ဘာစီလိုနာသမိုင်းတစ်လျှောက် အအောင်မြင်ဆုံးကစားသမား ဖြစ်လာတာပါ။

ဘာစီလိုနာအသင်းရဲ့ အာဂျင်တီးနားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာရဲ့ အမြဲတမ်းအသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရပြီးနောက် ပထမဆုံးကစားခဲ့တဲ့ပွဲမှာ အနိုင်ရရှိခဲ့ပြီး စပိန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဆီဗီလာကို အနိုင်ယူပြီး စူပါဖလား ရရှိခဲ့အပြီးမှာ မက်ဆီဟာ စံချိန်မှတ်တမ်းတစ်ခုကိုလည်း ပိုင်ဆိုင်ခဲ့ပါသေးတယ်။


Photo : Goal.com

 

ဘာစီလိုနာအသင်းရဲ့ သမိုင်းတစ်လျှောက် အောင်မြင်မှုအများဆုံး ရရှိခဲ့တဲ့ ကစားသမားအဖြစ် မက်ဆီက မှတ်တမ်းဝင်ခဲ့တာ ဖြစ်ပါတယ်။ ဆီဗီလာကို အနိုင်ရအပြီး စပိန်စူပါဖလားကို (၁၃)ကြိမ်မြောက်အဖြစ် ဘာစီလိုနာက ပိုင်ဆိုင်နိုင်ခဲ့ချိန်မှာ မက်ဆီဟာ ဘာစီလိုနာကစားသမားဘ၀ ဆုဖလား (၃၃)လုံး ရရှိခဲ့တဲ့ ကစားသမား ဖြစ်လာခဲ့ပါတယ်။

ဆီဗီလာကို အနိုင်ယူပြီး စပိန်စူပါဖလားကို ဆွတ်ခူးခဲ့တဲ့ ဘာစီလိုနာ 

Photo : Goal.com

 

အင်နီယေစတာရဲ့ အသင်းခေါင်းဆောင်နေရာကို ဆက်ခံခဲ့တဲ့ မက်ဆီဟာ ကစားသမားဘ၀ အံ့အားသင့်ဖွယ်ရာ အောင်မြင်မှုတွေကို ထပ်မံပိုင်ဆိုင်နိုင်ခဲ့ပြီး သမိုင်းသစ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့အတူ မက်ဆီဟာ ချန်ပီယံလိဂ်ဖလား (၄)လုံး၊ လာလီဂါ အမှတ်ပေးဖလား (၉)လုံး နဲ့ စပိန်ကိုပါဒယ်ရေးဖလား (၆)လုံး ပိုင်ဆိုင်ခဲ့ပြီ ဖြစ်ပါတယ်။

Photo : Goal.com

 

ဒါ့အပြင် စပိန်စူပါဖလား (၈)လုံး၊ ဖီဖာကမ္ဘာ့ကလပ်ဖလား (၃)လုံး နဲ့ ဥရောပစူပါဖလား (၃)လုံးကိုလည်း မက်ဆီက ဘာစီလိုနာနဲ့အတူ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဘလွန်းဒီအောဆု (၅)ကြိမ်အထိ ရရှိထားတဲ့ အသက် (၃၁)နှစ်အရွယ် စူပါစတားတိုက်စစ်မှူး လီယွန်နယ်မက်ဆီဟာ ဘာစီလိုနာနဲ့အတူ တစ်သက်တာစာချုပ် ချုပ်ဆိုထားသူလည်း ဖြစ်ပါတယ်။

Photo : Goal.com

 

ဘာစီလိုနာအသင်းဟာ နောက်ထပ်ရာသီကြိုပွဲအဖြစ် ဘိုကာဂျူနီယာအသင်းနဲ့ ဂျိုအန်ဂမ်ပါဖလားပွဲကို ဗုဒ္ဓဟူးနေ့မှာ ကစားရဦးမှာ ဖြစ်ပါတယ်။ အဆိုပါပွဲစဉ်အပြီးမှာတော့ လာလီဂါအမှတ်ပေးပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် အလာဗက်စ်အသင်းနဲ့ စနေနေ့မှာ ကစားရမယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က