AD
AD
AD

ယနေ့ ဇူလိုင်လ ၂၇ ရက်နေ့၊ ၀ါဆိုလပြည့်(သောကြာ)နေ့ နံနက်ပိုင်းရဲ့ နောက်ဆုံးရ အားကစားသတင်းတွေကို တင်ဆက်ပေးထားတာဖြစ်ပြီး နောက်ဆုံးရ အပြောင်းအရွှေ့ သတင်းတွေ ပါဝင်ပါတယ်။

play
Photo - Daily Mail

 

- ဘာစီလိုနာအသင်းဟာ ပီအက်စ်ဂျီအသင်းက အန်ဒရီယန် ရာဘီယို့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်လည်း ယခု နွေရာသီမှာတော့ ခေါ်ယူ အုံးမှာ မဟုတ်ဘူးလို့ သိရပါတယ်။ဘာစီလိုနာရဲ့ အားကစားဒါရိုက်တာ အဘီဒယ်အနေနဲ့ ပြီးခဲ့တဲ့နွေရာသီအစောပိုင်းတုန်းက ပီအက်စ်ဂျီကိုသွား ပြီး ဆွေးနွေးမှုတွေ ပြုလုပ်ထားပေမယ့်လည်း ပီအက်စ်ဂျီအသင်းက ဘယ်ကမ်းလှမ်းမှုမျိုးကိုမှ လက်မခံသေးတာ ဖြစ်ပါတယ်။

play
Photo - nos.nl

 

- အေစီမီလန်အသင်းကို ကွန်တီရောက်ရှိလာမယ့် ဆိုတဲ့ သတင်းကို အသင်းရဲ့ အားကစားဒါရိုက်တာ လီယိုနာဒိုက ငြင်းဆိုသွားခဲ့ပါတယ်။

 

လက် ရှိနည်းပြ ဂတ်တူဆိုအနေနဲ့ အသင်းကို ဆက်လက်တာဝန်ယူနေမှာ ဖြစ်ပြီး ချဲလ်ဆီးနည်းပြဟောင်း ကွန်တီအနေနဲ့ အသင်းရဲ့ ကြီးမားတဲ့ အခွင့် အလမ်းတစ်ရပ်တော့ ဖြစ်ပါတယ်" လို့ ၎င်းကဆိုခဲ့ပါသေးတယ်။

play
Photo - The Sportsman

- လက်စတာအသင်းက အင်္ဂလန်လက်ရွေးစင် နော်ကခံလူ မက်ဂွီးအတွက်ပြောင်းရွှေ့ကြေးကို လက်ရှိ စံချိန်တင်နောက်ခံလူ ဗန်ဒိုက်ထက် ပို တောင်းနေပါတယ်။ မန်ယူအသင်းက ခေါ်ယူချင်နေတာဖြစ်ပြီး ခေါ်ယူလိုပါက ဗန်ဒိုက်ထက်ပိုတဲ့ ပြောင်းရွှေ့စရိတ်ကို ပေးရမှာပါ။ မော်ရင်ဟိုက လိုချင်နေပေမယ့်လည်း ၎င်းရဲ့တန်ကြေးကိုပေါင် သန်း ၈၀ အထိ သတ်မှတ်ထားလို့ လက်ရှိစံချိန်တင် နောက်ခံလူ ဗန်ဒိုက်ထက်များနေပါတယ်။

play
Photo - soccerdigestweb.com

 

- ချဲလ်ဆီးအသင်းဒါရိုကတာ မာရီနာနဲ့ ပီဂျာနစ်ရဲ့ အေးဂျင့်တို့ အီတလီမှာ တွေ့ဆုံ စကားပြောခဲ့ကြတယ်လို့ သိရပါတယ်။ ချဲလ်ဆီးက ပီဂျာနစ် ကိုတူရင်မြေမှာ ပျော်ရွှင်နေစဉ်ကတည်းက ဆက်သွယ်ထားတာလို့ သိရပြီး အခုမပျော်တော့တဲ့အချိန်မှာတော့ အေးဂျင့်နဲ့တွေ့ဆုံပြီး စကားပြော နေတာပါ။

play
Photo - Diario Gol

 

-ရီးရဲအသင်းက အသင်းရဲ့ အဓိက ဂိုးသမား ကီလာနာဗက်စ်ကို စာချုပ်သက်တမ်းတိုးနိုင်ဖို့ မျှော်လင့်နေပါတယ်။ ရီးရဲအသင်းက လက်ရှိမှာ လည်း ချဲလ်ဆီးက ကော်တိုရစ်ကို ချိတ်ဆက်နေပြီး လက်ရှိ ဂိုးသမား နာဗက်စ်ကိုလည်း နည်းပြသစ်လာပေါ်တေးက လက်မလွှတ်ချင်ဘူး ဖြစ်နေ တာပါ။ နာဗက်ရဲ့လက်ရှိစာချုပ်အရ ၂ နှစ်ကျန်သေးပြီး နောက်ထပ် ၁ နှစ်ကနေ ၂ နှစ်အထိ သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD