AD
AD
AD

ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။

 

- ရီးရဲလ်မက်ဒရစ်အသင်းဟာ စပါးအသင်းရဲ့ ဂိုးသမား လိုရစ်ကို ပေါင်သန်း (၆၀)နဲ့ ခေါ်ယူဖို့ ကမ်းလှမ်းလိုက်တယ်လို့ သိရပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ ထိပ်တန်းဂိုးသမားတစ်ဦးကို အရခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ရဲ့ နောက်ထပ်ကြိုးပမ်းမှု တစ်ခုဖြစ်ပြီး ကော်တွိုက်စ်ကို ခေါ်ယူဖို့အတွက် မအောင်မြင်ခဲ့လို့ လိုရစ်ဘက်ကို မြှားဦးလှည့်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ လိုရစ်ကတော့ စပါးနဲ့ စာချုပ်သက်တမ်း (၄)နှစ်အထိ ကျန်ရှိသေးတာ ဖြစ်ပါတယ်။

play
Photo : Goal.com

 

- ဘာစီလိုနာအသင်းရဲ့ တောင်ပံကစားသမား ဒမ်ဘီလီဟာ နူးကမ့်က ထွက်ခွာချင်နေတယ်လို့ Cadena Cope က ဖော်ပြခဲ့ပါတယ်။ ပြင်သစ်လက်ရွေးဟင် ကစားသမားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ ဒေါ့မွန်အသင်းက ပြောင်းရွှေ့ခဲ့တာ ဖြစ်ပြီး ပုံမှန်ခြေစွမ်းပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသူ ဖြစ်ပါတယ်။ မယ်လ်ကွန်ကို ဘာစီလိုနာက ခေါ်ယူပြီးနောက်မှာတော့ ဒမ်ဘီလီဟာ အသင်းက ထွက်ခွာဖို့အတွက် ဆန္ဒရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

play
Photo : Goal.com

 

- ပီအက်စ်ဂျီအသင်းရဲ့ ၀ါရင့်တိုက်စစ်မှူး ကာဗာနီဟာ ရီးရဲလ်မက်ဒရစ်ရဲ့ စိတ်ဝင်စားခြင်းကို ရရှိနေတယ်လို့ Radio Marca က ဖော်ပြလိုက်ပါတယ်။ ဥရုဂွေး လက်ရွေးစင်ကစားသမားရဲ့ ဂိုးသွင်းစွမ်းရည်ကို ရီးရဲလ်က အထင်ကြီးနေပြီး ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖြည့်တင်းဖို့ သင့်တော်တယ်လို့ ယူဆနေတာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ အခြားကစားသမားတွေဖြစ်တဲ့ နေမာ နဲ့ ဘာပေတို့ကိုလည်း ရီးရဲလ်က စိတ်ဝင်စားနေတဲ့ အရိပ်အယောင်ပြသခဲ့ဖူးပါတယ်။

play
Photo : Goal.com

 

- ချယ်လ်ဆီးကစားသမား ၀ီလီယံကို အရခေါ်ယူနိုင်ဖို့အတွက် ယူနိုက်တက်နည်းပြမော်ရင်ဟိုဟာ ချယ်လ်ဆီးအသင်းတောင်းဆိုတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေဖို့ ဆန္ဒရှိနေတယ်လို့ Mundo Deportivo က ဖော်ပြခဲ့ပါတယ်။ ၀ီလီယံကို ဘာစီလိုနာက  (၃)ကြိမ်တိုင်တိုင် ကမ်းလှမ်းခဲ့ပေမယ့်လည်း မယ်လ်ကွန်ကို အရခေါ်ယူပြီးနောက်မှာ ၀ီလီယံ နဲ့ ဘာစီလိုနာတို့ရဲ့ ဇာတ်လမ်းဟာ ပြီးဆုံးလုနီးနီး ဖြစ်လာခဲ့ပါတယ်။ ဒီအခွင့်အရေးကို အရယူဖို့အတွက် မော်ရင်ဟိုက ၀ီလီယံအတွက် ကြိုးစားချင်နေတာ ဖြစ်ပါတယ်။

play
Photo : Goal.com

 

- လေဗာကူဆင်အသင်းရဲ့ တိုက်စစ်မှူး ဘိုင်လီဟာ လန်ဒန်ကလပ်အသင်းတွေဖြစ်တဲ့ အာဆင်နယ် နဲ့ ချယ်လ်ဆီးတို့ကို ပြောင်းရွှေ့ဖို့ အရိပ်အမြွက်ပြသခဲ့တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ ပရီးမီးယားလိဂ်ကို ခြေချနေတဲ့ ဘွန်ဒက်လီဂါတိုက်စစ်မှူးဟာ လန်ဒန်ကလပ်တွေကို ပြောင်းရွှေ့ချင်နေပြီး လေဗာကူဆင်အသင်းက သူတို့တိုက်စစ်မှူးအတွက် ပေါင်သန်း (၄၀)သတ်မှတ်ထားတယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD