AD
AD
AD

မနှစ်က ရာသီက လိဂ် သွင်းဂိုး ၂၉ ဂိုးနဲ့အတူ ရွှေဖိနပ်ဆုကို ရယူထားနိုင်ပေမယ့် ဒီနှစ်တော့ ရော်နယိဒိုကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်ဘူးလို့ အင်မိုလ်ဘီလီက ပြောခဲ့ပါတယ်။

play
Photo - Daily Mail

 

ကမ္ဘာ့အကောင်းဆုံး ကစားသမား  ရော်နယ်ဒို ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့လာတဲ့အပေါ် မနှစ်က စီးရီးအေ ဂိုးအများဆုံး သွင်းယူထားသူ လာဇီယို တိုက်စစ်မှူး အင်မိုလ်ဘီလီက အခုလိုပဲ ရင်ဖွင့်ခဲ့ပါတယ်။

 

အသက်၂၈ နှစ်အရွယ်ရှိပြီဖြစ်တဲ့လာဇီယို တိုက်စစ်မှူးဟာ မနှစ်က လာဇီယိုအသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ဂိုးနဲ့ စီးရီးအေ သွင်းဂိုး ၂၉ ဂိုးသွင်းယူ ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

play
Photo - FortuneBet News

 

စီးရီးအေမှာတောာ့ မနှစ်က ၂၉ ဂိုးသွင်းယူပြီး ဂိုးသွင်းအများဆုံး ရွှေဖိနပ်ဆုကို ရယူထားနိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ရော်နယ်ဒိုကြောင့် ငွေဖိနပ် တောင်မသေချာ တော့ဘူးလို့ ဆိုလိုက်တာ ဖြစ်ပါတယ်။

" တစ်နှစ်ကို ပုံမှန် ဂိုး ၅၀ နှင့်အထက်သွင်းယူနေတဲ့ ရော်နယ်ဒိုကို ဘယ်လိုမှ ယှဉ်လို့ရမှာ မဟုတ်ပါဘူး။ဒါကြောင့် မနှစ်က ရွှေဖိနပ်ဆုလေး ရခဲ့ တာတောင် ဘုရားသခင်ကို ကျေးဇူးတင်နေမိပါတယ်။ဒီနှစ်တော့ ငွေဖိနပ်တောင် မသေချာလောက်ပါဘူး။" လို့ အင်မိုလ်ဘီလီက ဆိုလိုက်ပါ တယ်။

play
Photo - Daily Mail

 

ဆက်လက်ပြီး ရော်နယ်ဒိုနဲ့ ကွင်းအတွင်း တွေ့ဆုံရင်ဆိုင်ဖို့ကလည်း မလွယ်ကူလှပဲ အီတလီမှာလည်း ရော်နယ်ဒို ဆုတံဆိပ်တွေ ထပ်မံ ရရှိလိမ့် အုံးမယ်လို့ သုံးသပ်ပေးခဲ့ပါတယ်။

အင်မိုလ်ဘီလီက ဂျူဗင်တပ် ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး ၂၀၀၈ ကနေ ၂၀၁၀ အတွင်း ၃ ပွဲသာ ကစားခွင့်ရခဲ့လို့ အခြားအသင်းတွေကို ပြောင်းရွှေ့ရင်း ဒေါ့မွန်၊ဆီဗီလာအသင်းတို့မှာလည်း တစ်ရာသီစီ ကစားခဲ့ဖူးပါသေးတယ်။

နောက်ဆုံးတော့ ၂၀၁၆-၁၇ ဘောလုံးရာသီမှာ လာဇီယိုကို ရောက်ရှိလာခဲ့ပြီး မနှစ်ကတော့ အသင်းအတွက် ပြိုင်ပွဲစုံ ၄၁ ဂိုးသွင်းသလို စီးရီးအေ မှာလည်း ၂၉ ဂိုးနဲ့ ဂိုးသွင်းဘုရင် ဖြစ်ခဲ့ပါတယ်။

ရော်နယ်ဒိုကတော့ အားလုံးသိကြတဲ့အတိုင်း ဘလွန်းဒီအောဆု ၅ ကြိမ်အပါအ၀င် အခြား ဆုဖလားပေါင်းများစွာနဲ့ တစ်ဦးချင်း ဆုတံဆိပ်များစွာ ပိုင်ဆိုင်ထားပြီး လက်ရှိမှာလည်း ကမ္ဘာ့အကောင်းဆုံး ကစားသမားဘွဲ့ကို ခံယူထားသူဖြစ်ပါတယ်။

အသက်အားဖြင့် ၃၃ နှစ်ကိုရောက်နေပမယ့်လည်း သန်မာတဲ့ ကြံ့ခိုင်မှုကြောင့် ဂိုးသွင်းနှုန်းတွေ မြင့်တက်နေသေးပြီး ပြိုင်ဖက်တွေ ကြောက်နေရဆဲ ကစားသမားတစ်ဦး ဖြစ်တာကိုလည်း သက်သေပြထားနိုင်ပါသေးတယ်။

ဒါကြောင့် အင်မိုလ်ဘီလီပြောသလို ရော်နယ်ဒို အီတလီမှာ ဆုတံဆိပ်တွေ ထပ်ယူအုံးမှာလား၊အသက်အရွယ်ကြောင့် ဇရာကို မလွန်ဆန်နိုင်တဲ့ လူသားတွေရဲ့ ထုံးစံအတိုင်း ခြေစွမ်း ကျဆင်းသွားတော့မှာလား ဆိုတာကတော့ ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်ရမှာပါ။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD