AD
AD
AD

ICC ဖလားပြိုင်ပွဲရဲ့ ပွဲစဉ်တစ်ခုဖြစ်တဲ့ အေစီမီလန် နဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ပွဲကို ဒီနေ့မနက် (၉း၃၀) နာရီမှာ ယှဉ်ပြိုင်ကစားခဲ့ကြပါတယ်။ အလက်ဆစ်ဆန်းချက်ဇ် ရဲ့ သွင်းဂိုးနဲ့ မန်ချက်စတာယူနိုက်တက်တို့ ဦးဆောင်နိုင်ခဲ့ပေမယ့် ဆူဆိုရဲ့ ချေပဂိုးကြောင့် သရေနဲ့သာ ကျေနပ်ခဲ့ရပြီး ရာသီကြိုခြေစမ်းပွဲ (၃)ပွဲဆက် သရေသာ ကစားနိုင်ခဲ့ပါတယ်။

play
Photo : The Mirror

 

နှစ်သင်းစလုံးဟာ အမာခံကစားသမားတွေကို ပွဲထုတ်ခဲ့ကြပြီး အေစီမီလန်မှာ ဒွန်နာရမ်မာ၊ ဘိုနူချီ၊ ကက်ဆီး၊ ဆူဆို၊ ချယ်လ်ဟာနိုဂလူး၊ ကာတွန်နီတို့ ပါဝင်ခဲ့သလို ယူနိုက်တက်အသင်းမှာလည်း မာတာ၊ ဆန်းချက်ဇ်၊ လုခ်ရှော၊ ဘိုင်လီ၊ စမောလင်းတို့လို ကစားသမားတွေ ပါဝင်ခဲ့တာကြောင့် ပွဲက အကြိတ်အနယ်ရှိခဲ့ပါတယ်။

play

 

ပွဲကစားချိန် အစောပိုင်းမှာ ယူနိုက်တက်အသင်းက အသာစီးရယူပြီး ကစားနိုင်ခဲ့တာကြောင့် ပွဲချိန် (၁၂)မိနစ်မှာပဲ အဖွင့်ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဂိုးသမား လီဂရန့် ကန်တင်ပေးမှုတဆင့် ဟွမ်မာတာရဲ့ လှလှပပ ဖန်တီးပေးပို့မှုကို ဆန်းချက်ဇ်က ဒွန်နာရမ်မာ နဲ့ တစ်ဦးချင်း ရင်ဆိုင်အတွေ့မှာ အပိုင်ပိတ်သွင်းယူခဲ့တာကြောင့် ဦးဆောင်ဂိုး ရရှိသွားခဲ့ပါတယ်။

 

play
Photo : The Mirror

 

ဒါပေမယ့်လည်း ဒီဦးဆောင်ဂိုးဟာ (၃)မိနစ်သာ ကြာမြင့်ခဲ့ပြီး ပွဲချိန် (၁၅)မိနစ်မှာ ဆူဆိုက အေစီမီလန်အတွက် ချေပဂိုး ပြန်သွင်းယူ နိုင်ခဲ့ပါတယ်။ ဒီဂိုးသွင်းယူမှုမှာ ယူနိုက်တက် နောက်တန်းရဲ့ အားနည်းချက်တွေကို တွေ့မြင်ခဲ့ရပြီး မော်ရင်ဟို ဘာကြောင့် ဗဟိုနောက်ခံလူတစ်ဦးကို ရှာဖွေနေသလဲဆိုတာကို သိသာစေခဲ့ပါတယ်။

play
Photo : The Mirror

 

ချေပဂိုးပြန်ရပြီးနောက်မှာ အေစီမီလန်ရဲ့ ခြေစွမ်းက သိသိသာသာပြောင်းလဲသွားခဲ့ပြီး ကစားကွက် အချိတ်အဆက်မိမိနဲ့ ကစားနိုင်ခဲ့ပါတယ်။ ကွင်းလယ်ပိုင်းက တစ်ချက်ထိအမြန်ပေးကစားဟန်၊ အသင်းဖော်အချင်းချင်း နားလည်မှုပြည့်ဝနေတဲ့ ကစားပုံမျိုးကို မြင်တွေ့ခဲ့ရပါတယ်။ ယူနိုက်တက်တော့ အခုချိန်ထိ ပုံမှန်ကစားကွက်ကို မြင်တွေ့ရခြင်းမရှိပဲ အားနည်းနေဆဲ ဖြစ်ပါတယ်။

play
Photo : Man Utd Facebook Page

 

ဒုတိယပိုင်းမှာတော့ အေစီမီလန်က ဘိုရီနီ၊ ရိုမက်ဂ်နိုလီ၊ ပီပီရေနာ နဲ့ ကာလီနစ်တို့ကို လူစားလဲလှယ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ ဂိုးသမား ပါရဲရား၊ ဖူဆိုမန်ဆက်ခ်ျတို့ကိုသာ လူစားလဲလှယ်ခဲ့ပါတယ်။

play
Photo : Man Utd Facebook Page

 

ဒုတိယပိုင်းမှာ နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ကြပေမယ့် အပိုင်ဂိုး ရရှိဖို့အတွက် ရုန်းကန်ခဲ့ရပါတယ်။ ပွဲချိန် ၈၅ မိနစ်လောက်မှာ အေစီမီလန်အသင်း ကန်သွင်းယူရာမှာ ဂိုးတိုင်ထိထွက်ခဲ့လို့ နစ်နာခဲ့ရပြီး တစ်ဖက်တစ်ဂိုးစီနဲ့ သရေပွဲအဖြစ်သာ ပြီးဆုံးခဲ့ရပါတယ်။

 

ဒါကြောင့် ပယ်နယ်တီအဆုံးအဖြတ် ခံယူခဲ့ရပြီး (၉-၈) ဂိုးနဲ့ မန်ချက်စတာယူနိုက်တက် အနိုင်ရရှိသွားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD