ထူးခြားသတင်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

ယနေ့နံနက်မှာ ဥရောပတလွှားက နောက်ဆုံးရရှိထားတဲ့ထူးခြားသတင်းတွေကို Duwun Sports ပရိသတ်ကြီး ဖတ်ရှုနိုင်အောင် စုစည်းတင်ဆက်ပေးလိုက်ပါတယ်။

 

- ပုံမှန်ရာသီ မစတင်မီမှာ အပြောင်းအရွှေ့ဈေးကွက် ပိတ်သိမ်းခဲ့တာ ၁ နှစ်ကြာပြီးနောက် ပရီးမီးယားလိဂ်ကလပ်အသင်းတွေဟာ အပြောင်းအရွှေ့ပိတ်သိမ်းမယ့်နောက်ဆုံးအချိန်ကို သြဂုတ်လကုန်အထိ ပြန်လည်ပြောင်းရွှေ့ပေးဖို့ မဲဆန္ဒပေးကြမှာဖြစ်တယ်လို့ Mirror က ရေးသားထားပါတယ်။ ယခုလက်ရှိကျင့်သုံးနေတဲ့စနစ်ကို အနည်းဆုံးအသင်း ၂ သင်းခန့်က မဲပေးခဲ့ကြတာဖြစ်ပြီး အေးဂျင့်တွေက အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းသွားပေမယ့် အခြားလိဂ်တွေက ပရီးမီးယားလိဂ်ကစားသမားတွေကို ခေါ်ယူသွားခွင့်ရှိနေပြီး ပြန်လည်အစားထိုးဖို့အတွက် ကစားသမားခေါ်ယူခွင့်မရတာဟာ ပရီးမီးယားလိဂ်အသင်းတွေအတွက် အကျိုးမရှိဘူးလို့ ယုံကြည်နေကြတာဖြစ်ပါတယ်။

 

- ရီးရဲမက်ဒရစ်အသင်းကို ၃ နှစ်ဆက်တိုက် ဥရောပချန်ပီယံလိဂ်ဖလား ရယူပေးနိုင်ခဲ့တဲ့ ရီးရဲမက်ဒရစ်နည်းပြဟောင်း ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့နည်းပြ မော်ရင်ဟိုရဲ့နေရာကို ရယူလိုနေတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီကုန်မှာ ရီးရဲမက်ဒရစ်အသင်းကနေ ရုတ်တရက်ထွက်ခွာသွားတဲ့ ဇီဒန်းဟာ အင်္ဂလန်ကို လာရောက်နည်းပြလိုနေတာဖြစ်တယ်လို့ L'Equipe က ဖော်ပြခဲ့ပါတယ်။

- ချယ်ဆီးအသင်းရဲ့နည်းပြ ဆာရီဟာ လက်စတာစီးတီးအသင်းကနေ ခေါ်ယူထားတဲ့ ဒန်နီဒရင့်ဝါတာကို အငှားချဖို့အတွက် ဆုံးဖြတ်လိုက်ပြီဖြစ်တယ်လို့ Express က ဖော်ပြခဲ့ပါတယ်။ ချယ်ဆီးအသင်းက အသစ်ခေါ်ယူလိုက်တဲ့ ဂျော်ဂျင်ဟိုနဲ့ မက်တီအိုကိုဗာဆစ်တို့ကြောင့် ဒရင့်ဝါတာဟာ ၎င်းအတွက် ပွဲထွက်ခွင့်ပျောက်ဆုံးသွားပြီဆိုတာကို အလိုအလျောက်နားလည်ခဲ့ပြီးဖြစ်ပါတယ်။

 

- ဘာစီလိုနာအသင်းဟာ အသင်းရဲ့လစ်ဟာနေတဲ့ ကွင်းလယ်နေရာအတွက် ကြယ်ပွင့်ကစားသမားတစ်ဦးကို ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ရာဘီရော့ကို ယူရိုသန်း ၅၀ ပေးချေပြီး ခေါ်ယူမယ်ဆိုရင် ရောင်းချသွားမှာဖြစ်တယ်လို့ ပီအက်စ်ဂျီအသင်းက ဘာစီလိုနာအသင်းကို ပြောကြားခဲ့တယ်လို့ Don Balon က ရေးသားထားပါတယ်။

- လက်စတာစီးတီးအသင်းရဲ့ကြယ်ပွင့်နောက်ခံကစားသမား ဟယ်ရီမက်ဂွိုင်းယားဟာ များပြားတဲ့ပမာဏနဲ့ စာချုပ်သစ်ကို ချုပ်ဆိုဖို့ နီးစပ်နေပြီလို့ The Telegraph က ရေးသားထားပါတယ်။ ယခုနွေရာသီမှာ မန်ချက်စတာယူူနိုက်တက်အသင်းဟာ  မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ပေမယ့် မက်ဂွိုင်းယားက အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းချိန်အထိ အသင်းမှာ ရှိနေခဲ့သူဖြစပါတယ်။ အသက် ၂၅ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မက်ဂွိုင်းယားကို လက်စတာစီးတီးအသင်းက ကမ်းလှမ်းမယ့်စာချုပ်သစ်မှာ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်းခွဲအထိရရှိမယ်လို့ သိရပါတယ်။

Share

Loading Next Article...
က္က