာဖို့ (၄)နှစ်ကြာ ကြိုးပမ်းခဲ့ပြီးနောက် အောင်မြင်မှု ရရှိခဲ့တာ ဖြစ်ပါတယ်။ စပီဇီယာအသင်းကို အနိုင်ရရှိခဲ့မှုဟာ စီးရီးအေကို တန်းပြန်တက်ခွင့် ရရှိဖို့ လုံလောက်တဲ့ အနေအထားကို ပိုင်ဆိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : BBC

 

ဒါပေမယ့်လည်း ကစားသမားဖြစ်သူရဲ့ အရှုပ်တော်ပုံကြောင့် ပါးမားအသင်းဟာ ပြိုင်ပွဲမစခင်မှာပဲ ရမှတ်လျှော့ခံခဲ့ရပြီး ကစားရတော့မှာ ဖြစ်ပါတယ်။ နာမည်ကျော် ကစားသမား အများအပြားကို မွေးထုတ်ပျိုးထောင်ပေးနိုင်ခဲ့တဲ့ အီတလီကလပ် ပါးမားအသင်းဟာ ဥရောပအဆင့်အထိ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့်လည်း ဘဏ္ဍာရေးဟန်ချက် မညီမျှမှုကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ အသင်းဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD