AD
AD
AD

၂၀၁၇-၁၈ ဘောလုံးရာသီအတွက် ဖီဖာကမ္ဘာ့အကောင်းဆုံးဆု ဆန်ခါတင်စာရင်း ထွက်ပေါ်လာခဲ့ပြီ ဖြစ်ပါတယ်။ ဒီစာရင်းမှာ ကစားသမား စုစုပေါင်း (၁၀)ဦးအထိ ပါဝင်ခဲ့ပြီးတော့ ရီးရဲလ်မက်ဒရစ်ကစားသမား (၃)ဦး ပါဝင်ခဲ့ကာ ဆန်ခါတင်စာရင်းမှာ ရီးရဲလ်မက်ဒရစ်က လွှမ်း မိုးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play

 

ရော်နယ်ဒို၊ လူကာမိုဒရစ် နဲ့ ဗာရာနီတို့ဟာ ဆန်ခါတင်အဆင့်မှာ ပါဝင်လာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလား (၃)နှစ်ဆက်တိုက် ရရှိမှုမှာ အဓိကနေရာက ပါဝင်ခဲ့တဲ့ ကစားသမားတွေဖြစ်ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီ နဲ့ အက်သလက်တီကို တိုက်စစ်မှူး ဂရစ်မန်းဇ်တို့လည်း ပါဝင်ခဲ့ပြီး လာလီဂါ ကစားသမား (၅)ဦး ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

play

 

မက်ဆီကတော့ ဘာစီလိုနာနဲ့အတူ ပြည်တွင်းဖလား (၂)လုံး အရယူနိုင်ခဲ့သူ ဖြစ်ပြီး ဂရစ်မန်းဇ်ကတော့ အက်သလက်တီကိုအသင်း ယူရိုပါလိဂ်ဖလား ရရှိမှုမှာ အဓိကအခန်းကဏ္ဍက ပါဝင်လာခဲ့သူ ဖြစ်ပါတယ်။ ဒီဆန်ခါတင်စာရင်းမှာ ထူးခြားချက်အနေနဲ့ စပိန်ကစားသမား တစ်ဦးမှ ပါဝင်လာခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။

play

 

ပရီးမီးယားလိဂ်ကစားသမားတွေဖြစ်တဲ့ ဒီဘရိုင်း၊ ဟယ်ရီကိန်း၊ ဆာလာ နဲ့ ဟာဇက်တို့လည်း ပါဝင်ခဲ့ပြီး လာလီဂါကစားသမားတွေပြီးရင် ပရီးမီးယားလိဂ်ကစားသမားတွေက ဒုတိယအများဆုံးပါဝင်လာခဲ့ပါတယ်။ နောက်ဆုံးတစ်ဦးကတော့ ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီ အသင်းရဲ့ တိုက်စစ်မှူး ဘာပေ ပါဝင်လာခဲ့ပါတယ်။ ဒါဟာ ဘွန်ဒက်လီဂါ နဲ့ စီးရီးအေတို့က ကစားသမားတွေ တစ်ဦးမှ ပါဝင်လာခြင်း မရှိတာ ဖြစ်ပါတယ်။

play

 

အကြီးမားဆုံးလွဲချော်မှုအဖြစ် ဘရာဇီးလ်တိုက်စစ်မှူးနေမာဟာ ဆန်ခါတင်စာရင်းမှာတောင် ပါဝင်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီအသင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်နေခဲ့ရတဲ့ နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အကောင်းဆုံးခြေစွမ်းတွေ ပြသနိုင်ခြင်း မရှိခဲ့တာကြောင့် လွဲချော်ခဲ့ရတာ ဖြစ်ပါတယ်။ လက်ရှိမှာ အဆိုပါဆုကို နောက်ဆုံးရရှိထားသူကတော့ ဂျူဗင်တပ်စ်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ရီးရဲလ်တိုက်စစ်မှူးဟောင်း ရော်နယ်ဒို ဖြစ်ပါတယ်။

play

ဒီဆုဟာ ဖီဖာက ကြီးမှူးကျင်းပတဲ့ ကမ္ဘာ့အကောင်းဆုံးကစားသမားဆု ဖြစ်ပါတယ်။ ဆန်ခါတင်ရွေးချယ်မှုမှာ နာမည်ကျော် အမျိုးသား/အမျိုးသမီး ဘောလုံးသမားဟောင်းများက ရွေးချယ်ခဲ့ကြသလို နာမည်ကျော်နည်းပြတွေလည်း ပါဝင်ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ဆန်ခါတင် အရေအတွက်မှာ ယခင်နှစ်များကထက် လျော့နည်းနေခဲ့ပြီး (၁၀)ဦးသာ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

 

Fifa The Best Men's ဆုအတွက် ၂၀၁၇၊ ဇူလိုင် (၃) ရက်ကနေ ၂၀၁၈၊ ဇူလိုင် (၁၅)ရက်နေ့အတွင်း အကျုံးဝင် ရက်များအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အဖြစ် ကစားသမား (၃)ဦးကို ပြန်လည်ရွေးချယ်မှာဖြစ်ပြီး ဇူလိုင် (၂၄) ရက်ကနေ သြဂုတ်လ (၁၀)ရက်နေ့အတွင်းမှာ မဲပေးရမှာ ဖြစ်ပါတယ်။

 

 မဲပေးဖို့အတွက် ဂျာနယ်လစ်များ၊ ပရိသတ်များ၊ နိုင်ငံအသင်းနည်းပြများနဲ့ အသင်းခေါင်းဆောင်များက မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဆန္ဒမဲအများဆုံး ရရှိတဲ့ ကစားသမားကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရွေးချယ်ပြီး စက်တင်ဘာ (၂၄ရက်နေ့၊ လန်ဒန်မြို့မှာ ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD