ပြင်သစ်အသင်း ထိပ်ဆုံးကို ရောက်ရှိလာတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်ထိ တက်ရောက်နိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ဖီဖာရဲ့ ကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ အဆင့် (၆)ခုအထိ မြင့်တက်လာခဲ့တယ်လို့ သိရပါတယ်။ အင်္ဂလန်အသင်းဟာ မူလက အဆင့် (၁၂)နေရာမှာ ရပ်တည်နေရာကနေ အဆင့် (၆)ကို ရောက်ရှိသွားခဲ့တာ ဖြစ်ပါတယ်။

 

ကမ္ဘာ့ဖလားချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့တဲ့ ပြင်သစ်အသင်းကတော့ ကမ္ဘာ့အဆင့် (၁)နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ထိပ်ပိုင်းအပြောင်းအလဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုအဆင့်က ထွက်ခဲ့ရတဲ့ နာမည်ကြီး ဂျာမနီအသင်းဟာ အဆင့် (၁၅)နေရာအထိ ရောက်ရှိသွားခဲ့ပြီး အဆင့်များစွာ ထိုးကျခဲ့တာ ဖြစ်ပါတယ်။

ဆီမီးဖိုင်နယ်အဆင့်မှာ ပြင်သစ်ကို အရေးနိမ့်ခဲ့တဲ့ ဘယ်လ်ဂျီယံအသင်းကတော့ ပြင်သစ်ရဲ့နောက်မှာ (၃)မှတ်အကွာနဲ့ အဆင့်(၂)အဖြစ် ရပ်တည်နိုင်ခဲ့ပြီး ဘရာဇီးလ်ကတော့ အဆင့် (၃)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။ ဗိုလ်လုပွဲအထိ ရောက်ရှိခဲ့တဲ့ ခရိုအေးရှားအသင်းဟာ အဆင့် (၄)နေရာကို တက်လှမ်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

 

အဆင့် (၅)နေရာမှာတော့ ဥရုဂွေးအသင်းက ရပ်တည်နေပြီး ပေါ်တူဂီကတော့ အဆင့် (၇)မှာ ရပ်တည်နေခဲ့ပါတယ်။ ဆွစ်ဇာလန်၊ စပိန်၊ ဒိန်းမတ်အသင်းတို့က အစဉ်လိုက်ရပ်တည်နေခဲ့ပြီး ထိပ်ဆုံး (၁၀)သင်းစာရင်းထဲကို ပါဝင်ခဲ့ပါတယ်။ အာဂျင်တီးနားအသင်းကတော့  ထိပ်ဆုံး (၁၀)သင်းစာရင်းပြင်ပကို ရောက်ရှိသွားခဲ့ပြီး အဆင့် (၁၁)မှာ ရပ်တည်ခဲ့ပါတယ်။

 

အဆင့်အများဆုံး တက်လှမ်းလာနိုင်တဲ့ အသင်းအဖြစ် ရုရှားအသင်းက ရပ်တည်ခဲ့ပြီး အဆင့် (၄၉)ကနေ အဆင့် (၂၁)မှာ ရပ်တည်ခဲ့ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွာတားဖိုင်နယ်အဆင့်ထိ တက်ရောက်ခဲ့ပြီးနောက် ရုရှားအသင်းဟာ အဆင့်သတ်မှတ်ချက် များစွာတိုးလာခဲ့တာ ဖြစ်ပါတယ်။

Share

Loading Next Article...
က္က