အသင်းနဲ့ စာချုပ်သက်တမ်းမတိုးရသေးသူဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမား ဒီယေဂိုဂိုဒင်က ၎င်းရဲ့စာချုပ်သက်တမ်းကို တိုးမြှင့်ဖို့အတွက် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို အသုံးချခဲ့ခြင်းမရှိကြောင်း ပြောကြားခဲ့ပါတယ်။ ဂိုဒင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကမ်းလှမ်းမှုကို ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့်လို့ အကြောင်းပြ ပယ်ချခဲ့တာဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့ ယခုအချိန်အထိ စာချုပ်သစ် မချုပ်ရသေးသူဖြစ်ပါတယ်။

Diego-Godin-987564.jpg

Photos: Daily Express

မန်ချက်စတာယူနိုက်တက်အသင်းဟာ အတွေ့အကြုံရင့်ကျက်နေပြီဖြစ်တဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းရဲ့ ဝါရင့်နောက်ခံကစားသမား ဒီယေဂိုဂိုဒင်ကို ပြီးခဲ့တဲ့အပတ် အပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းခါနီးအချိန်အထိ ခေါ်ယူဖို့ စိတ်ဝင်စားခဲ့တာဖြစ်ပါတယ်။

လက်နက်ကိုင်လူဆိုးဂိုဏ်းရဲ့ကွင်းထဲဝင်ရောက်ပစ်ခတ်မှုှုကြောင့် ကစားသမားတစ်ဦး သေဆုံး 

ဒါပေမယ့် ဂိုဒင်ဟာ အက်သလက်တီကိုမက်ဒရစ်အသင်းမှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပြီး မန်ချက်စတာယူနိုက်တက်အသင်းက ၎င်းတို့ရဲ့စိတ်ဝင်စားမှုဟာ အသက် ၃၂ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒီယေဂိုဂိုဒင်ရဲ့စာချုပ်သက်တမ်းတိုးဖို့အတွက် အခွင့်အရေးကောင်းကို ဖန်တီးပေးသလိုဖြစ်ခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။

Photos: Skysports

 

ဒီယေဂိုဂိုဒင်ဟာ ယနေ့ညမှာ ဥရောပစူပါဖလားဗိုလ်လုပွဲစဉ်အဖြစ် ရီးရဲမက်ဒရစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲစဉ်မတိုင်မီမှာ ယင်းဖြစ်ရပ်နဲ့ ပတ်သက်ပြီး ငြင်းဆိုသွားခဲ့တာဖြစ်ပါတယ်။

"ကျွန်တော် စာချုပ်သစ် ချုပ်ဆိုမှာမဟုတ်ပါဘူး။ ကိုယ်ရေးကိုယ်တာအကြောင်းပြချက်ကြောင့် အသင်းမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပေမယ့်လည်း ကျွန်တော့်မှာ ကမ်းလှမ်းမှုတွေ ရရှိထားပါတယ်။ ပြီးတော့ ဒီနေ့ညကစားရမယ့်ဗိုလ်လုပွဲအတွက်ပဲ စဉ်းစားထားပါတယ်"

"ဒါပေမယ့် ကျွန်တော့်ရဲ့စာချုပ်ကို သက်တမ်းတိုးသွားမှာမဟုတ်ပါဘူး။ သတင်းတွေထွက်လာတာတော့ သိတယ်။ ဒါပေမယ့် အဲဒီသတင်းက ဘယ်ကနေ ထွက်လာလဲဆိုတာ ကျွန်တော် မသိပါဘူး"လို့ ပြောကြားခဲ့ပါတယ်။

ဒီယေဂိုဂိုဒင်ဟာ ၂၀၁၀ ခုနှစ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းကို ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး အက်သလက်တီကိုမက်ဒရစ်အသင်းနဲ့အတူ လာလီဂါဖလားတစ်ကြိမ်နဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ်အထိ တက်ရောက်ထားနိုင်တဲ့ကစားသမားဖြစ်ပါတယ်။

Share

Loading Next Article...
က္က