မိုနာကိုအသင်း ဒု-ဥက္ကဌက ဝန်ခံခဲ့တာပါ။

မိုနာကိုအသင်းရဲ့ ဒုတိယဥက္ကဌဖြစ်သူ ဗက်ဒင်ဗက်ဆဲလ်ရက်ဗ်က  ပြင်သစ်လူငယ် ဆယ်ကျော်သက်ကစားသမား ဘာပေကို ရီးရဲလ်အသင်းဆီ မရောင်းချခဲ့တဲ့အပေါ် ရီးရဲလ်ဥက္ကဌ ပီရက်ဇ်က မိမိကို ပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဝန်ခံလိုက်ပါတယ်။ ပီရက်ဇ်နဲ့ ဗက်ဆဲလ်ရက်ဗ်တို့ဟာ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးရှိသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။

Photo : The42

မိုနာကိုအသင်းဟာ အသင်းရဲ့ တိုက်စစ်မှူး ဘာပေကို ပြည်တွင်းလိဂ်ပြိုင်ဘက် ပီအက်စ်ဂျီအသင်းထံ ရောင်းချခဲ့တာ ဖြစ်ပါတယ်။ ဘာပေအနေနဲ့ ပီအက်စ်ဂျီအသင်းမှာ ပိုမိုခြေစွမ်းပြကစားနေပြီး ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဆွတ်ခူးရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ပြိုင်ပွဲတစ်လျှောက်အကောင်းဆုံး လူငယ်ကစားသမားဆုကိုလည်း ရရှိခဲ့ပါသေးတယ်။

ပရီးမီးယားလိဂ်ကို မန်စီးတီးလွှမ်းမိုးတော့မယ်လို့ သတိပေးလိုက်တဲ့ ကိုင်လီဝေါ်ကာ 

Photo : The42

 

ရီးရဲလ်မက်ဒရစ်နဲ့အက်သလက်တီကိုအသင်းတို့ရဲ့ ပွဲစဉ်ကို သွားရောက်ကြည့်ရှုခဲ့တဲ့ ဗက်ဆဲလ်ရက်ဗ်က RMC Sports နဲ့ တွေ့ဆုံမှုမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။ "ကျွန်တော်တို့က ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေဖြစ်ပါတယ်၊ ဘာပေကို ရီးရဲလ်မက်ဒရစ်ထံ မရောင်းချခဲ့တဲ့ အတွက် သူ အမြဲတမ်း ကျွန်တော့်ကို ပြစ်တင်နေတော့တာပဲ" လို့ ဗက်ဆဲလ်ရက်ဗ်က ပြောကြားခဲ့ပါတယ်။

Photo : The42

 

အသက် (၁၉)နှစ်အရွယ်သာ ရှိသေးတဲ့ တိုက်စစ်မှူး ဘာပေကို ရီးရဲလ်မက်ဒရစ်က အသင်းမှ ထွက်ခွာသွားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နေရာကို အစားထိုးဖို့အတွက် စိတ်ဝင်စားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဘာပေကို အသင်းမှာ ရေရှည်အသုံးပြုဖို့အတွက် ရီးရဲလ်က မျှော်လင့်နေခဲ့တာ ဖြစ်ပေမယ့်လည်း ခေါ်ယူဖို့အတွက်ကတော့ ခက်ခဲမှုတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။

Photo : The42

 

ရော်နယ်ဒိုရဲ့ နေရာကို လက်ရှိအချိန်ထိ အစားထိုးခေါ်ယူမှု မပြုလုပ်နိုင်သေးတဲ့ ရီးရဲလ်မက်ဒရစ်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ကော်တွိုက်စ်အပါအဝင် လူငယ်ကစားသမားများကိုသာ ခေါ်ယူထားနိုင်တာ ဖြစ်ပါတယ်။ ရီးရဲလ်အနေနဲ့ ပီအက်စ်ဂျီအသင်းရဲ့ ကစားသမားတွေကို စိတ်ဝင်စားမှုမရှိဘဲ ခေါ်ယူဖို့ တစ်စုံတစ်ရာ ကမ်းလှမ်းမှုမျိုး မရှိဘူးလို့လည်း ရီးရဲလ်က ပြိးခဲ့တဲ့လတွေအတွင်းက တရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က