AD
AD
AD

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ဝါရင့်ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ၎င်းရဲ့အေးဂျင့်ဟာ ဘိုင်ယန်မြူးနစ်အသင်းကနေ ပြောင်းရွှေ့ဖို့အတွက် ဂျာမနီနိုင်ငံကို ထွက်ခွာသွားတယ်လို့ ချီလီနိုင်ငံက သတင်းတွေအရ သိရပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းဟာ ယခုနွေရာသီမှာ ရှော်ကေးအသင်းကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့်ရရှိထားတဲ့ လီယွန်ဂေါ်ရက်စကာကို ခေါ်ယူခဲ့ပြီး ရီနာတိုဆန်းချက်စ်ကိုလည်း အသင်းရဲ့လူစာရင်းမှာ ပြန်လည်ထည့်သွင်းခဲ့တာကြောင့် အာတူရိုဗီဒယ်က မိမိဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်မှာ အပိုဖြစ်နေပြီလို့ စဉ်းစားနေကြောင်း သိရပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ရာသီကြိုပွဲစဉ်တွေ ယှဉ်ပြိုင်ကစားမယ့် ကစားသမား ၂၅ ဦးကို တနင်္လာနေ့က အမေရိကန်နိုင်ငံကို ပို့ဆောင်ခဲ့ပြီး ယင်းလူစာရင်းမှာ အာတူရိုဗီဒယ်ကို အံ့အားသင့်ဖွယ် ချန်လှပ်ထားခဲ့တာဖြစ်ပါတယ်။

play

 

ဘိုင်ယန်မြူးနစ်အသင်းက အာတူရိုဗီဒယ်ကို ချန်လှပ်ခဲ့ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဗီဒယ်ရဲ့ဒဏ်ရာဟာ ပြန်လည်သက်သာနေဆဲဖြစ်တယ်လို့ ဖြေရှင်းခဲ့ပေမယ့် အာတူရိုဗီဒယ်က ၎င်းရဲ့အင်စတာဂရမ်အကောင့်မှာ 'ကျွန်တော်တို့ ၁၀၀ ရာခိုင်နှုန်းအဆင်သင့်ဖြစ်နေပါပြီ'လို့ ရုပ်ပြောင်ပုံလေးနဲ့ ရေးသားခဲ့ပါတယ်။

ချီလီသတင်းစာတစ်ခုဖြစ်တဲ့ El Mercurio ရဲ့သတင်းအရ ဗီဒယ်ရဲ့အေးဂျင့်ဖြစ်တဲ့ ဖာနန်ဒိုဖယ်လီစီဗစ်ခ်ျဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ အပြောင်းအရွှေ့ကိစ္စဆွေးနွေးဖို့အတွက် မြူးနစ်ကို လေယာဉ်နဲ့ထွက်ခွာခဲ့တယ်လို့ သိရပါတယ်။ ဗီဒယ်ဟာ အေးဂျင့် ဖယ်လီစီဗစ်ခ်ျ လေဆိပ်ကို ရောက်ရှိလာတဲ့ပုံကို အင်စတာဂရမ်စတိုရီမှာ တင်ခဲ့ပြီး အေးဂျင့်ဖယ်လီစီဗစ်ခ်ျဟာ အာတူရိုဗီဒယ်ကို စိတ်ဝင်စားနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်တာမီလန်အသင်းတို့ကို ပြောင်းရွှေ့ခွင့်ပေးဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးသွားမှာဖြစ်ပါတယ်။

play

 

အင်တာမီလန်အသင်းဟာ ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကစားသမားဝယ်ယူဖို့ထက်အရင် ရောင်းချရဖို့ရှိနေပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုဟာ ဗီဒယ်ကို ယခင်ကတည်းက နှစ်သက်နေသူဖြစ်တာကြောင့် မန်ယူအသင်းကို ရောက်ရှိဖို့ ပိုမိုနီးစပ်နေတာဖြစ်ပါတယယ်။

အေးဂျင့်ဖီလီစီဗစ်ခ်ျဟာ အလက်ဆစ်ဆန်းချက်ဇ် အာဆင်နယ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့ဖို့ကိစ္စမှာလည်း ကြားပွဲစားဝင်လုပ်ပေးခဲ့သူဖြစ်ပြီး မန်ယူအသင်းရဲ့တောင်ပံကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကလည်း လက်ရွေးစင်အသင်းဖော်နဲ့ ပြန်လည်ဆုံစည်းဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ အာတူရိုဗီဒယ်ရဲ့ပြောင်းရွှေ့ကြေးဟာ ပေါင် ၂၆ သန်းဝန်းကျင်ခန့်ရှိမယ်လို့ မျှော်လင့်ရပြီး အသက် ၃၁ နှစ်အရွယ်ကွင်းလယ်ကစားသမား အာတူရိုဗီဒယ်ဟာ မန်ယူအသင်းအတွက် အနည်းဆုံး ၂ နှစ်ခန့် ပုံစံကောင်းပြသနိုင်မယ်လို့ ယုံကြည်ရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD