ရော်နယ်ဒို မိခင်နဲ့ ညီမတို့ စပ်တူ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်မှာပါ။

အမေနဲ့ ညီမ ပေါင်းဖွင့်ထားတဲ့ ဆိုင်ဖြစ်ပြီး ဒီဆိုင်ကတော့ ဒုတိယမြောက်ဆိုင်ဖြစ်ကာ ပထမဆိုင်ကတော့ ဇာတိမြေ  မာဒီရာယာကျွန်းမှာ ဖွင့်လှစ် ထားတယ်လို့သိရပါတယ်။



Photo - Daily Mail

 

ရော်နယ်ဒိုအနေနဲ့ ကမ္ဘာကျော် ဘောလုံးသမားတစ်ယောက်ဖြစ်ရုံမျှ မက သူ့ရဲ့ ညီမ ကာတီရာကလည်း နံရံဆေးပန်းချီ ပရော်ရှင်နယ် တစ် ယောက်ဖြစ်ပါတယ်။

ကြာသာပတေးနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

ဒါကြောင့်လည်း ဘရာဇီးမှာရှိတဲ့ ရော်နယ်ဒိုရဲ့ မိခင်ပိုင်ဆိုင်တဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ရော်နယ်ဒိုတို့ မိသားစု တစ်စုရဲ့ပုံကို ပန်ချီဆွဲထား ပြီး တွေ့မြင်ရမှာ ဖြစ်ပါတယ်။

Photo - Daily Mail

 

ဒီပုံမှာဆိုရင်တော့ ရော်နယ်ဒိုရဲ့ ဖခင်နဲ့အတူ အကို၊ညီမနဲ့ မိခင်တို့ အတူတကွ ရိုက်ကူးထားတဲ့ ဓာတ်ပုံသဏ္ဍန်ပုံကို ပန်ချီဆွဲထားတာ ဖြစ်ပါတယ်။

ဒီပုံကိုတော့ ရော်နယ်ဒိုက ဂုဏ်ယူစွာပဲ သူ့ရဲ့အင်စတာဂရမ်မှာ ဖော်ပြခဲ့ပြီး ပုံနဲ့တကာ သူ့ကို အမြဲတမ်းအားပေးခဲ့တဲ့ မိခင်ကိုလည်း ကျေဇူး တင် ပါတယ်လို့ ရေးသားဖော်ပြခဲ့ပါတယ်။

Photo - Daily Mail

 

ဒီစားသောက်ဆိုင်ကတော့ ရော်နယ်ဒိုမိခင်ရဲ့ဒုတိယမြောက် စားသောက်ဆိုင်လို့ သိရပြီး ၎င်းရဲ့ ညီမ ဖြစ်သူနဲ့ စပ်တူ လုပ်ငန်းလုပ်ဆောင်ထား တာလို့လည်းသိရပါတယ်။

အခြား ဆိုင်တစ်ခုကတော့ ၎င်းတို့ရဲ့ ဇာတိမြေဖြစ်တဲ့ မာဒီယာရာကျွန်းမှာ ဖွင့်လှစ်ထားတာလို့သိရပါတယ်။  အခု ဂရာမာဒို ပြည်နယ်မှာ ဖွင့်လှစ် ထားတဲ့ ဒီဆိုင်မှာတော့ ပေါ်တူဂီ အစားအသောက်တွေကို အဓိကထား ရောင်းချပေးနေတယ်လို့လည်းသိရပါတယ်။

အခုတော့ အမေနဲ့ညီမက စားဖိုဆောင်ထဲမှာ အလှုပ်ရှုပ်နေချိန် ရော်နယ်ဒိုကတော့ တူရင် မြက်ခင်းပြင်ပေါ်မှာ ပြေးလွှားနေပြီး အသင်းသစ် ဂျူ ဗင်တပ်သင်းနဲ့အတူ ပွဲဦးထွက်ဖို့ပြင်ဆင်နေပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က