AD
AD
AD

မိုနာကိုအသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ ပစ်မှတ်ကစားသမားဖြစ်သူ စီအက်စ်ကေအေ ကစားသမား ဂိုလိုဗင်ကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ချယ်လ်ဆီးအသင်းက အလေးအနက် စိတ်ဝင်စားနေတဲ့ ရုရှားတိုက်စစ်အားသန် ကစာသမားကို မိုနာကိုက ချယ်လ်ဆီးထက် လက်ဦးမှု ရယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

play
Photo : Sky Sports

 

အသက် (၂၂)နှစ်အရွယ် ရုရှားကစားသမားဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြနိုင်ခဲ့ပြီး ချယ်လ်ဆီးအသင်းက ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ ချယ်လ်ဆီးနည်းပြသစ် ဆာရီကလည်း အသင်းရဲ့ ကွင်းလယ်တိုက်စစ်ပိုင်းအတွက် ဂိုလိုဗင်ကို ခေါ်ယူဖို့ ဆန္ဒရှိနေခဲ့ပြီး အပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာဖို့ အနီးစပ်ဆုံးအနေအထားထိ ရှိနေခဲ့ပါတယ်။

 

play
Photo : Football365

 

ပြီးခဲ့တဲ့ အပတ်အတွင်းက စီအက်စ်ကေအေအသင်းဖော်ဖြစ်သူ ဆာဂျီချက်ချူဂေါ့ဗ်က ဂိုလိုဗင်ဟာ ချယ်လ်ဆီးကို ပြောင်းရွှေ့ဖွယ်ရှိတယ်လို့ အရိပ်အမြွက်ပြောကြားမှု ပြုလုပ်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ဂိုလိုဗင်ဟာ ပြင်သစ်လီဂူးကလပ် မိုနာကိုအသင်းကို ပြောင်းရွှေ့သွားခဲ့ပြီး ချယ်လ်ဆီးနဲ့ သတင်းထွက်နေမှုတွေကို အဆုံးသတ်ခဲ့ပါတယ်။

play
Photo : Standard

 

"မိုနာကိုအသင်းကို ဂိုလိုဗင် ရောက်ရှိလာတဲ့အတွက် အရမ်းပျော်ရွှင်မိပါတယ်၊ သူက ငယ်ရွယ်ပြီး အရည်အချင်းပြည့်ဝတဲ့ ကစားသမားတစ်ယောက်ပါ၊ ကမ္ဘာ့ဖလားမှာလည်း ထင်ရှားခဲ့ပြီး သူ့အတွက် ကျွန်တော်တို့ အချိန်အများကြီး ပေးခဲ့ရပါတယ်" လို့ မိုနာကိုအသင်းရဲ့ ဒုတိယဥက္ကဌ ဗာဒင်ဗက်စ်စီယေ့ဗ်က ပြောကြားခဲ့ပါတယ်။

play
Photo : Fox Sports

 

ဂိုလိုဗင်ဟာ ရုရှားအသင်းနဲ့အတူ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပြီး အသင်းအတွက် ပွဲစဉ်တစ်လျှောက် အကောင်းဆုံးခြေစွမ်းပြသခဲ့သူ ဖြစ်ပါတယ်။ "မိုနာကိုနဲ့ စာချုပ်ချုပ်ဆိုခွင့်ရတဲ့အတွက် ၀မ်းသာပါတယ်၊ ကျွန်တော့်အတွက် စွန့်စားခန်း အသစ်ဖြစ်ပြီး ရည်မှန်းချက်တွေအများကြီးထဲက တစ်ခုကို ရရှိခဲ့တာပါ၊ အသင်းဖော်တွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးပေါင်းပြီး အကောင်းဆုံးကြိုးစားသွားမှာပါ" လို့ ဂိုလိုဗင်က ပြောကြားခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD