AD
AD
AD

AZ အယ်လ်ခမာအသင်းနဲ့အတူ ဒတ်ခ်ျလိဂ်မှာ မနှစ်က ဂိုးအများဆုံးသွင်းယူနိုင်ခဲ့သူ ဖြစ်ပြီး အီရန်အသင်းနဲ့အတူ ၂၀၁၈ ကမ္ဘာ့ပြိုင်ပွဲ ကို ပွဲတိုင်း ပွဲထွက်ကစားခဲ့သူ ဖြစ်ပါတယ်။

play
Photo - squawka

 

၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးအပြီးမှာတော့ ကမ္ဘာပေါ်က ပုံမှန်ကျင်းပနေကျ ဥရောပတခွင်မှ လိဂ်ပြိုင်ပွဲတွေ စတင်ဖို့ ပြန်လည် နီးစပ်လာခဲ့ပြန် ပါပြီ။

ဒီအချိန်မှာတော့ ကမ္ဘာပေါ်က ပရိသတ် စိတ်ဝင်စားမှု အမြင့်ဆုံးလို့ ပြောရမယ့် အင်္ဂလန် ပရီးမီးယားလိဂ်က ပြိုင်ပွဲဝင် အသင်း (၂၀)ဟာဆိုရင် လည်း ကိုယ်စီ ကိုယ်စီ ထိပ်တန်း ကစားသမားတွေကို ရောင်းဝယ်နေခဲ့ကြတာ အရှိန်ကောင်းနေပါပြီ။

play
Photo - Leicester Mercury

 

သြဂုတ်လ ၉ ရက်နေ့မှ ပိတ်မယ် လူဝယ်ရာသီကတော့ လက်ကျန် ၂ ပတ် ၀န်းကျင်မှာ အသင်းကိုယ်စီ ကစားသမားတော်တော်များများ စု ဆောင်းမိသလောက်ရှိမယ်ထင်ပါတယ်။

ကစားသမားခေါ်ယူတဲ့အထဲမှာ ပရိသတ် စိတ်ဝင်စားမှု မြင့်တက်ခဲ့တဲ့ခေါ်ယူမှုတွေ ရှိသလို ပရိသတ်တွေ သတိမထားမိပဲ အသင်းကို ရောက်လာ တဲ့ ကစားသမားတွေလည်း ရှိပါတယ်။

 

ဒီလို ပရိသတ် သတိမထားမိပဲ ပရီးမီးယားလိဂ်ကို ရောက်လာတဲ့ ကစားသမားကတော့ ၂၀၁၈ ကမ္ဘာ့ဖလားဝင် အီရန်အသင်းရဲ့ တောင်ပံ ကစား သမား အလီရီဇာပဲ ဖြစ်ပါတယ်။

အလီကို ခေါ်ယူလိုက်တဲ့ ပရီးမီးယားလိဂ် ကလပ်အသင်းကတော့ ဘရိုက်တန်အသင်းဖြစ်ပြီး ကလပ် စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၇ သန်း နဲ့ ဒတ်ခ်ျလိဂ် AZ အယ်လ်ခမာအသင်းကနေ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။

play
Photo - azfanpage.nl

 

အသက် ၂၄ နှစ်အရွယ်သာရှိသေးပြီး ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အီရန်အသင်းနဲ့အတူ အုပ်စု ပွဲစဉ် ၃ ပွဲစလုံးကို ပွဲထွက်ပါဝင်ခွင့်ရခဲ့သူ တစ်ဦး လည်း ဖြစ်ပါတယ်။

၎င်းကိုတော့ ဘရိုက်တန်အသင်းက ၅ နှစ်စာချုပ်နဲ့ ၂၀၂၃ ခုနှစ်အထိ ရေရှည်ချုပ်ဆိုခဲ့တာ ဖြစ်ပြီး ပရီးမီးယားလိဂ်မှာ တစ်ဦးတည်းသာ မြင်တွေ့ ရမယ့် အီရန်လူမျိုးကစားသမားလည်း ဖြစ်ပါတယ်။

play
Photo - The Argus

 

၎င်းဟာ AZ အယ်လ်ခမာအသင်းမှာ ကစားစဉ် ၂၁ ဂိုးအထိ မနှစ်က သွင်းယူပေးခဲ့သူ ဖြစ်ပြီး ဒတ်ခ်ျလိဂ်ရဲ့ ဂိုးအများဆုံး သွင်းယူနိုင်ခဲ့သူလည်း ဖြစ်ခဲ့ပါတယ်။

၎င်းကို ခေါ်ယူခဲ့မှုအပေါ် ဘရိုက်တန်နည်းပြ ခရစ္စဟောက်တန်က -" ထွန်းတောက်လာမယ့် ကစားသမားလို့ မြင်ပါတယ်။အသင်းကလည်း ကြိုဆို ပါတယ်။သူ့က အသင်းရဲ့ တိုက်စစ်ပိုင်းကို နှစ်အနည်းငယ်အတွင်း ဦးဆောင်မယ့်သူလို့လည်း မြင်ပါတယ်။သူ့ကြောင့် အသင်းတိုက်စစ် များစွာ တိုးတက်လာမှာပါ။" လို့ ထုတ်ဖော်ပြောခဲ့ပါတယ်။

အလီရီဇာရဲ့ ဒတ်ခ်ျလိဂ်မှာ ၂၀၁၇-၁၈ ဘောလုံးရာသီက စွမ်းဆောင်ခဲ့နိုင်တာတွေကတော့-

ဂိုးအများဆုံး သွင်းယူသူ - ၂၁ ဂိုး

ဒုတိယဂိုးကန်သွင်းမှုအများဆုံး - ၁၄၃ ကြိမ်

တတိယမြောက်ဂိုးဖန်တီးမှုအများဆုံး - ၁၂ ကြိမ်

စတုတ္ထမြောက် ဘောလုံးပိုင်ဆိုင်နိုင်သူ - ၁၁၁ ကြိမ်

သတ္တမမြောက် ဘောလုံးဖန်တီးပေးနိုင်သူ - ၇၈ ကြိမ် စတဲ့ မြင့်မားတဲ့ စွမ်းဆောာင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

အခုလို အလီရီဇာ ဂျဟာဘတ်ရှ်အနေနဲ့ ပရီးမီးယားလိဂ်မှာ ခြေချတော့မယ်ဆိုတော့ ဒါဟာ ပရီးမီးယားလိဂ်သမိုင်းမှာ စတုတ္ထမြောက် အီရန် ကစားသမားလည်း ဖြစ်လာတောာ့မှာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မြေကို ပထမဆုံး ခြေချနိုင်ခဲ့သူက ကွင်းလယ်ကစားသမား ကာရင်းဘာဂရီ ဖြစ်ပြီး ၂၀၀၀-၀၁ ခုနှစ်က ချာလ်တန်အသင်းမှာ ပါ ၀င်ခဲ့ပါတယ်။

ဒုတိယမြောက်ကစားသမားကတော့ အန်ဒရနစ်တီမိုဒီယန်ဖြစ်ပြီး ပရီးမီးယားလိဂ် ကလပ်တွေဖြစ်တဲ့ ဘော်လ်တန်နဲ့ ဖူဟမ်အသင်းတွေမှာ ၂၀၀၆ ကနေ ၂၀၀၉ ခုနှစ်အထိ လာရောက်ကစားခဲ့ဖူးပါတယ်။

တတိယမြောက် ကစားသမားကတော့ အီရန်အသင်းခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ အက်ရှ်ခန်ဒီဂျာဂါ ဖြစ်ပြီး ဖူဟမ်အသင်းမှာ ၂၀၁၂ကနေ ၂၀၁၄ အထိ ကစားခဲ့သူပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD