AD
AD
AD

မနှစ်ကတည်းက စပိန်အာဏာပိုင်တွေ စစ်ဆေးနေပြီး ရော်နယ်ဒိုက အခုမှသာ ပြစ်ဒဏ်ကို လက်ခံလိုက်တာ ဖြစ်ပါတယ်။ဒါကြောင့် ထောင်ဒဏ် ၂ နှစ်နဲ့ငွေဒဏ် ပေါင် ၁၇ သန်း ပေးဆောင်ရပါမယ်။

play
Photo - Metro

 

ဂျူဗင်တပ်အသင်းကို လောလောလတ်လတ်မှ ရောက်ရှိထားတဲ့ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ရော်နယ်ဒိုကို စပိန်အာဏာပိုင်တွေက အ ခွန်ရှောင်ခဲ့မှုကြောင့် ငွေဒဏ်နဲ့ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။

ယခုအခါအဆိုပါ အပြစ်ဒဏ်တွေကို ရော်နယ်ဒိုက ခံယူဖို့ လက်ခံလိုက်ပြီလို့ သိရပြီး ဆိုင်းငံ့ထောင်ဒဏ် ၂ နှစ်အပါအ၀င် ငွေဒဏ်အဖြစ် ပေါင် ၁၇ သန်း ပေးချေရတော့မှာ ဖြစ်ပါတယ်။

play
Photo - Goal.com

 

အသက် ၃၃ နှစ်အရွယ် ရော်နယ်ဒိုကို စပိန် တရားရုံးလေးခုကနေ ၂၀၁၁ ကနေ ၂၀၁၄ ခုနှစ်အတွင်းမှာ အခွန်ရှောင်ခဲ့မှုတွေအတွက် ပြစ်ဒဏ်ချ မှတ်ခဲ့တာလို့ သိရပါတယ်။

ရော်နယ်ဒိုရဲ့ အသနားခံစာကြောင့် ထောင်ဒဏ်တော့ ကျခံရမှာ မဟုတ်ပဲ ငွေဒဏ်ကိုတော့ အတိုးနဲ့ တကွ စပိန် အခွန်ဌာနကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့နှစ်က ရော်နယ်ဒိုအနေနဲ့စပိန်အာဏာပိုင်တွေရဲ့ စုံစမ်းစစ်ဆေးနေမှုအပေါ် မှားယွင်းကြောင်းသာ ငြင်းဆိုထားခဲ့တာဖြစ်ပြီး အခုအခါမှ သာ လက်ခံခဲ့တာ ဖြစ်ပါတယ်။

play
Photo - Metro

 

"ကျွန်တော် ဘယ်အရာကိုမှာ မဖုံးကွယ်ထားပါဘူး။အခွန်ရှောင်ဖို့လည်း ဘယ်တုန်းကမှ မကြိုးစားခဲ့ပါဘူး။" လို့ စပိန်တရားသူကြီး မော်နီကာ ဂို မက်ဇ်ကို ရော်နယ်ဒိုကပြောခဲ့ပါတယ်။

ရော်နယ်ဒိုက လက်ရှိမှာ အနားယူနေပြီး ရီးရဲမက်ဒရစ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင် ၉၉.၂ သန်းနဲ့ ပြောင်းရွှေ့ သွားသူ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD