အချက်ရေ ၁၀၀ ခန့်ပစ်ခတ်ခဲ့တာပါ။

မက္ကဆီကိုနိုင်ငံက အပျော်တမ်းဘောလုံးပွဲ ကျင်းပနေစဉ် ကွင်းအတွင်းကို လက်နက်ကိုင်ဆောင်ထားတဲ့ လူဆိုးဂိုဏ်းတစ်ဂိုဏ်းက ဝင်ရောက်ပစ်ခတ်ခဲ့တာကြောင့်် ကျောနံပါတ် ၉ ဝတ်ဆင်ထားတဲ့ကစားသမား သေနတ်ထိမှန်ပြီး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။

 

ပြည်တွင်းက ရရှိတဲ့သတင်းတွေအရ ရိုင်ဖယ်သေနတ်ကိုယ်စီ ကိုင်ဆောင်ထားတဲ့ လူဆိုးတွေဟာ ပရိသတ်တွေရဲ့ မိုဘိုင်းဖုန်းနဲ့ ပိုက်ဆံအိတ်တွေကို လုယက်ပြီးနောက် ပြန်ပေးဆွဲသွားခဲ့တယ်လို့ သိရပါတယ်။ လူမိုက်ဂိုဏ်းဟာ တော့ချ်တီပက်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ရီးရဲတီပီကာအသင်းရဲ့ ကျောနံပတ် ၉ ဝတ်ဆင်ထားသူကို မပစ်ခတ်မီမှာ ပွဲကြည့်ပရိသတ်တွေကို မေးမြန်းခဲ့တယ်လို့ သိရပါတယ်။

သွေးအိုင်ထဲမှာ လဲကျသေဆုံးနေတဲ့ ဘောလုံးသမားဟာ အသက် ၂၀ ကျော်သာ ရှိသေးပြီး ရဲတပ်ဖွဲ့နဲ့ စုံထောက် စုစုပေါင်း အယောက် ၄၀ ခန့် အခင်းဖြစ်ပွားရာကွင်းထဲကို ဝင်ရောက်စစ်ဆေးခဲ့ရာမှာ ကျည်ဆန်အခွံ ၁၀၀ ခန့်ကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ပြည်တွင်းမီဒီယာတစ်ခုရဲ့ ဖော်ပြချက်အရ လူဆိုးဂိုဏ်းဟာ အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ဦးကို ကွင်းထဲက ထွက်ခွာချိန်မှာ ဓားစာခံအဖြစ် ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။

 

ရဲတပ်ဖွဲ့ရဲ့ပြောကြားချက်အရ လူသတ်သမားဟာ ပြီးခဲ့တဲ့နေ့က ဓာတ်ဆီဆိုင်ကို တိုက်ခိုက်ခဲ့သူနဲ့ ဆက်စပ်နေတယ်လို့ သိရပြီး လက်ရှိအချိန်အထိ သံယသဖြစ်ဖွယ် လူတစ်ဦးကိုမှ ဖမ်းဆီးရမိခြင်းမရှိသေးဘူးလို့ သိရပါတယ်။ လူဆိုးဂိုဏ်းက ဘောလုံးကွင်းကနေ အထွက်မှာ ပြန်ပေးဆွဲသွားခဲ့တဲ့ ဓားစာခံအဖြစ် ပြန်ပေးဆွဲခေါ်ဆောင်သွားတဲ့ ဆယ်ကျော်သက်ကိုတော့ အခင်းဖြစ်ပွားပြီး နာရီအနည်းငယ်အကြာမှာပဲ အနီးနားက မော်တော်ကားလမ်းပေါ်မှာ ပြန်တွေ့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လူဆိုးဂိုဏ်းကနေ ပြန်လည်လွတ်မြောက်လာတဲ့ ဆယ်ကျော်သက်ရဲ့ ပြောစကားအရ ၎င်းကို ခေါ်ဆောင်လာခဲ့တဲ့လူဆိုးနဲ့ အခြားတစ်ယောက်တို့ အပြန်အလှန် အချင်းများခဲ့ပြီး နောက်ဆုံးမှာတော့ လွှတ်ပေးဖို့ တွေးမိခဲ့တာဖြစ်တယ်လို့ သိပါတယ်။။

Share

Loading Next Article...
က္က