AD
AD
AD

အာဆင်နယ်အသင်းဟာ စင်ကာပူနိုင်ငံမှာ ချန်ပီယံဖလားပွဲစဉ်အဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ယမန်နေ့ညနေက ယှဉ်ပြိုင်ကစားခဲ့ပြီး ယင်းပွဲစဉ်မှာ အာဆင်နယ်အသင်းက ပီအက်စ်ဂျီအသင်းကို ၅ ဂိုး ၁ ဂိုးနဲ့ ဂိုးပြတ်အနိုင်ရရှိသွားခဲ့ပါတယ်။ ပွဲမစတင်မီ ကွင်းလယ်ဒိုင်က ခေါင်းပန်းလှန်ပြီး ဆုံးဖြတ်ချက်ချမှတ်ရာမှာ အမည်မသိလူတစ်ဦးက ဒိုင်လူကြီးအစား ခေါင်းပန်းလှန်ပေးခဲ့ရာမှာ အကြွေစေ့မဟုတ်ဘဲ အကြွေးဝယ်ကတ်ဖြစ်နေတာကို အာဆင်နယ်ပရိသတ်တွေက တွေ့ရှိခဲ့ပါတယ်။

play
Photos: Mirror

အာဆင်နယ်အသင်းဟာ လာမယ့် သြဂုတ်လ ၂ ရက်နေ့မှာ ချယ်ဆီးအသင်းနဲ့ တွေ့ဆုံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယမန်နေ့ညက ပီအက်စ်ဂျီအသင်းနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်းရဲ့နည်းပြသစ် အမ်မရီအနေနဲ့ အသင်းဟောင်းနဲ့ ပထမဆုံးအကြိမ်အဖြစ် ပြန်လည်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။

 

ပီအက်စ်ဂျီအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲမစတင်မီမှာ မယုံနိုင်စရာအဖြစ်အပျက်တစ်ခုဖြစ်ပျက်ခဲ့တာကို ပရိသတ်တွေက မြင်တွေ့ခဲ့ကြပြီး အချို့တွေက ဘာအဓိပ္ပာယ်မှန်း ချက်ချင်းသဘောမပေါက်ခဲ့ကြပါဘူး။ နှစ်ဖက်အသင်းခေါင်းဆောင်တွေဖြစ်ကြတဲ့ အိုဇေးလ်နဲ့ ရာဘီရော့တို့ဟာ အပြန်အလှန်လက်ဆွဲနှုတ်ဆက်ပြီး ဒိုင်လူကြီးရဲ့ ခေါင်းပန်းလှန်အဆုံးအဖြတ်ပေးမှာကို ပုံမှန်အတိုင်း စောင့်ဆိုင်းနေခဲ့ကြပါတယ်။

play
Photos: Mirror

 

ယင်းအချိန်မှာ မထင်မှတ်တဲ့အဖြစ်အပျက်တစ်ခုဖြစ်ခဲ့ပြီး အခြားပုဂ္ဂိုလ်တစ်ဦးက ကွင်းလယ်ဒိုင်အစား အကြွေစေ့နဲ့မဟုတ်ဘဲ အကြွေးဝယ်ကတ်နဲ့ ခေါင်းပန်းလှန်ပေးခဲ့ပါတယ်။ ပရိသတ်တွေအနေနဲ့ ယင်းအဖြစ်အပျက်ကြောင့် ပြိုင်ပွဲမှာ အကြွေစေ့အစား အကြွေးဝယ်ကတ်နဲ့ တရားဝင် ခေါင်းပန်းလှန်ခွင့်ပေးထားတာလား၊ ဒါမှမဟုတ် ကွင်းလယ်ဒိုင်လူကြီးများ အကြွေစေ့မေ့ကျန်ခဲ့လားလို့ ဒွိဟဖြစ်ခဲ့ကြပါတယ်။

ဒါပေမယ့် အမှန်ကတော့ အဲဒီ ၂ ခုစလုံး လုံးဝမဟုတ်ပါဘူး။ အာရှအရှေ့ပိုင်းနိုင်ငံတွေမှာ ဘဏ်ဝန်ဆောင်မှုလုပ်ငန်းတွေ ပြုလုပ်နေတဲ့ Union Pay International လုပ်ငန်းက နိုင်ငံတကာချန်ပီယံဖလားပြိုင်ပွဲကို စပွန်ဆာပေးထားတာဖြစ်တဲ့အတွက် အာဆင်နယ်အသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ ပွဲစဉ်မတိုင်မီမှာ Union Pay International အကြွေးဝယ်ကတ်နဲ့ ခေါင်းပန်းလှန်ပြီး ကြော်ငြာဝင်သွားတာပါတဲ့။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD