AD
AD
AD

လက်ရှိကော်စတာရီကာ ဂိုးသမား နာဗက်နေရာမှာ အစားထိုးနိုင်ရေး ရည်ရွယ်ထားကာ စပါးက လိုရစ်ကိုလည်း စောင့်ကြည့် နေတယ်လို့ သိရပါ တယ်။

play
Photo - Daily Mail

 

ရီးရဲမက်ဒရစ်အသင်းဟာ ချဲလ်ဆီးအသင်းက ဘယ်လ်ဂျီယံ ဂိုးသမား ကော်တိုရစ်ကို ခေါ်ယူနိုင်ရေး ကြိုးပမ်းနေတာ ဖြစ်ပြီး ယခုအခါ ကစားသ မားနဲ့ သဘောတူညီမှု ရရှိခဲ့ပါပြီ။

 

အဆိုပါ ဂိုးသမားကို ရီးရဲအသင်းက အသင်းမှာ ရှိနေတဲ့ ကော်စတာရီကာ ဂိုးသမား ကိုင်လီနာဗက်စ်နေရာမှာ အစားထိုးဖို့ ရည်ရွယ်တာ ဖြစ်ပြီး အခြားတစ်ဦးအဖြစ် စပါးမှ ဟူဂိုလိုရစ်ကိုလည်း စောင့်ကြည့်နေပါသေးတယ်။

play
Photo - Daily Mail

 

ဒါပေမယ့်လည်း ရီးရဲရဲ့ အဓိက ပစ်မှတ်က ကော်တိုရစ်ဖြစ်တာကြောင့် နောက်ဆုံးအဆင့် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့သာ ကျန်တော့တာ ဖြစ်ပါ တယ်။

ရီးရဲဖက်က ခေါ်ယူနိုင်ရေး ကြိုးပမ်းနေပေမယ့်လည်း နှစ်သင်းကြား မည်သည့် သဘောတူညီမှုမှ ပြုလုပ်ထားရခြင်းတော့ မရှိပါဘူး။ အခုတစ် ကြိမ်မှ ကော်တိုရစ် ရီးရဲ မရောက်ဘူးဆိုရင်တော့ ရီးရဲက သူ့ကိုစောင့်နေမှာ မဟုတ်ပဲ စပါးက လိုရစ်ကိုသာ ခေါ်သွားတော့မယ်လို့လည်း သိရ ပါတယ်။

play
Photo - Daily Mail

 

တစ်ခုရှိတာကတော့ စပါးအသင်းကလည်း ကမ္ဘာ့ချန်ပီယံ ပြင်သစ်အသင်းခေါင်းဆောင် လိုရစ်အတွက် ဘယ်လို ကမ်းလှမ်းမှုမျိုးကိုမှ လက်ခံ ဖွယ်မရှိတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် အပြောင်းအရွှေ့ရာသီ မကုန်ခင် ကော်တိုရစ်ကို ရီးရဲ ခေါ်ယူနိုင်မလား၊ နောက်ဆုံးပိတ်အပြောင်းအရွှေ့ ညှိုနှိုင်းမှုက အဆင်ပြေပါ့ မ လားဆိုတာ စိတ်ဝင်စားဖို့ ကောင်းနေပါတယ်။

ရီးရဲကတော့ အသင်းရဲ့ ကြယ်ပွင့်ကစားသမား ရော်နယ်ဒိုကို လက်လွှတ်ထားရလို့ ချဲလ်ဆီးက ဟာဇက်ကို ခေါ်ယူနိုင်ရေး ကြိုးစားနေသေးပြီး သဘောတူညီချက်တော့ မရသေးပါဘူး။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD