ကစားသမား (၄)ဦးကို ရွေးချယ်ခဲ့တာပါ။

အက်သလက်တီကိုမက်ဒရစ်အသင်းဟာ လာမယ့်ရာသီသစ်အတွက် အသင်းရဲ့ အသင်းခေါင်းဆောင်စာရင်းကို ထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင်အဖြစ် ကစားသမား (၄)ဦးရဲ့ နာမည်စာရင်းကို ထုတ်ပြန်ကြေငြာခဲ့ပြီး အသင်းခေါင်းဆောင်ဟောင်း ဂါဘီရဲ့ နေရာကို ဆက်ခံသူများအဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

 

အက်သလက်တီကိုအတွက် ပြိုင်ပွဲစုံ (၃၅၀)ခန့် ကစားပေးခဲ့ပြီး (၇)နှစ်ကြာ အသင်းမှာ ကျင်လည်ခဲ့တဲ့ ဂါဘီဟာ ကာတာကလပ် အယ်လ်ဆတ်ဒ်အသင်းကို ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အယ်လ်ဆတ်ဒ်အသင်းမှာတော့ ဘာစီလိုနာရဲ့ ကြယ်ပွင့်ကစားသမားဟောင်းကြီး ဇာဗီလည်း ကစားနေပြီး အသင်းဖော်များအဖြစ် ဆုံတွေ့တော့မှာ ဖြစ်ပါတယ်။

 

အက်သလက်တီကိုအသင်းရဲ့ အသင်းခေါင်းဆောင် (၄)ဦးစာရင်းမှာ ဒီယေဂိုဂိုဒင်၊ ကိုကီ၊ ဂရစ်မန်းဇ် နဲ့ ဟွမ်ဖရန်တို့ ပါဝင်လာကြပြီး အသင်းခေါင်းဆောင်ဟောင်း ဂါဘီက သူ့ရဲ့ တွစ်တာအကောင့်ကတဆင့် အဆိုပါကစားတွေကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ ဒီယေဂိုဂိုဒင်က အသင်းရဲ့ ပထမခေါင်းဆောင်အဖြစ် တာဝန်ယူရတော့မှာ ဖြစ်ပါတယ်။

 

အက်သလက်တီကိုအသင်းမှာ (၈)နှစ်ကြာ ဆက်လက်ရှိနေတဲ့ ဂိုဒင်က အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံရမှုပေါ်မှာ ဂုဏ်ယူနေပြီး သူ့အတွက် ပိုမိုကြီးလေးတဲ့ တာဝန်တွေကို ထမ်းဆောင်ရတော့မှာ ဖြစ်တယ်လို့ ဖွင့်ဟပြောကြားခဲ့ပါတယ်။ နောက်ထပ်အသင်းခေါင်းဆောင် အဖြစ် အသက် (၈)နှစ်အရွယ်ကတည်းက အက်သလက်မှာ ကစားနေခဲ့တဲ့ ကိုကီက ရွေးချယ်ခံခဲ့ရပါတယ်။

 

အက်သလက်တီကိုအသင်း ရွေးချယ်ခဲ့တဲ့ ကစားသမားတွေရဲ့ ကလပ်အသင်းအတွက် စုစုပေါင်း ကစားပေးခဲ့တဲ့ ပွဲအရေအတွက်ဟာ ပွဲပေါင်း (၁၂၅၅)ပွဲအထိ ရှိခဲ့ပြီး နည်းပြဆီမြွန်နီကတော့ ဥရုဂွေးအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူနေတဲ့ ဂိုဒင်ကို ကလပ်အသင်း ရဲ့ ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပြီး အသင်းကို ကွင်းအတွင်းမှာ ထိန်းကျောင်းစေတော့မှာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က