အီဒင်ဟာဇက်ကို လက်လွှတ်ရမှာ စိုးရိမ်နေတာပါ။

ယနေ့နံနက်က ဥရောပစူပါဖလားဗိုလ်လုပွဲအဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ရီးရဲမက်ဒရစ်အသင်းနဲ့ အက်သလက်တီကိုမက်ဒရစ်အသင်းတို့ရဲ့ပွဲစဉ်မှာ အက်သလက်တီကိုမက်ဒရစ်အသင်းက လက်ရှိချန်ပီယံရီးရဲမက်ဒရစ်အသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီး ဥရောပစူပါဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့ ရှုံးပွဲဟာ ချယ်ဆီးအသင်းပရိသတ်တွေအတွက် အချက်ပေးခေါင်းလောင်းသံဖြစ်လာခဲ့ပြီး ကြယ်ပွင့်ကစားသမားကို မရမက ခေါ်ယူသွားမှာကို စိုးရိမ်နေကြပြီဖြစ်ပါတယ်။



GettyImages-911458138.jpg

ဥရောပစူပါဖလားရှုံးပွဲဟာ ရီးရဲမက်ဒရစ်အတွက် အသင်းရဲ့ကြယ်ပွင့်တိုက်စစ်မှူး ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ လုပ်အားနှုန်းနဲ့ နည်းပြဇီဒန်းရဲ့ နည်းဗျူဟာတွေကို ဆုံးရှုံးလိုက်ရတာကို မီးမောင်းထိုးပြသလိုဖြစ်ခဲ့ပါတယ်။ ရီးရဲမက်ဒရစ်အသင်းပရိသတ်တွေက ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ နေရာအတွက် ကြယ်ပွင့်ကစားသမားကို ခေါ်ယူအစားထိုးဖို့ လိုအပ်တယ်လို့ ရှုမြင်နေကြပြီး ချယ်ဆီးအသင်းရဲ့ကြယ်ပွင့်ကစားသမား အီဒင်ဟာဇက်ဟာ ရော်နယ်ဒိုရဲ့သွင်းဂိုးတွေကို လိုက်မမီရင်တောင်မှ လုပ်အားနှုန်းမြင့်မားတဲ့ ထိပ်တန်းအဆင့်ကစားသမားဖြစ်ပါတယ်။

ရီးရဲမက်ဒရစ်အသင်းဟာ ချယ်ဆီးအသင်းရဲ့ဂိုးသမား ကော်တိုရစ်ကို ခေါ်ယူသွားခဲ့တာဟာ ချယ်ဆီးပရိသတ်တွေအတွက် သိပ်အဆိုးကြီးမဟုတ်ခဲ့ပေမယ့် အီဒင်ဟာဇက်ကို ခေါ်ယူဖို့ ထပ်မံကြိုးပမ်းလာခဲ့မယ်ဆိုရင်တော့ ချယ်ဆီးအသင်းအတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခု ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက ထင်မြင်နေကြတာဖြစ်ပါတယ်။

 

ရီးရဲမက်ဒရစ်အသင်းအနေနဲ့ ရော်နယ်ဒိုကို ဆုံးရှုံးလိုက်ရတာဟာ ဆိုးရွားတဲ့ကိစ္စဖြစ်တယ်ဆိုတာ ရှင်းရှင်းလင်းလင်းမြင်တွေ့ခဲ့ရပြီဖြစ်ပြီး အသင်းရဲ့ကစားသမားအချို့ကလည်း ရော်နယ်ဒိုထွက်ခွာသွားမှုနဲ့ပတ်သက်ပြီး မကျေနပ်တဲ့မှတ်ချက်တွေကို ပြောကြားခဲ့တာကို တွေ့ရပါတယ်။ ရီးရဲမက်ဒရစ်အသင်းရဲ့သင်္ကေတဖြစ်တဲ့ ဆုဖလားအောင်မြင်မှုတွေ ကျဆင်းသွားခြင်းဟာ အီဒင်ဟာဇက်ကို ဆုံးရှုံးရမယ့် နိမိတ်လက္ခဏာတွေဖြစ်တယ်လို့ ချယ်ဆီးပရိသတ်တွေက ယုံကြည်နေကြပြီး လာလီဂါရဲ့ဈေးကွက်ပိတ်သိမ်းချိန်မရောက်သေးတာကလည်း ပိုပြီး စိုးရိမ်စရာဖြစ်နေတာဖြစ်ပါတယ်။

ချယ်ဆီးအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့ သဘောတူညီခြင်းမရှိသေးတဲ့ အီဒင်ဟာဇက်ကို ရီးရဲမက်ဒရစ်အသင်းက ကမ်းလှမ်းခဲ့မယ်ဆိုရင် ချယ်ဆီးအသင်းက ရောင်းချဖို့ပဲ ဆုံးဖြတ်ရမှာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းအနေနဲ့ လစ်လပ်နေတဲ့ ဘယ်တောင်ပံနေရာအတွက် ဟာဇက်ကို ခေါ်ယူနိုင်ခဲ့မယ်ဆိုရင် ညာတောင်ပံက ဂါရတ်ဘေးလ်နဲ့ပေါင်းပြီး အသင်းတိုင်းကို အလွယ်တကူအနိုင်ယူနိုင်တော့မှာဖြစ်တယ်လို့ ချယ်ဆီးအသင်း ပရိသတ်တစ်ဦးက ၎င်းရဲ့စိုးရိမ်နေမှုကို တွစ်တာလူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

Share

Loading Next Article...
က္က