ကော်စတာနဲ့ရာမို့စ်တို့ရဲ့ အဖြစ်အပျက်အပေါ်မှာ လှောင်ပြောင်ခဲ့ကြတာပါ။

ဥရောပစူပါဖလားပြိုင်ပွဲအဖြစ် အက်သလက်တီကိုအသင်းနဲ့ ရီးရဲလ်မက်ဒရစ်တို့ ယှဉ်ပြိုင်ကစားခဲ့ကြပြီး အက်သလက်တီကိုအသင်းက (၄-၂)နဲ့ အနိုင်ရရှိသွားခဲ့ပါတယ်။ အဆိုပါပွဲမှာ အက်သလက်တီကိုအတွက် ဒီယေဂိုကော်စတာက (၂)ဂိုး၊ ကိုကီ နဲ့ ဆောလ်နီဂွက်ဇ်တို့က တစ်ဂိုးစီ သွင်းယူပေးခဲ့ပြီး ရီးရဲလ်အတွက် ဘန်ဇီမာ နဲ့ ရာမို့စ်တို့က သွင်းယူခဲ့ပါတယ်။

Photo : Metro

 

ဒါဘီပွဲစဉ်ဖြစ်တာနဲ့အညီ အကြိတ်အနယ်ရှိခဲ့တဲ့ ပွဲတစ်ပွဲကို မြင်တွေ့ခဲ့ရပါပြီး ပွဲချိန်အတွင်းမှာလည်း နှစ်ဖက်အသင်းဟာ ကြမ်းကြမ်းတမ်းတမ်း၊ အင်တိုက်အားတိုက်နဲ့ ကစားတာကိုလည်း တွေ့မြင်ခဲ့ရပါတယ်။ ပွဲချိန်မိနစ် (၂၀)မှာတော့ အဆိုပါပွဲစဉ်အတွက် ပြောစရာဖြစ်ခဲ့တဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပါတယ်။

[No available link text] 

ဆာဂျီယိုရာမို့စ် နဲ့ ဒီယေဂိုကော်စတာတို့ ဘောလုံးကို ယှဉ်လုစဉ် ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ ကော်စတာထံက ဘောလုံးကို လိုက်လံဟန့်တားရာမှ ဆာဂျီယိုရာမို့စ်ဟာ လဲကျသွားခဲ့ပြီး ရာမို့စ်ရဲ့ ခေါင်းကို ဒီယေဂိုကော်စတာက တက်နင်းမိခဲ့တာ ဖြစ်ပါတယ်။ အကြီးအကျယ် ထိခိုက်ဒဏ်ရာ ရရှိခဲ့တာမျိုး မရှိခဲ့ပေမယ့် အန္တရာယ်ရှိတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။

Photo : Metro

 

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ဆိုရှယ်မီဒီယာများအပေါ်မှာ လီဗာပူးလ်ပရိသတ်တွေရဲ့ တုံ့ပြန်မှုတွေကို မြင်တွေ့ခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီက ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလာကို ရာမို့စ်က ဆွဲလှဲခဲ့ပြီး ဆာလာ ပခုံးဒဏ်ရာ ရရှိကာ လူစားလဲခဲ့ရပြီး ပြန်လည်သက်သာလာဖို့ လအနည်းငယ် စောင့်ဆိုင်းခဲ့ရပါတယ်။

သောကြာနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အားကစားသတင်းများ 

ဒီအပေါ်မှာ လီဗာပူးလ်ပရိသတ်တွေက ရာမို့စ်အပေါ် မကျေမချမ်းဖြစ်ခဲ့ပြီး ဝေဖန်ပြစ်တင်မှုတွေ ရှိခဲ့ပါတယ်။ ဥရောပစူပါဖလားပွဲမှာ ရာမို့စ်အနေနဲ့ ဦးခေါင်းတက်နင်းခံရအပြီးမှာတော့ လီဗာပူးလ်ပရိသတ်တွေက " ကော်စတာကတော့ ရာမို့စ်ကို ရိုက်ချိုးဖျက်စီးလိုက်ပြီ၊ ဒီပွဲကို တကယ်နှစ်သက်မိတယ်" ၊ " ဒီယေဂိုကော်စတာ မင်းကို ငါချစ်တယ်" ၊ "မိုဟာမက်ဆာလာအတွက် ဒီယေဂိုကော်စတာ လက်စားချေလိုက်ပြီ" အစရှိတဲ့ စာသားတွေ ရေးသားခဲ့ကြပါတယ်။

Photo : Metro

 

"ဒီနေ့ပွဲကတော့ ကော်စတာရဲ့ ပွဲပါပဲ၊ လီဗာပူးဖန်တစ်ယောက်အနေနဲ့ ရာမို့စ်အပေါ် အဲဒီလို ပြုလုပ်ခဲ့တာကို ကျေနပ်မိတယ်" လို့လည်း ရေးသားခဲ့ကြပြီး ဆာလာအပေါ် ပြုလုပ်ခဲ့တဲ့ ရာမို့စ်ရဲ့ လုပ်ရပ်နဲ့ နှိုှုင်းယှဉ်ပြီး တုံ့ပြန်ခဲ့ကြပါတယ်။ အဆိုပါ အဖြစ်အပျက်မှာတော့ ကွင်းလယ် ဒိုင်လူကြိးအနေနဲ့ ဘယ်လိုအရေးယူမှုမှ မရှိပဲ ပွဲကို ဆက်လက်ကစားစေခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က