AD
AD
AD

ကမ္ဘာ့ဖလားမတိုင်ခင် ၂ လအလိုကမှ ဘော့စနီးယားလူမျိုးနည်းပြ ဗာဟစ်နေရာမှာ အစားထိုးတာဝန်ယူခဲ့တာ ဖြစ်ပြီး ကမ္ဘာ့ဖလား အပြီးမှာ အခု လို ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။

play
Photo - New Straits Times

 

ဂျပန်ဘောလုံးအဖွဲ့ချုပ်ကတော့ ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဂျပန်အသင်းကို ၁၆ သင်းအဆင့်ထိ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြ အာကီရာ နီရှီနိုကို ရာထူး မှ ထုတ်ပယ်လိုက်ပါပြီ။

၎င်းရဲ့ နေရာမှာတော့ အသက် ၄၉ နှစ်အရွယ် မိုရီရာဆုကို အစားထိုးခန့်အပ်လိုက်ပြီ ဖြစ်ပြီး လာမယ့် အောက်တိုဘာလမှ စတင်ကာ ၂၀၂၀ တို ကျို အိုလံပစ် ပြိုင်ပွဲဝင် ဂျပန်အသင်းကို စတင်ကိုင်တွယ်မှာ ဖြစ်ပါတယ်။

play
Photo - Getty Images

 

အာကီရာ အနေနဲ့ ဂျပန်အသင်းကို နှစ်လသာ တာဝန်ယူကိုင်တွယ်ခဲ့တာ ဖြစ်ပြီး အကြောင်းကတော့ ဘော့စနီးယား လူမျိုး ဗာဟစ် နေရာမှာ ပြီး ခဲ့တဲ့ ၂၀၁၈ ဧပြီလကမှ စတင်တာဝန်ယူခဲ့တာကြောင့် ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အုပ်စုတွင်းမှာ ကိုလံဘီယာနဲ့ အဖွင့်ကစားခဲ့ရပြီး အံ့အားသင့်ဖွယ် ၂-၁ ဂိုးနဲ့ အနိုင်ယူပြခဲ့ပါတယ်။အဲ့နောက် ဆီနီဂေါ အသင်းကို ၂ ဂိုးစီ သရေကစားခဲ့ပြီး အုပ်စုနောက်ဆုံးပွဲမှာတော့ ပိုလန်ကို ၁-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

play
Photo - Times LIVE

 

ဒါပေမယ့်လည်း ဂျပန်အသင်းဟာ ဖီဖာစည်းမျဉ်းအရ ပြစ်ဒဏ်နည်းပါးမှုကြောင့် ဆီနီဂေါအသင်းနဲ့ ရမှတ်တူအနေအထား ဂိုးကွာခြားချက်တူ အနေ အထားမှာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

ဒါဟာ ကမ္ဘာ့ဖလားမှာ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်တဲ့ အာရှတိုက်က တစ်သင်းတည်းသော အသင်းလည်း ဖြစ်လာခဲ့ပါတယ်။

play
Photo - AFC.com

 

အာဖရိကတိုက်က အသင်းတွေဆိုရင် တစ်သင်းမှ ၁၆ သင်းအဆင့်ကို တက်ရောက်နိုင်ခြင်းမရှိခဲ့ပဲ ဂျပန်ကတော့၁၆ သင်းအဆင့်မှာ ဗိုလ်စွဲဖို့အ ထိ ရေပန်းစားနေတဲ့ ဘယ်လ်ဂျီယံအသင်းနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဆိုပါ ပွဲမှာလည်း ဂျပန်အသင်းဟာ ထင်မှတ်မထားတာတွေ လုပ်ပြခဲ့ပြီး ဘယ်လ်ဂျီယံအသင်းကို ၂ ဂိုးပြတ်ဦးဆောင်ထားနိုင်ခဲ့ကာ ကမ္ဘာ ကို ကိုင်လှုပ်ပြခဲ့တာပါ။

ဒါပေမယ့်လည်း ဘယ်လ်ဂျီယံအသင်းရဲ့ လူစာရင်းအားသာမှုက ဂျပန်ကို ပြန်လိုက်မီခဲ့ပြီး ကမ္ဘာ့ ကြယ်စင်စု ကစားသမားတွေက အာရှက အသင်းကို အသည်းအသည် ကျားကုတ်ကျားခဲ ကစားပြီးမှ နောက်ဆုံးမျာ ၃-၂ ဂိုးနဲ့ အနိုင်ရသွားတာပါ။

ဒီလို ကမ္ဘာကို အာရှလို့ ကြွေးကြွေးပြခဲ့တဲ့ တစ်ဦးတည်းသော နည်းပြကို ဂျပန်ဘောလုံးးအဖွဲ့ချုပ်က နည်းပြချုပ်အဖြစ် ဆက်လက်ခန့်အပ် တာဝန်ပေးအပ်ခဲ့ခြင်းမရှိပဲ အခုလို ထုတ်ပယ်ခဲ့တာကတော့ အံ့အားသင့်ဖွယ်ကောင်းပါတယ်။

အခုအစားထိုး ခန့်အပ်လိုက်တဲ့ မိုရီရာဆုက ဂျပန် နည်းစနစ်ဒါရိုက်တာ တစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလား ကစားခဲ့တဲ့ ဂျပန်အသင်းရဲ့ အဖွဲ့ဝင်တစ်ဦး လည်း ဖြစ်ပါတယ်။

ဒါ့အပြင် ၁၉၉၃ ခုနှစ်က အီရန်ကို သရေကျပြီး ကမ္ဘာ့ဖလား ၀င်ခွင့်လွဲခဲ့တဲ့ အသင်းမှာလည်း ပါဝင်ကစားခဲ့သူ ဖြစ်သလို နည်းပြ သက်တမ်းမှာ လည်း ဆန်ဖရန်ရှီ ဟီရိုရှီးမားအသင်းကို ဂျေလိဂ်(၁) ဆုဖလား ၃ ကြိမ်ရရှိအောင်စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ထူးခြားတာကတော့ ကမ္ဘာ့ဖလားကစားဖို့ ၄ နှစ်အလိုမှာ နည်းပြဖြစ်လာတဲ့ ဂျပန်လူမျိုး နည်းပြတစ်ဦးပင်ဖြစ်ပါတယ်။ သူ့ရဲ့ ပထမဆုံး တိုက်ပွဲက တော့ ၂၀၁၉ ယူအေအီး အာရှဖလား ပြိုင်ပွဲဖြစ်ပြီး ဂျပန်က ဥဇဘတ်ကစ္စတန်၊အိုမန်၊တာမခ့်နစ္စတန်တို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD