AD
AD
AD

၁၉၉၆ ခုနှစ်နောက်ပိုင်း ချန်ပီယံလိဂ်ဆုဖလားနဲ့ ဝေးကွာနေတဲ့ ဂျူဗင်တပ်စ်အသင်းကို ရော်နယ်ဒိုက အောင်မြင်မှုများ ရရှိအောင် စွမ်းဆောင်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ဂျူဗင်တပ်စ်ကစားသမားဟောင်း ပီယာလိုက ပြောကြားလိုက်ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ရောမမှာကစားခဲ့တဲ့ အေဂျက်ဇ်ကို အနိုင်ရရှိခဲ့တဲ့နောက်ပိုင်း ချန်ပီယံလိဂ်မှာ မအောင်မြင်တော့တာ ဖြစ်ပါတယ်။

play
Photo : Goal.com

 

၂၀၁၅ ခုနှစ် နဲ့ ၂၀၁၇ ခုနှစ်တို့မှာ ဂျူဗင်တပ်စ်အသင်းဟာ ဗိုလ်လုပွဲတက်ရောက်နိုင်ခဲ့ပေမယ့်လည်း ဘာစီလိုနာနဲ့ရီးရဲလ်မက်ဒရစ်တို့ကို အရေးနိမ့်ခဲ့ပြီး ဆုဖလားနဲ့ ဝေးကွာနေခဲ့ပါတယ်။ ဒါပေမယ့်လည်း ရော်နယ်ဒို အသင်းကို ရောက်ရှိလာပြီးနောက်မှာ ဘလွန်းဒီအော (၅)ကြိမ် ရရှိထားတဲ့ ကစားသမားဟာ ဂျူဗင်တပ်စ်ကို အောင်မြင်မှုတွေ ရယူပေးနိုင်မယ့် မျှော်လင့်ချက်ဖြစ်လာခဲ့ပါတယ်။

play
Photo : Goal.com

 

"သူက အသင်းကို မတူညီမှုတွေ သယ်ဆောင်လာပေးနိုင်မှာပါ၊ ချန်ပီယံတစ်ယောက် ဂျူဗီနဲ့ လာရောက်ပူးပေါင်းတဲ့အတွက် ၀မ်းသာပျော်ရွှင်ရပါတယ်၊ ဒီလိုကစားသမားမျိုးမရှိပဲနဲ့တော့ ချန်ပီယံလိဂ်ဖလားကို မရရှိနိုင်ပါဘူး၊ ဒါပေမယ့် ပိုင်ဆိုင်ခဲ့ပြီဆိုရင်တော့ ဆုဖလားရရှိဖို့ နီးစပ်လာပါပြီ၊ သူက ဂျူဗီကို ချန်ပီယံလိဂ်အောင်မြင်မှု ရရှိအောင် ကူညီပေးနိုင်မှာပါ"

play
Photo : Goal.com

 

"ထိပ်တန်းကစားသမားတစ်ယောက်ဖြစ်တဲ့ ရော်နယ်ဒိုဟာ ဂျူဗီမှာ အကောင်းဆုံးနဲ့အလှပဆုံး စွမ်းဆောင်ပြနိုင်ပါလိမ့်မယ်"လို့ ပီယာလိုက ပြောကြားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ရီးရဲလ်မက်ဒရစ်နဲ့ မကြာခဏဆိုသလို ရင်ဆိုင်နေခဲ့ရပြီး ရော်နယ်ဒိုရဲ့ ခြေစွမ်းပြသွင်းဂိုးတွေနဲ့ ရှုံးနိမ့်ခဲ့ရတာ ဖြစ်ပါတယ်။

play
Photo : Goal.com

 

ကာဒစ်မှာ ကျင်းပခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာလည်း ရော်နယ်ဒိုရဲ့ ခြေစွမ်းပြသမှုတွေကြောင့် အရေးနိမ့်ခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဆီမီးဖိုင်နယ်အဆင့်မှာ ရော်နယ်ဒိုရဲ့ လှပတဲ့ နောက်ပြန်ကန်ချက်သွင်းဂိုးကို ခွင့်ပြုခဲ့ရပါတယ်။ ဘာနေဗျူးမှာ ကစားခဲ့တဲ့ ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာလည်း ရော်နယ်ဒိုရဲ့ ပယ်နယ်တီသွင်းဂိုးကြောင့် ဂျူဗင်တပ်စ်အသင်း ပြိုင်ပွဲက ထွက်ခွာခဲ့ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD