ဒီနှစ်မှာ အသင်းကို စွန့်ခွာတဲ့ တတိယမြောက် Old Lady လက်ကျန်ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။

ငယ်စဉ်ကတည်းက ဂျူဗင်တပ်အသင်းမှာသာ ကစားသမားဘ၀ စတင်ခဲ့သူ ဖြစ်ပြီး လက်ရှိ အသက် ၃၁ နှစ်အရွယ်မှာတော့ အသင်းနဲ့ လမ်းခွဲ လိုက်တာ ဖြစ်ပါတယ်။

Photo - Twitter

 

အီတလီ စီးရီးအေ ကလပ် ဂျူဗင်တပ်အသင်းမှ သက်ရှည ်ကစားသမားကြီးတစ်ဦးဖြစ်တဲ့ ကလောက်ဒီအို မာချီစီယိုကတော့ ရာသီမစခင်မှာပဲ အသင်းနဲ့ လမ်းခွဲလိုက်ပါပြီ။

ဆိုရှယ်မီဒီယာပေါ်ကနေ ရာမို့စ်ကို လက်စားချေခဲ့ကြတဲ့ လီဗာပူးလ်ပရိသတ်များ 

ဂျူဗင်တပ်အသင်းမှာ ၂၅ နှစ်တိတိ ကစားလာခဲ့တဲ့ သက်ရှည်ကစားသမားကြီးဖြစ်လို့ အခုလို လမ်းခွဲမှုကတော့ အင်မတန် ကြေကွဲဖွယ်ကောင်းခဲ့ ပါတယ်။

Photo - Twitter

 

၎င်းအခုလို ရုတ်တရက် အသင်းနဲ့ လမ်းခွဲလိုက်တာကတော့ အီတလီ မီဒီယာတွေရဲ့ ဖော်ပြချက်အရ အသင်းရဲ့ အနာဂတ် စီမံကိန်းတွေကို သ ဘောမကျတာကြောင့်လို့ သိရပါတယ်။`

မာချီစီယိုအနေနဲ့ အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲစဉ်တွေမှာလည်း ခြေစွမ်းပြ ပါဝင်ကစားခဲ့သူဖြစ်ပြီး ပြီးခဲ့တဲ့ လာဇီယို၊ကယ်ဂလီယာရီတို့ပွဲစဉ်တွေ မှာ ပါဝင်ကစားခဲ့သူ ဖြစ်ပါတယ်။

Photo - Twitter

 

အသက် ၃၁ နှစ်အရွယ်ရှိပြီဖြစ်တဲ့ မာချီစီယိုအနေနဲ့ ဂျူဗင်တပ်အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ ၂၀၂၀ ခုနှစ်အထိ သက်တမ်း ရှိပေမယ့် လည်း အခုလို အသင်းနဲ့ လမ်းခွဲချင်တာကြောင့် လက်ရှိမှာအခြားဘယ်အသင်းကိုမှ ရောက်ရှိဖို့ သတင်းတွေ ထွက်ပေါ်မလာသေးပါဘူး။

မာချီစီယိုဟာ ယခုနှစ်မှာတော့ ဂျူဗင်တပ်အသင်း Old lady ကစားသမားတွေထဲက အသင်းကို စွန့်ခွာတဲ့  ၃ ဦးမြောက်ကစားသမားလည်း ဖြစ် လာခဲ့ပါတယ်။

Photo - Twitter

 

၎င်းရဲ့ရှေ့မှာ ဂိုးသမား ဘူဖွန်က ပီအက်စ်ဂျီအသင်းကို လည်းကောင်း၊ နောက်ခံလူ လက်ချ်စတိန်နာက အာဆင်နယ်အသင်းကို လည်းကောင်း အသီးသီး ပြောင်းရွှေ့ခဲ့ကြပါတယ်။

မာချီစီယိုအနေနဲ့ ဂျူဗင်တပ် ကစားသမားဘ၀ အသင်းအတွက် ပွဲစဉ်ပေါင်း ၃၈၉ပွဲ ပါဝင်ကစားခဲ့သူ ဖြစ်ပြီး စီးရီးအေ အမှတ်ပေးချန်ပီယံ ၇ ကြိမ် နဲ့ ကိုပါအီတလီယာ ချန်ပီယံ ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။

Share

Loading Next Article...
က္က