ပွဲအစ (၄၉)စက္ကန့်မှာပဲ သွင်းယူခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းကို (၄)ဂိုးအထိ သွင်းယူပြီး အနိုင်ရရှိခဲ့ပွဲမှာ အက်သလက်တီကိုတိုက်စစ်မှူး ဒီယေဂိုကော်စတာ သွင်းယူခဲ့တဲ့ ပွဲချိန် (၁)မိနစ်သွင်းဂိုးဟာ ဥရောပစူပါဖလားပွဲသမိုင်းတစ်လျှောက် အမြန်ဆုံးသွင်းဂိုးအဖြစ် မှတ်တမ်းဝင်သွားခဲ့တယ်လို့ သိရပါတယ်။ ကော်စတာဟာ ရီးရဲလ်ဂိုးသမား နာဗက်စ်ရဲ့ ဘယ်ဘက်ဂိုးခြမ်းကနေ ထောင့်ဖြတ်အနေအထားနဲ့ လှလှပပကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

 

ပွဲချိန် (၄၉)စက္ကန့်မှာပဲ ဒီယေဂိုကော်စတာက သွင်းယူခဲ့တာဖြစ်ပြီး လော့ပ်တယ်ဂီရဲ့ ရီးရဲလ်မက်ဒရစ်ကို အိပ်မက်ဆိုးတွေ မက်စေခဲ့ပါတယ်။ ဒီယေဂိုဂိုဒင်ရဲ့ နောက်တန်းက ပေးပို့လိုက်တဲ့ အမြင့်ဘောကို ကော်စတာက ရယူသွားခဲ့ပြီး ရာမို့စ်နဲ့အပြိုင် လုယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ကော်စတာဟာ သူ့ရဲ့ ပုံစံအတိုင်း လျှင်မြန်စွာပြေးဆွဲသွားခဲ့ပြီး အပြင်းကန်သွင်းခဲ့တာ ဖြစ်ပါတယ်။

အက်သလက်တီကိုမက်ဒရစ်ကို ရှုံးနိမ့်အပြီး စံချိန်မှတ်တမ်းဆိုးတစ်ခု ပိုင်ဆိုင်ခဲ့တဲ့ ရီးရဲလ် 

 

ရီးရဲလ်နောက်ခံလူ ဗာရာနီ လိုက်လံဟန့်တားခဲ့ပေမယ့်လည်း ကော်စတာကို တားဆီးနိုင်ခဲ့ခြင်းမရှိပဲ ဂိုးဧရိယာအတွင်းက ကန်သွင်းချက်ကို ဂိုးအဖြစ် ခွင့်ပြုခဲ့ရပါတယ်။ ဂိုးသမား ကေလာနာဗက်စ်လည်း ဘယ်လိုမှ ကာကွယ်နိုင်ခြင်းမရှိခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။ ဦးဆောင်ဂိုးကို ပွဲချိန်အစောပိုင်းမှာ သွင်းယူခဲ့ပြီးနောက် ကော်စတာဟာ အသင်းအတွက် အရေးပါတဲ့နောက်ထပ် တစ်ဂိုးလည်း ရယူပေးနိုင်ခဲ့ပါတယ်။

 

ပွဲချိန် (၇၉)မိနစ်မှာ ဒီယေဂိုကော်စတာက ဂိုးပေါက်ရှေ့ကနေ အနီးကပ်ပိတ်သွင်းယူခဲ့ပြီး ရာမို့စ်ရဲ့ ပယ်နယ်တီဂိုးနဲ့ ဦးဆောင်မှုကို ချေဖျက်နိုင်ခဲ့ပါတယ်။ အသင်းအတွက် ဒီယေဂိုကော်စတာ သွင်းယူခဲ့တဲ့ (၂)ဂိုးစလုံးဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပြီး အက်သလက်အသင်း စူပါဖလားဆွတ်ခူးမှုမှာ သူ့ရဲ့သွင်းဂိုးတွေက အခရာကျခဲ့ပါတယ်။

 

ကော်စတာဟာလည်း ဥရောပစူပါဖလားပွဲသမိုင်းတစ်လျှောက် အမြန်ဆန်ဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့သူအဖြစ် မှတ်တမ်းဝင်ခဲ့ပြီး ဆုဖလားရရှိမှုနဲ့အတူ ထပ်ဆင့်အောင်မြင်တွေကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

Share

Loading Next Article...
က္က