အကြောင်းအရင်းများစွာရှိတယ်လို့ ပြောခဲ့ပါတယ်။

ခရစ်စတီယာနိုုရော်နယ်ဒိုဟာ ဘာနေဗျူးမှာ ၉ နှစ်ကြာကစားပြီးနောက် ယခုနွေရာသီအစောပိုင်းမှာ ရီးရဲမက်ဒရစ်အသင်းကနေ အီတလီစီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့သူဖြစ်ပါတယ်။ တူရင်မြေမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ ဂျူဗင်တပ်အသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ ခရစ်စတီယာနိုရော်နယ်ဒို ဂိုးသွင်းယူခဲ့ရာကနေ အပြောင်းအရွှေ့ဖြစ်စဉ်အစပြုခဲ့တာဖြစ်ပါတယ်။



Ronaldo-1457115.jpg

Photos: Express

ဘလွန်းဒီအော် ၅ ဆုပိုင်ရှင် ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဗိုလ်လုပွဲမှာ လီဗာပူးအသင်းကို အနိုင်ယူပြီး ရီးရဲမက်ဒရစ်အသင်း ချန်ပီယံလိဂ်ဖလားကို ၃ နှစ်ဆက်တိုက် ကိုင်မြှောက်နိုင်အောင် အဓိကအခန်းကဏ္ဍကနေ စွမ်းဆောင်ပေးခဲ့သူဖြစ်ပါတယ်။ ယင်းဗိုလ်လုပွဲအပြီးမှာပဲ အသက် ၃၃ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဟာ အသင်းပြောင်းရွှေ့ဖို့စဉ်းစားနေကြောင်း ပြောကြားပြီးနောက် မကြာမီမှာပဲ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာဖြစ်ပါတယ်။

အသင်းက အပြစ်ပေးမှာကို စိုးရိမ်နေတဲ့ ပေါ့ဂ်ဘာ 

ပေါ်တူဂီလက်ရွေးစင်အသင်းခေါင်းဆောင် ခရစ်စတီယာနိုရော်နယ်ဒိုက ဧပြီလက တူရင်မြေမှာ ၎င်းသွင်းယူခဲ့တဲ့ အံ့မခန်းသွင်းဂိုးနဲ့ပတ်သက်ပြီး ဂျူဗင်တပ်ပရိသတ်တွေရဲ့ တုံ့ပြန်မှုဟာ အီတလီကို ပြောင်းရွှေ့ဖို့အတွက် အဓိကအချက်အနေနဲ့ ပါဝင်ခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Photos: Express

 

"ကျွန်တော် အစတုန်းက အံ့အားသင့်သလို ခံစားခဲ့ရပါတယ်"

"ကျွန်တော် ဂျူဗင်တပ်အသင်းရဲ့ပွဲတွေကို ကြည့်နေကျဖြစ်ပြီး အသင်းကိုလည်း နှစ်သက်ပါတယ်။ ဒါပေမယ့် အဲဒီအခိုက်အတံ့မှာပဲ သူတို့ကို ပိုလို့တောင် နှစ်သက်သွားမိပါတယ်"

"အဲဒါက ကျွန်တော့်ဆုံးဖြတ်ချက်ရဲ့အဓိကသော့ချက်လို့ မပြောဘူးနော်။ ဒါပေမယ့် အသေးစိတ်အချက်လေးတွေအားလုံးက အကူအညီဖြစ်စေခဲ့တာပါ။ ဖြစ်ရင်လည်း ဖြစ်နိုင်ပါတယ်။ ဟုတ်တာပေါ့။ ခင်ဗျားလို လူမျိုးတွေကို မြင်လိုက်ရတဲ့အချိန်မှာ၊ ပရိသတ်တွေရော၊ ခင်ဗျားကစားနေတဲ့အသင်းလိုမျိုး အသင်းကိုရော မြင်လိုက်ရတဲ့အချိန်မှာ ခံစားချက်က လုံးဝကွဲပြားခြားနားပါတယ်"

"မယုံကြည်နိုင်စရာပါပဲ။ ကျွန်တော် အဲဒီအဖြစ်အပျက်ကို နေ့တိုင်းသတိရနေတယ်။ ကျွန်တော့်ဘဝမှာ ဒါမျိုး တစ်ခါမှ မကြုံခဲ့ဖူးဘူးလေ။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဂျူဗင်တပ်အသင်းနဲ့ ကွာတားဖိုင်နယ်မှာတွေ့ဆုံပြီး ခင်ဗျား ဂိုးသွင်းလိုက်တယ်။ ကွင်းထဲမှာ ရှိသမျှ လူတွေအားလုံးက လက်ခုပ်တီးချီးကျူးဂုဏ်ပြုနေကြတယ်။ အဲဒါ မယုံကြည်နိုင်လောက်တဲ့ ခံစားချက်ပဲ"

"ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သေချာခဲ့တဲ့အခိုက်အတံ့မရှိခဲ့ပါဘူး။ ဒီနှစ်ပိုင်းတွေထဲမှာ ကျွန်တော်တို့ ဂျူဗင်တပ်အသင်းနဲ့ အကြိမ်ရေအနည်းငယ် တွေ့ဆုံယှဉ်ပြိုင်ခဲ့ရတယ်။ အီတလီပရိသတ်တွေက ရော်နယ်ဒိုကို နှစ်သက်ကြတဲ့အတွက် ထူးဆန်းတဲ့ခံစားမှုမျိုး ကျွန်တော် ခံစားခဲ့ရတယ်"လို့ ပြောကြားခဲ့ပါတယ်။

ခရစ်စတီယာနိုရော်နယ်ဒိုဟာ ဂျူဗင်တပ်အသင်းရဲ့ကစားသမားဖြစ်ဖို့ကို ငယ်စဉ်က အိပ်မက်မက်ခဲ့ဖူးကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

"ကျွန်တော် ကလေးဘဝကတည်းက ဒီအသင်းကို ကြည့်ပြီး တစ်နေ့ကျ အဲဒီမှာ ငါ ကစားနိုင်ရမယ်လို့ မျှော်လင့်မိခဲ့ပါတယ်"

"ဂျူဗင်တပ်အသင်းက အီတလီမှာ အကြီးမားဆုံးအသင်းကြီးတစ်သင်းပါ။ ကမ္ဘာပေါ်က အကောင်းဆုံးအသင်းတစ်သင်းလည်း ဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော် အသင်းပြောင်းရွှေ့ဖို့အတွက် ဆုံးဖြတ်ချက် လွယ်လွယ်ကူကူချမှတ်နိုင်ခဲ့ပါတယ်"

"ကျွန်တော့်အနေနဲ့ ပုံစံကောင်းရရှိနေချင်တယ်။ အသင်းကို ကူညီချင်တယ်။ ဆုဖလားတွေ ရယူချင်တယ်။ ကျွန်တော် ဆက်လုပ်ချင်နေတာက အဲဒါတွေပါပဲ"လို့ ပြောကြားခဲ့ပါတယ်။

Share

Loading Next Article...
က္က