AD
AD
AD

အဆိုပါ ကစားသမား ၃ ဦးစလုံးက ထူးခြားစွာပဲ ကမ္ဘာ့ဖလားနဲ့အတူ တစ်နှစ်တည်းရတဲ့ ချန်ပီယံလိဂ်ဆုဖလားဟာ ရီးရဲနဲ့အတူ ရရှိထားကြတာ ဖြစ်ပါတယ်။

play
Photo - GMS

 

နောက်ဆုံး ၁၀ နှစ်မှာ ဘလွန်းဒီအော ကမ္ဘာ့အကောင်းဆုံးကို တစ်ဦးကို ၅ ကြိမ်စီ ရယူထားကြတဲ့ ရော်နယ်ဒိုနဲ့ မက်ဆီတို့ထက် နှာတစ်ဖျားသာ တဲ့ ကစားသမား ၃ ဦးကို ရှာဖွေတွေ့ရှိခဲ့ပါပြီ။

 

ရော်နယ်ဒိုဆိုရင် ဒီနှစ်မှာ ရီးရဲနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ၃ နှစ်ဆက်ရယူနိုင်ခဲ့သလို ဆုဖလား စုစုပေါင်း ၄ ခုရယူထားနိုင်ပါတယ်။ မက်ဆီ ကလည်း ဒီနှစ်မှာ ဘာစီလိုနာအသင်းနဲ့အတူ ပြည်တွင်းလိဂ် ဆုဖလား ၂ ခုကို ရယူထားနိုင်ခဲ့ပါတယ်။

play
Photo - Getty Images

 

ဒါ့အပြင် နှစ်ဦးသား စံချိန်တွေကိုယ်စီ ချိုးထားပေမယ့် ၎င်းတို့ နှစ်ဦးစလုံး မစွမ်းဆောင်ထားနိုင်တဲ့ စံချိန်တစ်ခုကလည်း ရှိနေပြန်ပါတယ်။ အဲ့ဒါ ကတော့ ချန်ပီယံလိဂ်ဆုဖလားနဲ့ ကမ္ဘာ့ဖလားဆုဖလားကို တစ်နှစ်တည်းရယူနိုင်တာ ဖြစ်ပါတယ်။

ဒီလို ချန်ပီယံလိဂ် ဆုဖလား ရတဲ့နှစ်မှာကမ္ဘာ့ဖလားပါ ရယူနိုင်တဲ့ ကစားသမားကတော့ ကမ္ဘာမှာ ၃ ဦးသာရှိထားပြီး ၎င်းတို့ကတော့ ဘရာဇီး က ရော်ဘတ်တို ကားလို့စ်၊ဂျာမနီက ခီဒီယာာနဲ့ ပြင်သစ်က ဗာရနီတို့ပဲ ဖြစ်ပါတယ်။

play
Photo - Marca

 

ရော်ဘတ်တိုကားလို့စ်ကတော့ ၂၀၀၁-၀၂ ခုနှစ်တုန်းက ရီးရဲအသင်းမှာ နည်းပြ ဒဲလ်ဘောာ့စကေး ဦးဆောင်မှုနဲ့ ဥရောပ ချန်ပီယံလိဂ်ဆုဖလား ကြီးကို ရယူနိုင်ခဲ့ပါတယ်။ တစ်ဆက်တည်းမှာပဲ ၂၀၀၂ ခုနှစ်မှာ ကျင်းပတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း ဘရာဇီးအသင်းက ချန်ပီယံဖြစ်ပြီး ပထမ ဆုံးသော ချန်ပီယံလိဂ်နဲ့ကမ္ဘာ့ဖလားကို ပူးတွဲရရှိခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဒုတိယမြောက်ကစားသမားကတေ့ ဂျာမနီက ခီဒီယာဖြစ်ပြီး ၂၀၁၃-၁၄ ခုနှစ်က ရီးရဲအသင်း ဥရောပ ချန်ပီယံလိဂ်ဆုဖလား ရရှိခဲ့စဉ်က ပါဝင်ခဲ့ သလို ဘရာဇီးမှာ ကျင်းပတဲ့ ၂၀၁၄ ကမ္ဘာ့ဖလားမှာလည်း ချန်ပီယံ ဂျာမနီအသင်းနဲ့အတူ ပါဝင်ခဲ့ပြီး ချန်ပီယံလိဂ်ရော ကမ္ဘာ့ဖလားရော တစ်နှစ် တည်းမှာ ရရှိခဲ့ပြန်ပါတယ်။

play
Photo - Reddit

 

နောက်ဆုံး တစ်ယောက်ကတော့ အခု လောလောလတ်လတ် ကမ္ဘာ့ဖလားရရှိသွားတဲ့ ပြင်သစ်အသင်းက နောက်ခံလူ ဗာရနီ ဖြစ်ပါတယ်။ သူ ကလည်း ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီမှာ ရီးရဲနဲ့ပဲ ချန်ပီယံလိဂ် ဖလားကို ၃ နှစ်ဆက် အဖြစ် ရယူထားပြီး ကမ္ဘာ့ဖလားကိုပါ ပြင်သစ်နဲ့ ရ ယူနိုင်ခဲ့ပြန်တာပါ။

ဒီ ၃ ယောက်စလုံးမှာ ထူးခြားတာကတော့ ၃ ဦးစလုံးက ရီးရဲ မက်ဒရစ်အသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလားရရှိပြီး ကမ္ဘာ့ဖလားကိုပါ ရယူနိုင်ခဲ့ကြ တာ ဖြစ်ပါတယ်။

ဒီလိုစံချိန်မျိုးကိုတော့ ရော်နယ်ဒိုနဲ့မက်ဆီ ချိုးဖျက်ပြနိုင်ဖို့ အင်မတန်မှ ခက်ခဲသွားခဲ့ပြီ ဖြစ်ပြီး လက်ရှိမှာရော်နယ်ဒိုက ဂျူဗင်တပ်အသင်း၊မက် ဆီက ဘာစီလိုနာအသင်းတို့မှာ ကစားနေပြီး ၎င်းတို့နှစ်ဦးရဲ့ မိခင်နိုင်ငံတွေကတော့ ကမ္ဘာ့ဖလားရဖို့ ရုန်းကန်နေရဆဲ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD