တရားမဝင်ချဉ်းကပ်မှုအတွက် အင်တာမီလန်ကို တိုင်ကြားခဲ့တာပါ။

ရီးရဲလ်မက်ဒရစ်အသင်းဟာ အသင်းကွင်းလယ်လူ လူကာမိုဒရစ်နဲ့ ပတ်သက်ပြီး အင်တာမီလန်အသင်းကို ဖီဖာထံ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ ဖီဖာရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ တိုင်ကြားမှုကို လက်ခံရရှိခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့တယ်ကြောင်း Daily Mail က ဖော်ပြခဲ့ပါတယ်။



Photo : Daily Mail

 

ခရိုအေးရှားအသင်းခေါင်းဆောင် မိုဒရစ်ကို အင်တာမီလန်အသင်းက ခေါ်ယူဖို့ အလေးအနက်ထား ချိတ်ဆက်မှုတွေ ပြုလုပ်ခဲ့ပေမယ့် မိုဒရစ်အတွက် ယူရိုသန်း (၇၅၀) ပေးချေမှသာ ရရှိမယ်လို့ ရီးရဲလ်မက်ဒရစ်က သတိပေးတုံ့ပြန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အင်တာမီလန် အသင်းက မိုဒရစ်အတွက် လက်လျှော့ခြင်းမရှိသေးပဲ ဆက်လက်ကြိုးစားနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးနဲ့ပွဲမှာ ပါဝင်ကစားမယ့် ကွင်းလယ်ကစားသမားကို အမ်မရီ အတည်ပြု 

Photo : AS

 

အသက် (၃၂)နှစ်အရွယ် ကွင်းလယ်လူအတွက် အင်တာမီလန်အသင်းက တရားမဝင်ချဉ်းကပ်မှုတွေ ပြုလုပ်နေတယ်လို့ ရီးရဲလ်မက်ဒရစ်က ဖီဖာကို တိုင်ကြားခဲ့တာ ဖြစ်ပါတယ်။ ကစားသမားရဲ့ အေးဂျင့်ဖြစ်သူကလည်း မက်ဒရစ်ကလပ်အနေနဲ့ ကစားသမားရဲ့ ဆန္ဒကို လိုက်လျောသင့်တယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြောကြားမှုတွေ ရှိခဲ့ပါတယ်။

Photo : AS

 

ရီးရဲလ်အနေနဲ့ ရော်နယ်ဒိုလို အဓိကကစားသမားကို ဆုံးရှုံးအပြီးမှာ မိုဒရစ်ကို ထပ်မံမဆုံးရှုံးဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ မိုဒရစ်ဟာ ပြီးခဲ့တဲ့ ဥရောပစူပါဖလားပွဲမှာ အသင်းအတွက် လူစားလဲလှယ်ပါဝင်ကစားခဲ့ပါတယ်။ အဆိုပါပွဲမှာတော့ ရီးရဲလ်အသင်းဟာ မြို့ခံပြိုင်ဘက် အက်သလက်တီကိုအသင်းကို (၄-၂)နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

Photo : AS

 

မိုဒရစ်ဟာ ၂၀၁၂ ခုနှစ်က စပါးအသင်းကနေ ရီးရဲလ်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ လာလီဂါအမှတ်ပေးဖလား (၁)လုံး ၊ ချန်ပီယံလိဂ်ဖလား (၄)လုံးအထိ ဆွတ်ခူးခဲ့ပြီး ဖြစ်ပါတယ်။ နိုင်ငံအသင်းဖြစ်တဲ့ ခရိုအေးရှားအသင်းနဲ့လည်း မိုဒရစ်ဟာ ကမ္ဘာ့ဖလားဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့ပြီး ရွှေဘောလုံးဆုကို ဆွတ်ခူးခဲ့သူ ဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က