AD
AD
AD

ရီးရဲမက်ဒရစ်အသင်းရဲ့ဘုတ်အဖွဲ့ဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်နေတဲ့ အသင်းရဲ့ကွင်းလယ် ကြယ်ပွင့်ကစားသမားတွေထဲကတစ်ဦးကို ဒေါသထွက်နေကြတယ်လို့ သိရပါတယ်။ မိုဒရစ်ဟာ ခရိုအေးရှားလက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ အိုင်ဗန်ပါရီဆစ်၊ ဗာဆယ်ကို၊ ဘရိုဇိုဗစ်တို့နဲ့အတူ တွဲဖက်ကစားဖို့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပါတယ်။

play
Photos: Sky Sports

ရီးရဲမက်ဒရစ်အသင်းရဲ့ ကွင်းလယ်ကြယ်ပွင့် လူကာမိုဒရစ်ဟာ ယခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ အသင်းကနေ ထွက်ခွာဖို့ သတင်းတွေ ထွက်ပေါ်နေသူဖြစ်ပြီး လက်ရှိအချိန်အထိ ရီးရဲမက်ဒရစ်အသင်းရဲ့လေ့ကျင့်ရေးကွင်းကို ပြန်လည်မရောက်ရှိသေးသူဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ လူကာမိုဒရစ်ကို ရောင်းချမှာမဟုတ်ကြောင်း ပြီးခဲ့တဲ့အပတ်က ဥက္ကဌဖလော်ရန်တီနိုပီးရက်ဇ်ကိုယ်တိုင် ပြောဆိုထားပြီး ပြောင်းရွှေ့ကြေးကို မဖြစ်နိုင်တဲ့ဈေးနှုန်းသတ်မှတ်ခဲ့တာဖြစ်ပါတယ်။

 

ခရိုအေးရှားလက်ရွေးစင်အသင်းခေါင်းဆောင် လူကာမိုဒရစ်ဟာ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ပါရီဆစ်၊ ဗာဆယ်ကို၊ ဘရိုဇိုဗစ်တို့ရှိတဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ပြီး အတူတွဲဖက်ကစားချင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ကြားသိရတဲ့သတင်းအရ လူကာမိုဒရစ်ဟာ နိုင်ငံအသစ်မှာ စိန်ခေါ်မှုအသစ်တွေကို ရှာဖွေလိုနေတယ်လို့ သိရပြီး ရီးရဲမက်ဒရစ်အသင်းရဲ့နည်းပြသစ် ဂျူလန်လော့ပတယ်ဂီကတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားဆု ရွှေဘောလုံးကို ရရှိခဲ့တဲ့ မိုဒရစ်ကို ရော်းချလိုတဲ့ဆန္ဒမရှိကြောင်း ပြောကြားထားပါတယ်။

play
Photos: Soccerladuma

 

El Mundo ရဲ့သတင်းအရ ရီးရဲမက်ဒရစ်အသင်းဟာ လူကာမိုဒရစ်နဲ့ ၎င်းရဲ့ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ ဗလာဒိုလီမစ်၊ မီဂျာတိုဗစ်တို့ ဘာတစ်ခွန်းမှ မဟဘဲ ဆိတ်ဆိတ်နေပြီး ဝန်ခံနေတာကို ဒေါသထွက်နေတယ်လို့ သိရပါတယ်။ ရီးရဲမက်ဒရစ်အသင်းကနေ ယခုနွေရာသီမှာ ထွက်ခွာဖွယ်ရှိနေတယ်ဆိုတဲ့သတင်းတွေကို ရီးရဲမက်ဒရစ်အသင်းက လုပ်စေချင်တဲ့အတိုင်း လူကာမိုဒရစ်ရော၊ ၎င်းရဲ့အေးဂျင့်ကပါ မပြုလုပ်ဘဲ တိတ်ဆိတ်နေတာဖြစ်ပါတယ်။

လူကာမိုဒရစ်ဟာ ၂၀၁၂ ခုနှစ်မှာ တော့တင်ဟမ်ဟော့စပါးအသင်းကနေ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ၆ နှစ်အတွင်း ရီးရဲမက်ဒရစ်အသင်းအတွက် ၂၅၇ ပွဲပါဝင်ကစားပေးခဲ့ပါတယ်။ ဒါ့အပြင် လူကာမိုဒရစ်ဟာ စပိန်ကို စတင်ရောက်ရှိချိန်ကတည်းကနေ ယနေ့အချိန်အထိ ဥရောပချန်ပီယံလိဂ်ဖလား ၄ ကြိမ်အပါအဝင် ဆုဖလား စုစုပေါင်း ၁၄ လုံးကို ကိုင်မြှောက်နိုင်ခဲ့တဲ့ကစားသမားဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD