ပေါ်လိုဘင်တိုကို လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားအထိ ရည်ရွယ်ခန့်အပ်ခဲ့တာပါ။

ကမ္ဘာ့ဖလားအပြီးမှာ နည်းပြလက်မဲ့ဖြစ်နေတဲ့ ကိုရီးယားအသင်းဟာ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုးနည်းပြ ပေါ်လိုဘင်တိုကို ခန့်အပ်ခဲ့ပါတယ်။ ပေါ်လိုဘင်တိုကို ကိုရီးယားဘောလုံးအဖွဲ့ချုပ်က လေးနှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ၂၀၂၂ကာတာကမ္ဘာ့ဖလားအထိ ရည်ရွယ်ခန့်အပ်ခဲ့တာပါ။

4c4cf158-8e36-11e8-ad1d-4615aa6bc452_1280x720_133521.jpg 

ပေါ်တူဂီလက်ရွေးစင်ဘောလုံးအသင်းကို ယူရို၂၀၁၂မှာ တတိယရအောင်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ပေါ်လိုဘင်တိုတစ်ယောက် ကိုရီးယားလက်ရွေးစင်နည်းပြ ဖြစ်လာပါပြီ။ ကိုရီးယားဘောလုံးအဖွဲ့ချုပ်က ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်အသင်းကိုကိုင်တွယ်ခဲ့တဲ့ နည်းပြ ရှင်တေယောင်နေရာမှာ ပေါ်လိုဘင်တိုနဲ့ အစားထိုးခဲ့တာလည်းဖြစ်ပါတယ်။

 

၂၀၁၈ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကလှည့်ပြန်ခဲ့ပြီးနောက် ကိုရီးယားဘောလုံးအဖွဲ့ချုပ်က နည်းပြ ရှင်တေယောင်ကို စာချုပ်သက်တမ်းမတိုးတော့ပဲ နည်းပြသစ်ရှာဖွေခဲ့ပါတယ်။ ဘင်တိုက ကိုရီးယားအဖွဲ့ချုပ်ရဲ့ ပစ်မှတ်ထဲမှာပါဝင်ခဲ့ပြီး ပုဂ္ဂိုလ်ရေးညှိုနှိုင်းမှုအဆင်ပြေဖို့အတွက် နည်းပြသစ်ခန့်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

လာလီဂါရဲ့ ပွဲကြီးပွဲကောင်းတွေကို အမေရိကန်နိုင်ငံမှာ ကျင်းပဖို့ ဆောင်ရွက်နေ 

 

ပေါ်လိုဘင်တိုဟာ ပေါ်တူဂီလက်ရွေးစင်အသင်းကို ၂၀၁၂ကနေ ၂၀၁၄အထိ တာဝန်ယူကိုင်တွယ်ခဲ့ပြီး ယူရို၂၀၁၂မှာ တတိယရအောင်စွမ်းဆောင်နိုင်ခဲ့လို့ လူသိများလာပါတယ်။ ဒါပေမယ့် ၂၀၁၄ကမ္ဘာ့ဖလားနဲ့ ၂၀၁၆ယူရိုခြေစစ်ပွဲတွေမှာ ရလဒ်မကောင်းခဲ့လို့ ရာထူးက အထုတ်ခံခဲ့ရပါတယ်။ ပေါ်တူဂီနည်းပြဘဝအပြီးမှာတော့ ဘင်တိုဟာ ဘရာဇီးကလပ် ခရူဇီယို၊ ဂရိကလပ် အိုလံပီယာကို့စ်၊ တရုတ်ကလပ် လီဖန်အသင်းတွေကို တာဝန်ယူကိုင်တွယ်ခဲ့ပါတယ်။

 

“သူ့ရဲ့အစီအစဉ်တွေကို သုံးသပ်ပြီးတဲ့နောက်မှာတော့ ကျွန်တော်တို့ ဘင်တိုကိုယုံကြည်ခဲ့ပါတယ်။ သူက ကိုရီးယားလက်ရွေးစင်အသင်းကို တိုးတက်အောင်ကူညီပေးနိုင်မှာပါ။ သူ့ကို ကျွန်တော်တို့ လေးနှစ်သက်တမ်းအတွင်းလိုအပ်တာမှန်သမျှပံ့ပိုးပေးမှာပါ။”လို့ ကိုရီးယားဘောလုံးအဖွဲ့ချုပ်နည်းစနစ်ဒါရိုက်တာ ကင်ပန်ဂွန်က ပြောပါတယ်။ ကိုရီးယားဘောလုံးအဖွဲ့ချုပ်ရဲ့ နည်းပြလျာထားစာရင်းမှာ ဘင်တိုနဲ့အတူ ၂၀၁၄ကမ္ဘာ့ဖလားမှာ အယ်ဂျီးရီးယားကို ဒုတိယအဆင့်ရောက် စွမ်းဆောင်ပေးနိုင်တဲ့နည်းပြ ဟာလီဟာဂျီ၊ အက်သလက်တီကို၊ ဗလင်စီယာ၊ ဝက်ဖို့ဒ်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ နည်းပြ ဆန်းချက်ဇ်ဖလော်ရက်ဇ်တို့လည်း ပါဝင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က