AD
AD
AD

ဘာစီလိုနာအသင်းဟာ ဘော်ဒိုးကစားသမား မယ်လ်ကွန်ကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ Goal.com က ဖော်ပြခဲ့ပါတယ်။ မယ်လ်ကွန်ကို စီးရီးအေကလပ် ရိုးမားအသင်းက ခေါ်ယူဖို့အတွက် ပြောင်းရွှေ့ကြေးသဘောတူညီမှု ရရှိခဲ့ပေမယ့်လည်း ဘာစီလိုနာအသင်းက ကြားဖြတ်ကမ်းလှမ်းမှု ပြုလုပ်ခဲ့တာ ဖြစ်ပြီး အရခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

play
Photo : WT News

 

အသက် (၂၁)နှစ်အရွယ် ဘရာဇီးလ်တောင်ပံကစားသမားအတွက် ဘာစီလိုနာအသင်းဟာ ပေါင် (၃၆.၅)သန်းအထိ သုံးစွဲခဲ့ရပါတယ်။ တနင်္လာနေ့မှာ မယ်လ်ကွန်ကို ခေါ်ယူဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီလို့ ရိုးမားအသင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပေမယ့်လည်း ဘာစီလိုနာရဲ့ ကြားဖြတ်ဝင်လာမှုမှာတော့ ရိုးမားအသင်း နောက်ကောက်ကျခံရပါတယ်။

 

"ဘာစီလိုနာအသင်းအသင်း နဲ့ ဘော်ဒိုးအသင်းတို့ဟာ မယ်လ်ကွန်ဖိလစ်ပီဆေးဗားလ်အတွက် သဘောတူညီမှု ရရှိခဲ့ပါပြီ၊ ဒီပြောင်းရွှေ့မှုမှာ ယူရို ၄၁သန်းအထိ တန်ဖိုးရှိပါတယ်" လို့ ဘာစီလိုနာအသင်းက သူတို့ရဲ့ ၀က်ဘ်ဆိုက်ကနေ အတည်ပြု ကြေငြာခဲ့ပါတယ်။ "ကစားသမားဟာ အသင်းနဲ့ (၅)နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုမှာဖြစ်ပြီး ၂၀၂၂-၂၃ ဘောလုံးရာသီအထိ အသင်းမှာ ရှိနေမှာပါ" လို့လည်း ဖော်ပြခဲ့ပါတယ်။

play
Photo : jqknews

 

မယ်လ်ကွန်ဟာ ဘော်ဒိုးအသင်းကို အသက် (၁၈)နှစ်အရွယ်ကတည်းက ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ဘရာဇီးလ်ကလပ် ကိုရင်သီယန်အသင်းကနေ ဥရောပကို ပြောင်းရွှေ့ခြေဆန့်ခဲ့သူ ဖြစ်ပါတယ်။ ပြင်သစ်ကလပ်အသင်းအတွက် ပြိုင်ပွဲစုံ (၉၆)ပွဲ ကစားခဲ့ပြီး (၂၃)ဂိုးအထိ သွင်းယူပေးနိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

play
Photo : Breaking 112

 

ထွန်းတောက်လာမယ့် လူငယ်ကစားသမားတွေထဲက တစ်ဦးလို့ သတ်မှတ်ခံထားရတဲ့ မယ်လ်ကွန်ကို ဘာစီလိုနာအသင်းက အမိအရ ဆွဲဆောင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာဟာ ဒီနှစ်ဘောလုံးရာသီ အပြောင်းအရွှေ့မှာ အာသာ၊ လန်ဂ်လက်တို့ကို ခေါ်ယူထားတာကြောင့် မယ်လ်ကွန်ဟာ ဘာစီလိုနာအတွက် (၃)ဦးမြောက် ခေါ်ယူခဲ့တဲ့ ကစားသမားဖြစ်လာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD