AD
AD
AD

ရိုးမားအသင်းနဲ့ ဆေးစစ်ဖို့သာကျန်တော့တဲ့မယ်လ်ကွန်ကို ဘာစီလိုနာအသင်းက ကြားဖြတ်ခေါ်ယူခဲ့တဲ့အပေါ် ရိုးမားဥက္ကဌက အကြီးအကျယ် ဒေါသထွက်နေတာပါ။

play
Photo - SPORTbible

 

ရိုးမားအသင်းရဲ့ ဥက္ကဌ ကွန်ဒမ်က ဘာစီလိုနာအသင်းရဲ့ တောင်းပန်မှုကိုပြန်လည်ရရှိခဲ့တယ်လို့ မီဒီယာကို ထုတ်ဖော်ပြောလာခဲ့ပေမယ့် မကျေ အေးနိုင်ဘူးလို့ ဆိုပါတယ်။

အကြောင်းကတော့ ၎င်းတို့ သဘောတူညီမှု ရရှိထားနှင့်ပြီးဖြစ်တဲ့ ဘော်ဒိုးတိုက်စစ်မှူး မယ်လ်ကွန်ကို ဘာစီလိုနာက ကြားဖြတ်လက်ဦးသွားခဲ့လို့ အခဲမကျေ ဖြစ်နေတာပါ။

play
Photo - RT.com

 

ဒီအခြေအနေကို ဘာစီလိုနာအသင်းက ပြန်လည်တောင်းပန်ခဲ့ပေမယ့်လည်း မက်ဆီကို ပြန်လျော်ပေးမှသာ ကျေအေးပေးနိုင်မယ်လို့ ကွန်ဒမ်က ဆိုပါတယ်။

 

အဆိုပါ အပြုအမူအပေါ် ရိုးမားဥက္ကဌက -" ကိုယ်ကျင့်တရားမကောင်းသလို၊စောင့်ထိန်းမှုလည်း မရှိဘူး။" လို့ ဘာစီလိုနာအသင်းကို ပြစ်တင်ခဲ့ ပါတယ်။

play
Photo - Yahoo Sports

 

ဘော်ဒိုးအသင်းကလည်း ရိုးမားအသင်းနဲ့ ဆေးစစ်ဖို့ပဲ ကျန်တော့တဲ့အနေအထားမှာ ဘာစီလိုနာအသင်းထံ မယ်လ်ကွန်ကို လက်လွှဲရောင်းချင် လိုက်တာဖြစ်ပါတယ်။

"ဒီအခြေအနေမှာ သူတို့ ကျွန်တော့်ကို တောင်းပန်ပေမယ့် ကျွန်တော်မကျေနပ်နိုင်ပါဘူး။ကျွန်တော် ကျေနပ်နိုင်မယ့် အခြေအနေနှစ်ရပ်ပဲ ရှိပါ တယ်။အဲ့ဒါကတော့ ဒီကစားသမားကို ကျွန်တော့်ထံ ပြန်ပေးဖို့နဲ့ နောက်တစ်ချက်ကတော့ မက်ဆီကို ကျွန်တော့်ထံ ရောင်းချပေးမှသာ ကျေနပ် နိုင်ပါလိမ့်မယ်။" လို့ ကွန်ဒမ်က ပြောခဲ့ပါတယ်။

ဒါကြောင့်ဘာစီလိုနာအသင်းက ရိုးမားအသင်းနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ရိုးမားအသင်း ဥက္ကဌ ကျေအေးပေးနိုင်မယ့် နှစ်ချက်ထဲက တစ်ချက် ကို ပြန်လည်လုပ်ဆောင်ပေးသွားမလား၊နှစ်သင်းကြား ဆက်ဆံရေးပဲ တင်းမားသွားဖို့ရှိမလားဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD