ရော်နယ်ဒိုလိုမျိုး စီးရီးအေမှာထပ်မံအောင်မြင်လိုတာကြောင့်လို့ ပြောခဲ့ပါတယ်။

ရီးရဲမက်ဒရစ်အသင်းရဲ့ကြယ်ပွင့်ကွင်းလယ်ကစားသမား လူကာမိုဒရစ်ဟာ ဘာနေဗျူးကို စွန့်ခွာပြီး အီတလီကို ပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေသူဖြစ်ပြီး ၎င်းရဲ့အေးဂျင့်က ဘာကြောင့် အသင်းပြောင်းရွှေ့ဖို့ ရှာဖွေနေရလဲဆိုတာကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

modric-2-e1533719375660.jpg

Photos: AS

အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရတဲ့ လူကာမိုဒရစ်ဟာ ပြီးခဲ့တဲ့အပတ်က စီးရီးအေထိပ်သီးအသင်းကြီးဖြစ်တဲ့ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့သွားတဲ့ အသင်းဖော်ဖြစ်သူ ခရစ်စတီယာနိုုရော်နယ်ဒိုလိုမျိုး နောက်ထပ်စိန်ခေါ်မှုတွေ ထပ်မံရှာဖွေလိုနေတာကြောင့် အပြောင်းအရွှေ့ဖြစ်မြောက်နိုင်ခြေများတယ်လို့ သိရပါတယ်။

မိုရစ်ရဲ့အေးဂျင့်ဖြစ်တဲ့ မာကိုနာလယ်တီလစ်က မိုဒရစ်အနေနဲ့ စီးရီးအေကို ပြောင်းရွှေ့မယ့် နောက်ဆုံးကြယ်ပွင့်ကစားသမားတစ်ဦး ဖြစ်ချင်တဲ့ဆန္ဒရှိနေကြောင်းကို ပြောပြသွားခဲ့ပါတယ်။

Photos: Soccerladuma

 

"တကယ်တော့ အင်တာမီလန်အသင်းက သူ့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တယ်။ ပြီးတော့ မိုဒရစ်က အီတလီဘောလုံးလောကမှာ ရော်နယ်ဒိုရဲ့လွှမ်းမိုးမှုက ရှိနှင့်နေပြီးသားဆိုတာကို စဉ်းစားနေခဲ့တယ်"

"ဘယ်လိုအကြောင်းပြချက်မျိုးအတွက်ပဲဖြစ်ဖြစ် မိုဒရစ်ဟာ စီးရီးအေမှာ အင်တာမီလန်အသင်းနဲ့အတူ ကြယ်ပွင့်ကစားသမားဖြစ်ချင်နေပါတယ်။ ကြည့်ကြတာပေါ့။ လူကာမိုဒရစ်အနေနဲ့ အနှေးနဲ့အမြန် အီတလီမှာ ကစားလိမ့်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်"

"သူ့ရဲ့အသက်လောက်ရှိတဲ့သူတွေအားလုံးလိုမျိုးပဲ၊ သူကလည်း အီတလီဘောလုံးပွဲတွေကို ကြည့်ရှုပြီး ကြီးပြင်းလာခဲ့တာပါ"လို့ ပြောကြားခဲ့ပါတယ်။

အသင်းပြောင်းရွှေ့ဖို့ သတင်းတွေထွက်ပေါ်နေတဲ့ လူကာမိုဒရစ်ဟာ ဗုဒ္ဓဟူးနေ့မှာ ဥရောပစူပါဖလားလုပွဲအဖြစ် အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားသွားမယ့် ရီးရဲမက်ဒရစ်အသင်းရဲ့ပွဲထွက်လူစာရင်းမှာ ပါဝင်နေတယ်လို့ သိရပြီး ရီးရဲမက်ဒရစ်အသင်းအနေနဲ့ လူကာမိုဒရစ်ကို ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်နေပါတယ်။

Share

Loading Next Article...
က္က