AD
AD
AD

ပရိသတ် ၂ သိန်းကျော်ထံကနေ မဲစနစ်နဲ့ ရွေးချယ်ခဲ့ရာမှာတော့ စပါးတိုက်စစ်မှူး ကိန်းက ၂၆ ရာခိုင်နှုန်း အထိရရှိခဲ့ပြီး ရီးရဲပရိသတ်တွေ အလို ချင်ဆုံး ကစားသမားအဖြစ် ရှိနေပါတယ်။

play
Photo - Getty Image

 

ရီးရဲမက်ဒရစ်အသင်းက အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရော်နယ်ဒိုကို စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းထံ ရောင်းချလိုက်အပြီးမှာတော့ ၎င်းနေရာမှာ အစားဝင်နိုင်မယ့် ကစားသမားမျိုးကို ပြန်လည်ရှာဖွေနေခဲ့ပါတယ်။

ဒါပေမယ့်လည်း ယနေ့ အချိန်ထိ အဆိုပါ ကစားသမားမျိုးကို ရှာမတွေ့သေးပဲ ခေါ်ယူနိုင်ခြင်းမရှိသေးတာကြောင့် အသင်းရဲ့ အမာခံ ပရိသတ် တွေက ခေါ်ယူသင့်တဲ့ ကစားသမားကို မဲစနစ်နဲ့ ရွေးချယ်ပေးခဲ့ကြပါတယ်။

play
Photo - Getty Image

 

စပိန် သတင်းဌာန Marca သတင်းစာရဲ့ ဖော်ပြချက်အရ ရီးရဲ ပရိသတ် ၂ သိန်းကျော်ထံကနေ ကောက်ယူခဲ့ရာမှာတော့ ရွေးချယ်ထားတဲ့ ၉ ဦး ထဲမှ မဲအများဆုံး ရတဲ့ ကစားသမားကတော့ အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်း ဖြစ်ခဲ့ပါတယ်။

 

ကိန်းက အဆိုပါ ၉ ဦးထဲမှာ မဲရာခိုင်နှုန်း ၂၆ ရာခိုင်နှုန်းအထိ ရရှိပြီး အများဆုံး အဖြစ် သတ်မှတ်ခံခဲ့ရတာ ဖြစ်ပြီး ၎င်းရဲ့နောက်မှာတော့ ပီအက်စ်ဂျီက ကာဗာနီနဲ့ အင်တာမီလန်က အိုင်ကာဒီတို့က မဲရာခိုင်နှုန်း ၁၄ ရာခိုင်နှုန်းနဲ့ ဒုတိယနေရာမှာ ရပ်တည်ခဲ့ကြပါတယ်။

play
Photo - News18.com

ဒါ့အပြင် ပရိသတ်တွေရဲ့ မဲစနစ်မှာ ပါဝင်ခဲ့တဲ့ ကစားသမားတွေကတော့ လိုင်ယွန်တိုက်စစ်မှူး မာရီယို ဒီယက်ဇ်နဲ့ ဘိုင်ယန်တိုက်စစ်မှူး လီဝန် ဒေါစကီးတို့က ၁၂ ရာခိုင်နှုန်းစီ ရရှိခဲ့ကြပါတယ်။

လီဗာပူးအသင်းက ဘရာဇီး တိုက်စစ်မှူး ဖာမီနိုလည်း ပါဝင်ခဲ့သေးပြီး ကိန်းကိုတောာ့ တစ်နှစ် ဂိုး ၅၀ သွင်းယူပေးနေတဲ့ တိုက်စစ်မှူးနေရာမှာ အစားထိုးနိုင်မယ့် ကစားသမားလို့ အများက သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။

ကိန်းက လက်ရှိ ၂၀၁၈ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ သွင်းဂိုး ၆ ဂိုးအထိ သွင်းယူခဲ့ပြီး ရွှေဖိနပ်ဆုကို ရရှိခဲ့သူ ဖြစ်သလို အင်္ဂလန်အသင်းကိုလည်း ဆီမီး ဖိုင်နယ်အဆင့်ထိ တက်လှမ်းနိုင်အောာင် ကြိုးစားပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်သူဟာ ကမ္ဘာ့ဖလား သမိုင်းမှာ၁၉၈၆ခုနှစ်က ဂယ်ရီလိုင်နီကာ နောက်ပိုင်း ဒုတိယမြောက် ဂိုးအများဆုံးသွင်းယူနိုင်တဲ့ အင်္ဂလန် တိုက်စစ်မှူး ဖြစ်လာခဲ့ပါတော့တယ်။

လက်ရှိမှာတော့ ကွင်းသစ်တည်ဆောက်ထားတဲ့စပါးအသင်းနဲ့ ၂၀၂၄ ခုနှစ်အထိ သက်တမ်းရှိတဲ့ စာချုပ်တစ်ရပ်ကို ချုပ်ဆိုထားတာကြောင့် လည်း ရီးရဲအသင်းခေါ်ယူချင်ပါက မြင့်မားတဲ့ပြောင်းရွှေ့ကြေးကို ပေးဆောင်ရဖို့ ရှိနေပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD