AD
AD
AD

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်နည်းပြ ဂရတ်ဆောက်ဂိတ်အတွက် ပေါင် ၅သန်းတန်စာချုပ်သစ် ကမ်းလှမ်းထားတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ၂၀၁၈ကမ္ဘာ့ဖလားမှာ အသင်းကို ဆီမီးဖိုင်နယ်အဆင့်ထိရောက်အောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့နည်းပြကို အက်ဖ်အေက နှစ်ရှည်စာချုပ် ကမ်းလှမ်းထားတာပါ။

play

အင်္ဂလန်လက်ရွေးစင်အသင်းကို ၂၀၁၈ကမ္ဘာ့ဖလားမှာ အားလုံးမထင်မှတ်ထားတဲ့ အဆင့်တစ်ခုအထိဆွဲတင်ပေးနိုင်ခဲ့တဲ့ နည်းပြ ဆောက်ဂိတ်အတွက်အတွက် အက်ဖ်အေက စာချုပ်သစ်တစ်ရပ် ကမ်းလှမ်းထားပြီး ပုဂ္ဂိုလ်ရေးဆွေးနွေးမှုတွေလုပ်နေပါပြီ။ ဆောက်ဂိတ်ရဲ့အင်္ဂလန်အသင်းဟာ နာမည်ကျော်ကစားသမားအများစုမပါဝင်ပဲ ၂၀၁၈ကမ္ဘာ့ဖလားမှာ ဆီမီးဖိုင်နယ်အထိရောက်ရှိခဲ့လို့ အက်ဖ်အေက လူငယ်နည်းပြကို စာချုပ်သက်တမ်းတိုးဖို့စီစဉ်နေတာပါ။

play

အတည်မပြုနိုင်သေးတဲ့သတင်းတွေအရ ဆောက်ဂိတ်ဟာ စာချုပ်သစ်အရ တစ်နှစ်လုပ်ခလစာ ၂.၅သန်းအထိ ရမှာဖြစ်ပြီး အပိုဆုကြေးတွေနဲ့ပေါင်းရင် တစ်နှစ် ပေါင်၅သန်းအထိဝင်ငွေရှိနိုင်တယ်လို့ အင်္ဂလန်မီဒီယာတွေက ခန့်မှန်းဖော်ပြနေကြပါတယ်။ ဆောက်ဂိတ်ဟာ ၂၀၁၆မှာ နည်းပြ ဆမ်အလာဒွိုက်ရဲ့နေရာကို အစားဝင်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာတော့ အင်္ဂလန်သူရဲကောင်းတစ်ယောက်ဖြစ်နေပါပြီ။

play

အက်ဖ်အေရဲ့အတွင်းသတင်းတွေအရတော့ လက်ရှိကမ်းလှမ်းထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၀ နွေရာသီအထိဖြစ်ပြီး စွမ်းဆောင်ရည်အပေါ်မူတည်ကာ ၂၀၂၂ကာတာကမ္ဘာ့ဖလားအထိ သက်တမ်းတိုးဖို့ရှိတယ်လို့သိရပါတယ်။ အက်ဖ်အေက ဆောက်ဂိတ်ဦးဆောင်တဲ့အင်္ဂလန်အသင်းဟာ ၁၉၉၀ကမ္ဘာ့ဖလားပြိုင်ပွဲဝင် အင်္ဂလန်အသင်းပြီးရင် အကောင်းဆုံးဖြစ်တယ်လို့ သုံးသပ်ခဲ့ကြပါတယ်။

 

play

ဆောက်ဂိတ်ဟာ နည်းပြဘဝကို မစ်ဒယ်ဘရော့အသင်းနဲ့စတင်ခဲ့ပြီး အင်္ဂလန်ယူ-၂၁နည်းပြဘဝကနေ အင်္ဂလန်လက်ရွေးစင်နည်းပြ ဖြစ်လာသူပါ။ အင်္ဂလန်အသင်းကိုဆက်ပြီး တာဝန်ယူဖြစ်ခဲ့မယ်ဆိုရင် ဆောက်ဂိတ်ဟာ ကမ္ဘာ့ဖလားအပြီး ဒီနှစ်မှာပထမဆုံးကျင်းပမယ့် UEFA National League အဖွင့်ပွဲအဖြစ် စက်တင်ဘာ ၈ရက်မှာ စပိန်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD