ပီအက်စ်ဂျီ အသင်းနဲ့အတူ ဆုဖလား ၃ ဆု ရရှိထားပါတယ်။

၂၀၁၇-၁၈ ဘောလုံးရာသီမှာ ကလပ်နဲ့ နိုင်ငံအတွက် ၄၃ ပွဲ ကစားပြီး ၃၃ ဂိုးသွင်းကာ ဂိုး ၂၀ ဖန်တီးပေးထားနိုင်သူဖြစ်ပြီး ကလပ်အသင်းနဲ့ ပြည်တွင်းဆုဖလား ၃ လုံးရရှိထားပါတယ်။

Photo - www.aa.com.tr

ဖီဖာ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုပေးအပ်နိုင်ရေးအတွက် ယခုအခါ ဆန်ကာတင် ကစားသမား (၁၀)ဦးကို ရွေးထုတ်ခဲ့ရာမှာတော့ ပီအက်စ်ဂျီအသင်းက ပြောင်းရွှေ့ကြေး အများဆုံး ကစားသမား နေမာ မပါဝင်လာပါဘူး။

ဒီအခြေအနေမှာ ရီးရဲက ရော်နယ်ဒို(ဂျူဗင်တပ်)၊မိုဒရစ်၊ဗာရနီတို့ ပါဝင်လာခဲ့သလို ဘာစီလိုနာကလည်း မက်ဆီနဲ့ အက်သလက်တီကိုက ဂရုဇ် မန်းတို့ ပါင်လာခဲ့ပါတယ်။

 

ဒါ့အပြင် အခြားကစားသမားများအဖြစ် ဒီဘရိုင်း၊ဘတ်ပေး၊ကိန်း၊ဆာလာနဲ့ ဟာဇက်တို့လည်း ပါဝင်လာခဲ့ပေမယ့် နေမာကတော့ ချန်လှပ်ခံခဲ့ရ တာ ဖြစ်ပါတယ်။

ဖီဖာက ပေးအပ်မယ့် ကမ္ဘာ့အကောင်းဆုံးကစားသမားဆုအတွက် ဆန်ခါတင်စာရင်း 

ဒီဆုရဲ့ ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တဲ့ ကစားသမားတွေအကြောင်းမပြောပဲ မပါဝင်လာခဲ့တဲ့ နေမာရဲ့ အကြောင်းကို ပြောချင်ပါတယ်။

နေမာက ဘရာဇီးကလပ် ဆန်းတို့စ်အသင်းကနေ ဘာစီလိုနာ၊ဘာစီလိုနာကနေ ပီအက်စ်ဂျီကို စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိခဲ့သူ ဖြစ်ပါတယ်။

Photo - FIFA.com

 

ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် နောက်ဆုံး ဆန်ကာတင် ၃ ဦးစာရင်းထိ ပါဝင်နိုင်ခဲ့ပေမယ့် ရော်နယ်ဒို၊မက်ဆီတို့နောက် အဆင့် (၃)နေရာသာရပ်တည် ထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ဒီနှစ်မှာတော့ ဆန်ကာတင် ၁၀ ဦးစာရင်းထဲပင် မပါဝင်တာကတော့ ပီအက်စ်ဂျီအသင်းနဲ့ ဖလား ၃ လုံး ရယူထားတဲ့ နေမာအတွက် မျှ တရဲ့လားဆိုတာ မေးခွန်းထုတ်ချင်စရာပါ။

Photo - Quartz

 

နေမာက ပြီးခဲ့တဲ့ ၂၀၁၇-၁၈ ဘောလုံးရာသီတစ်ခုလုံးမှာ နိုင်ငံနဲ့ ကလပ်အသင်းအတွက် စုစုပေါင်း ပွဲ ၄၃ ပွဲကစားပေးခဲ့ပြီး ၃၃ ဂိုးသွင်းကာ ဂိုး ၂၀ ဖန်တီးပေးခဲ့ပါတယ်။

ဒါ့အပြင် မိခင်ကလပ် ပီအက်စ်ဂျီအသင်းနဲ့လည်း ဖလား ၃ လုံးရယူနိုုင်ခဲ့တာဟာ ဒီနှစ် ဖီဖာ အကောင်းဆုံး ဆန်ကာတင်စာရင်းမှာ ပါဝင်ခွင့်ရဖို့ မလုံလောက်ခဲ့ပါဘူး။

Fifa The Best Men's ဆုအတွက် ၂၀၁၇၊ ဇူလိုင် (၃) ရက်ကနေ ၂၀၁၈၊ ဇူလိုင် (၁၅)ရက်နေ့အတွင်း အကျုံးဝင် ရက်များအဖြစ် သတ်မှတ်ထားတာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့်အဖြစ် ကစားသမား (၃)ဦးကို ပြန်လည်ရွေးချယ်မှာဖြစ်ပြီး ဇူလိုင် (၂၄) ရက်ကနေ သြဂုတ်လ (၁၀)ရက်နေ့အတွင်းမှာ မဲပေးရမှာ ဖြစ်ပါတယ်။

 မဲပေးဖို့အတွက် ဂျာနယ်လစ်များ၊ ပရိသတ်များ၊ နိုင်ငံအသင်းနည်းပြများနဲ့ အသင်းခေါင်းဆောင်များက မဲပေးရွေးချယ်ရမှာ ဖြစ်ပါတယ်။ ဆန္ဒမဲအများဆုံး ရရှိတဲ့ ကစားသမားကို အကောင်းဆုံးကစားသမားအဖြစ် သတ်မှတ်ရွေးချယ်ပြီး စက်တင်ဘာ (၂၄ရက်နေ့၊ လန်ဒန်မြို့မှာ ဆုချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ နေမာလို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးရရှိထားတဲ့ ကစားသမားက ဆန်ကာတင် ၁၀ ဦးစာရင်းမှာ မပါလာဘူးဆိုတော့ အကောင်းဆုံး ကစားသမားတွေကိုမှ စံချိန်တင်ကြေးတွေ ပေးခေါ်နေတဲ့ ကလပ်အသင်းတွေကို ဖီဖာက ထောက်ပြလိုက်လေအလား ထင်ရ ပါတော့တယ်။

တစ်ခုရှိတာက နေမာက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူ့ရဲ့ ဒဏ်ရာရရှိခဲ့ချိန်မှာ ပြုမူခဲ့တဲ့ အပြုအမူကလည်း ကမ္ဘာပေါ်မှာပျံ့နှံ့သွားခဲ့ပြီး ကစား သမားကောင်း မပီသတဲ့ အပြုအမူမျိုးအပေါ်မှာ ပရိသတ်တွေက ဝေဖန်မှုတွေ ရှိနေပါတယ်။

ဒါကြောင့် အကောင်းဆုံး ကစားသမားတွေဆိုတာ ငွေကြေးနဲ့ သတ်မှတ်လို့မရဘူးဆိုတာကို နေမာက သိသိသာသာကြီး ပြသလိုက်သလိုပါပဲ၊ ဒါပေမယ့် တစ်ကယ်ပဲနေမာက ဒီစာရင်းမှာ ပါဖို့ မထိုက်တန်ခဲ့တာလား၊ပရိသတ်ကြီးကရော နေမာရဲ့ ခြေစွမ်းအပေါ် ဘယ်လိုသတ်မှတ်ထား ပါသလဲ?

Share

Loading Next Article...
က္က