အသင်းလူစာရင်းတင်သွင်းချိန် ကော်တိုရစ် မရှိသေးလို့ ဖြစ်ပါတယ်။

ကော်တိုရစ်ကို ရီးရဲက ပေါင် ၃၅ သန်းနဲ့ ချဲလ်ဆီးအသင်းထံကနေ ခေါ်ယူခဲ့တာ ဖြစ်ပြီး ၎င်းရောက်လာလို့ ရီးရဲရဲ့ ပွဲထွက်ဂိုးသမားနေရာမှာ အ နည်းငယ် ပြိုင်ဆိုင်မှု ပြင်းထန်လာဖွယ်ရှိပါတယ်။



 

ဥရောပ စူပါဖလား ဗိုလ်လုပွဲကို ဒီကနေ့ည မြန်မာစံတော်ချိန် ၁ နာရီခွဲ(သြဂုတ်၁၆ နံနက်)မှာ ရီးရဲအသင်းနဲ့ အက်သလက်တီကိုအသင်းတို့ ယှဉ် ပြိုင်ကစားမှာ ဖြစ်ပါတယ်။

ရီးရဲအသင်းက ဒီနှစ်ဘောလုံးရာသီမှ ပေါင် ၃၅ သန်းနဲ့ အသစ်ခေါ်ယူထားတဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင်ဂိုးသမား ကော်တိုရစ်ကတော့ ပါဝင် နိုင်ဦးမှာ မဟုတ်ဘူးလို့ စပိန်မီဒီယာတွေရဲ့ ဖော်ပြချက်အရသိရပါတယ်။

 

ကနဦး သတင်းတွေအရ ကော်တိုရစ်အနေနဲ့ ဒီပွဲမှာ ၎င်းရဲ့ တရားဝင် ပထမဆုံး ပွဲအဖြစ် ပွဲထွက်ကစားမယ်လို့သိရပေမယ့် လက်ရှိမှာတော့ အဆို ပါပွဲအတွက် ကစားသမားစာရင်း တင်သွင်းထားရာမှာ ကော်တိုရစ် မပါခဲ့ဘူးလို့သိရပါတယ်။

အကြောင်းကတော့ ကစားသမားစာရင်းတင်သွင်းချိန်မှာ ကော်တိုရစ်က ရီးရဲကိုမရောက်သေးတာကြောင့် ဖြစ်ပြီး အခုလို ကော်တိုရစ် မပါဝင်နိုင် လို့ ရီးရဲဂိုးကို နာဗက်စ်က ဆက်လက်ကာကွယ်ခွင့်ရဦးမှာ ဖြစ်ပါတယ်။

 

ဒါပေမယ့်လည်း အက်စတိုနီးယားကို ရောက်ရှိနေတဲ့ ရီးရဲအသင်းနဲ့တော့ ကော်တိုရစ် လိုက်ပါလာပြီး ပြီးခဲ့တဲ့ အင်္ဂါနေ့က အသင်းနဲ့ အတူ လေ့ ကျင့်ခန်းဆင်းနေတဲ့ ပုံရိပ်တွေကို မြင်တွေ့ခဲ့ရပါတယ်။

ဒီပွဲမှာ ရီးရဲအသင်းအနေနဲ့ ဂိုးသမားနေရာအတွက်ပါအက ကွင်းလယ်ကစားကွက် အခင်းအကျင်းအပေါ်မှာပါ ပရိသတ် စိတ်ဝင်စားမှု ခံနေရတဲ့ အသင်းဖြစ်ပေမယ့်လည်း အသင်းနည်းပြ လာပေါ်တေကတော့ မည်သည့် တစ်စွန်းတစ်မှ ထုတ်ဖော်ပြောခဲ့ခြင်းမရှိပါဘူး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က