နေမာအတွက် ရီးရဲလ်က ယူရိုသန်း (၃၀၀)အထိ အသုံးပြုသွားမှာပါ။

စနေနေ့ နံနက်ပိုင်းအတွက် နောက်ဆုံးရ အပြောင်းအရွှေ့သတင်းများကို စုစည်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။



- ရီးရဲလ်မက်ဒရစ်အသင်းဟာ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ယူရိုသန်း ၃၀၀ နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဆိုတဲ့ သတင်းတွေ ထပ်မံထွက်ပေါ်လာခဲ့ပါတယ်။ Sport ရဲ့ ဖော်ပြချက်အရ ရော်နယ်ဒိုရဲ့ နေရာမှာ အစားထိုးဖို့အတွက် ရီးရဲလ်က ပြင်ဆင်နေတာဖြစ်ပြီး ဥရောပ စူပါဖလားပွဲမှာ အက်သလက်တီကိုအသင်းကို ရှုံးနိမ့်ပြီးနောက် အသင်းအတွက် အဓိကကစားသမားတစ်ဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo : Goal.com

 

- မန်ချက်စတာစီးတီးအသင်း နဲ့ ပီအက်စ်ဂျီအသင်းတို့ဟာ ဒေါ့မွန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဝီဂယ်လ်အတွက် အပြိုင်အဆိုင်ကြိုးစားနေကြတယ်လို့ သိရပါတယ်။ France Football ရဲ့ ဖော်ပြချက်အရ ကလပ် (၂)သင်းဟာ ဝီဂယ်လ်အတွက် ယူရို ၇၅သန်းအထိ ဈေးပေးဖို့ အသင့်ရှိနေပြီး အသက် (၂၂)နှစ်အရွယ် ကစားသမားကို အရခေါ်ယူဖို့ ကြိုးစားနေကြတယ်လို့ သိရပါတယ်။

Photo : Goal.com

 

- ပေါ့ဂ်ဘာအနေနဲ့ မန်ချက်စတာယူနိုက်တက်အသင်းမှာ ဆက်လက်ရှိနေမယ်ဆိုရင် အပိုဆုကြေး (သစ္စာရှိကြေး) ပေါင် ၃.၄သန်းအထိ ရရှိမယ်လို့ သိရပါတယ်။ ဘာစီလိုနာအသင်းက ခေါ်ယူမယ်လို့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေတဲ့ ပြင်သစ်ကွင်းလယ်လူကို မန်ယူအသင်းက အသင်းမှာ ဆက်လက်ထိန်းသိမ်းဖို့ အစွမ်းကုန်ကြိုးစားနေတာဖြစ်ပြီး ရောင်းချသွားမှာမဟုတ်ဘူးလို့ ငြင်းဆိုထားပါတယ်။

Photo : Goal.com

 

- ချယ်လ်ဆီးအသင်းဟာ အသင်းရဲ့ အဓိကတိုက်စစ်ကစားသမား အီဒင်ဟာဇက် အသင်းက ထွက်ခွာသွားမယ့်အပေါ် စိုးရိမ်ပူပန်နေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ဟာဇက်ဟာ အသင်းမှာ ဆက်လက်ရှိနေပေမယ့် ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ စိတ်ဝင်စားနေမှု အပေါ်မှာ ကစားသမားအနေနဲ့ အသင်းကို စွန့်ခွာသွားနိုင်တာ ဖြစ်ပါတယ်။ နည်းပြဆာရီကလည်း ဟာဇက်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။

Photo : Goal.com

 

- ဒီနေ့မှာ ကစားရမယ့် လန်ဒန်ဒါဘီပွဲစဉ်ဖြစ်တဲ့ ချယ်လ်ဆီး နဲ့ အာဆင်နယ်တို့ရဲ့ ပွဲကို ချယ်လ်ဆီးကွင်းလယ်လူ ဖာဘရီဂတ်စ် လွဲချော်တော့မယ်လို့ သိရပါတယ်။ ဒူးဒဏ်ရာ ရရှိနေမှုကြောင့် ရာသီအဖွင့်ပွဲကိုလည်း လွဲချော်ခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ ထပ်မံအနားယူရဦးမှာဖြစ်ပြီး အသင်းဟောင်းနဲ့ ကစားရမယ့် ဒါဘီပွဲကို လွဲချော်ရတော့မှာ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က