AD
AD
AD

ယနေ့နံနက်မှာ ဥရောပတလွှားက နောက်ဆုံးရရှိထားတဲ့ သတင်းထူးတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

play

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမား ယယ်ရီမီနာကို ပေါင် ၃၅ သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း The Sun ရဲ့သတင်းတစ်ရပ်အရ သိရပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ဗဟိုခံစစ်နေရာကို အားဖြည့်ဖို့အတွက် လက်စတာစီးတီးအသင်းရဲ့ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွိုင်းယားကိုလည်း ပေါင်သန်း ၆၀ နဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းက ယယ်ရီမီနာကို အငှားချဖို့သာဆန္ဒရှိနေတာဖြစ်ပေမယ့် မီနာက အပြီးပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတာဖြစ်ပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်ကို နောက်ထပ်ခေါ်ယူဖို့ကြိုးပမ်းတော့မှာမဟုတ်ဘူးလို့ AS ရဲ့သတင်းမှာ ဖော်ပြခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြသစ် ဂျူလန်လော့ပတယ်ဂီက အသင်းရဲ့ကွင်းလယ်ကစားသမား အစ်စ်ကိုဟာ အသင်းရဲ့အဓိကကစားသမားဖြစ်လာမယ်လို့ ယူဆခဲ့ပြီး မလိုအပ်ဘဲ ဟာဇက်ကို ပြောင်းရွှေ့ကြေးအများအပြားပေးချေပြီး မခေါ်ယူတော့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ခြေစွမ်းပိုင်းအရ အများကြီးတိုးတက်လာတဲ့ အဆန်စီယိုလည်း ရှိနေတာကြောင့် ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ဟာဇက်ကို ထပ်မံမကြိုးစားတော့ဖို့ ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

play

 

- ဂျူဗင်တပ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့်ကစားသမား ပေါ့ဂ်ဘာကို ခေါ်ယူနိုင်ဖို့အတွက် အသင်းရဲ့ကြယ်ပွင့်ကစားသမား အများအပြားကို ထွက်ခွာခွင့်ပေးဖို့ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကစားသမား ခရစ်စတီယာနိုရော်နယ်ဒိုကို ခေါ်ယူခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ ပေါ့ဂ်ဘာရဲ့ပြောင်းရွှေ့ကြေးအတွက် ကြယ်ပွင့်ကစားသမားအများအပြားကို ရောင်းချဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့ Mirror က ဖော်ပြခဲ့ပါတယ်။ ဂျူဗင်တပ်အသင်း ရောင်းချမယ့်ကြယ်ပွင့်ကစားသမားစာရင်းထဲမှာ ပီဂျာနစ်၊ ဟီဂူအင်၊ ရူဂါနီတို့ ပါဝင်နေတယ်လို့ သိရပါတယ်။

play

 

- ချယ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့တောင်ပံကစားသမား ပူလီဆစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီဖြစ်တယ်လို့ Goal က ဖော်ပြခဲ့ပြီး ဒေါ့မွန်အသင်းကလည်း အသက် ၁၉ နှစ်အရွယ်သာရှိသေးတဲ့ ပူလီဆစ်အတွက် ပေါင် ၆၅ သန်းဝန်းကျင်ခန့်ရရှိမယ်ဆိုရင် ရောင်းချဖို့ စိတ်ဝင်စားနေတယ်လို့ သိရပါတယ်။ ချယ်ဆီးအသင်းရဲ့ပိုင်ရှင် အေဘရာမိုဗစ်ခ်ျဟာ ပူလီဆစ်ကို ခေါ်ယူဖို့အတွက် နည်းပြသစ် မူရီဇီယိုဆာရီနဲ့ ပြောဆိုဆွေးနွေးခဲ့တယ်လို့ သတင်းထဲမှာ ဖော်ပြထားပါတယ်။

play

 

- ရီးရဲမက်ဒရစ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းကို ၂ နှစ်အငှားစာချုပ်နဲ့ လာရောက်ကစားနေတဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာပဲ ဆက်လက်ရှိနေလိုတယ်လို့ ပြောကြားခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းကို ပြန်လည်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းမှာ ဒုတိယရာသီကို စတင်ရတော့မှာဖြစ်တဲ့ ဂျိမ်းစ်ရိုဒရီဂွက်ဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ ဆက်လက်ပြီး ကာလရှည်စာချုပ်နဲ့ ကစားလိုကြောင်း ပြောကြားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD