ထူးခြားသတင်းတွေကိုစုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ယနေ့နံနက်မှာ ဥရောပတလွှားက နောက်ဆုံးရရှိထားတဲ့ ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီးဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

- အာဆင်နယ်အသင်းရဲ့နည်းပြအမ်မရီဟာ လာမယ့်ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေကိုသာ အာရုံစိုက်ထားပြီး အသင်းကနေ ထွက်ခွာဖို့သတင်းတွေထွက်နေတဲ့ ရမ်ဆေးကိုအသင်းမှာဆက်လက်ရှိနေမယ်လို့မျှော်လင့်နေပါတယ်။ အာရွန်ရမ်ဆေးဟာ ယခုရာသီကုန်မှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး ရမ်ဆေးကို ဘာစီလိုနာအသင်းနဲ့ ချယ်ဆီးအသင်းတို့ကခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်လူကာမိုဒရစ်ဟာ အသင်းဥက္ကဌပီးရက်ဇ်နဲ့တွေ့ဆုံဆွေးနွေးပြီးတာနဲ့ ၎င်းရဲ့အနာဂတ်ကို ဆုံးဖြတ်သွားမယ်လို့သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ဖန်တီးရှင် လူကာမိုဒရစ်ကို အင်တာမီလန်အသင်းက စိတ်ဝင်စားနေပြီး လူကာမိုဒရစ်ကလည်း အသင်းကနေထွက်ခွာဖို့ အသင်းတာဝန်ရှိသူတွေနဲ့တိုင်ပင်ဆွေးနွေးနေတယ်လို့ Gianluca Di Marzio က ရေးသားထားပါတယ်။ ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ဟာ နောက်ထပ်ရွေးချယ်စရာတစ်ခုအနေနဲ့ အသင်းဖော်ဟောင်း ခရစ်စတီယာနိုရော်နယ်ဒိုရှိတဲ့ ဂျူဗင်တပ်အသင်းကို ရွေးချယ်နိုင်သေးပြီး ယခုနွေရာသီမှာ အီတလီအသင်းတွေက အပြောင်းအရွှေ့ဈေးကွက်မှာ ပိုမိုလက်သွက်နေတာဖြစ်ပါတယ်။

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာစီးတီးအသင်းရဲ့ ဗဟိုခံစစ်ကစားသမား ဟယ်ရီမက်ဂွိုင်းယားကို ခေါ်ယူဖို့ မအောင်မြင်ခဲ့တဲ့အတွက် ဘာစီလိုနာအသင်းရဲ့နောက်ခံကစားသမားယယ်ရီမီနာကို မဖြစ်မနေခေါ်ယူရတော့မှာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ဇန်နဝါရီအပြောင်းအရွှေ့ကာလက ပြောင်းရွှေ့ခဲ့တဲ့ ယယ်ရီမီနာဟာ ဥရောပကစားသမားမဟုတ်တဲ့အတွက် လာလီဂါရဲ့လူစာရင်းစည်းမျဉ်းစည်းကမ်းအရ ဘာစီလိုနာအသင်းဟာ ယယ်ရီမီနာကို မဖြစ်မနေရောင်းထုတ်ရတော့မယ်လို့ သိရပါတယ်။

- တော့တင်ဟမ်ဟော့စပါးအသင်းဟာ ဘုန်းမောက်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမား လူးဝစ်ကွတ်ခ်ကို ပေါင်သန်း ၃၀ နဲ့ခေါ်ယူဖို့ ကမ်းလှမ်းထားတယ်လို့သိရပါတယ်။ လူးဝစ်ကွတ်ခ်ဟာ ပြီးခဲ့တဲ့နွေရာသီက ယူ-၂၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်အသင်းကို အောင်မြင်မှုရရှိအောင် ဦးဆောင်ပြီးကစားပေးခဲ့တဲ့ အင်္ဂလန်ယူ-၂၀ အသင်းခေါင်းဆောင်ဖြစ်ပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကစားသမား ကိုဗာဆစ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွှေ့လိုခြင်းမရှိဘူးလို့ သိရပါတယ်။ အကြောင်းအရင်းကတော့နည်းပြမော်ရင်ဟိုရဲ့ လက်အောက်မှာလုံးဝမကစားချင်တဲ့အတွက်ဖြစ်တယ်လို့ သိရပါတယ်။

 

- ဘာစီလိုနာအသင်းရဲ့ နည်းစနစ်ဒါရိုက်တာ အဲရစ်အဘီဒယ်က မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာနဲ့ တွေ့ဆုံခဲ့တယ်ဆိုတဲ့သတင်းတွေကို ငြင်းပယ်ခဲ့ပါတယ်။ အဘီဒယ်ဟာ မန်ယူအသင်းနေ ထွက်ခွာလိုနေတဲ့ ပေါ့ဂ်ဘာကို ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ဖို့ ဆွေးနွေးခဲ့တယ်လို့ Mundo Deportivo က ဖော်ပြခဲ့တာဖြစ်ပါတယ်။

Share

Loading Next Article...
က္က