ဝီလီယံက အသင်းနဲ့ (၂)နှစ်သက်တမ်း စာချုပ်သစ် ချုပ်ဆိုလိုက်တာပါ။

သောကြာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို ဖော်ပြပေးထားတာ ဖြစ်ပါတယ်။



Photo : Goal.com

 

- ဂျူဗင်တပ်စ်ကွင်းလယ်ကစားသမား ပီယာနစ်ဟာ အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ မန်စီးတီး နဲ့ ဘာစီလိုနာတို့က စိတ်ဝင်စားနေတယ်လို့ သတင်းများ ထွက်နေခဲ့မှုအပေါ် အဆုံးသတ်စေခဲ့တာလည်း ဖြစ်ပါတယ်။ Di Marzio ရဲ့ ဖော်ပြချက်အရ ပီယာနစ်ဟာ လစာငွေတိုးမြှင့်ရရှိသွားမှာဖြစ်ပြီး အသင်းမှာ ကာလရှည်ဆက်လက်ရှိနေတော့မှာ ဖြစ်ပါတယ်။

Photo : Goal.com

 

- ချယ်လ်ဆီးတောင်ပံကစားသမား ဝီလီယံဟာ အသင်းနဲ့ (၂)နှစ်သက်တမ်းရှိ စာချုပ်သစ်ကို ချုပ်ဆိုလိုက်တယ်လို့ The Sun က ဖော်ပြခဲ့ပါတယ်။ အသက် (၃၀)အရွယ်ရှိ ဘရာဇီးလ်လက်ရွေးစင်ကစားသမားကို မန်ချက်စတာယူနိုက်တက်နဲ့ ဘာစီလိုနာတို့က အလေးအနက် စိတ်ဝင်စားခဲ့ပေမယ့် ဝီလီယံဟာ ချယ်လ်ဆီးမှာသာ ဆက်ရှိနေပြီး လက်ရှိမှာ တစ်ပတ်ပေါင် တစ်သိန်းနှစ်သောင်း နဲ့ ၂၀၂၀ ခုနှစ်အထိ စာချုပ်ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။

Photo : Goal.com

 

- အသင်းကွင်းလယ်လူ အာရွန်ရမ်ဆေးအနေနဲ့ စာချုပ်သစ်အတွက် လက်မှတ်ရေးထိုးလိမ့်မယ်လို့ အာဆင်နယ်အသင်းက ယုံကြည် နေပါတယ်။ အသက် (၂၇)နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ အသင်းနဲ့အတူ နောက်ဆုံးစာချုပ်နှစ်ထဲ ရောက်ရှိနေတာဖြစ်ပြီး လက်ရှိအချိန်ထိ စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးတာဖြစ်ပါတယ်။ ရမ်ဆေးကို ချယ်လ်ဆီး၊မန်ယူ၊ ဘာစီလိုနာ နဲ့ လာဇီယိုတို့က စိတ်ဝင်စားနေကြပါတယ်။

Photo : Goal.com

 

- မန်ချက်စတာယူနိုက်တက်အသင်းဟာ အသင်းကွင်းလယ်လူ ပေါ့ဂ်ဘာကို ရောင်းချသွားမှာမဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။ The Sun ရဲ့ ဖော်ပြချက်အရ အသက် (၂၅)နှစ်အရွယ် ပြင်သစ်ကွင်းလယ်လူကို အိုးထရက်ဖို့ဒ်မှာ ဆက်လက်ထိန်းသိမ်းထားမှာ ဖြစ်ပြီး  ဘာစီလိုနာ အသင်းရဲ့ စိတ်ဝင်စားမှုအပေါ်မှာ မန်ယူအသင်းက ယတိပြတ်ငြင်းဆိုလိုက်တာ ဖြစ်ပါတယ်။

Photo : Goal.com

 

- Le10Sport ရဲ့ ဖော်ပြချက်အရ ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်အားသန်ကစားသမား ဒရက်ဇ်လာဟာ သြဂုတ်လအကုန်မှာ ပြင်သစ် ကလပ်ကနေ ထွက်ခွာဖွယ်ရှိတယ်လို့ သိရပါတယ်။ တူချယ်လ်ဟာ အသင်းအတွက် အသစ်ခေါ်ယူထားတဲ့ သီလိုခါရာကို ကွင်းလယ်မှာ အသုံးပြုဖို့ ကြံရွယ်နေတာကြောင့် ဒရက်ဇ်လာအတွက် ပွဲထွက်ခွင့် အခွင့်အရေးက နည်းပါးလာတာ ဖြစ်ပါတယ်။ ဒရက်ဇ်လာကို လိုက်ဇစ်၊ ဒေါ့မွန် နဲ့ ရှော်ကေးလ်တို့က စိတ်ဝင်စားနေကြပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က