ရော်နယ်ဒိုရဲ့ ပွဲဦးထွက်ကတော့ သွင်းဂိုးတွေ မပိုင်ဆိုင်ခဲ့ပါဘူး။

အီတလီစီးရီးအေ ဘောလုံးရာသီသစ်ရဲ့ အဖွင့်ပွဲအဖြစ် ဒီနေ့ည (၁၀း၃၀)နာရီမှာ ချီယေဗိုအသင်း နဲ့ ဂျူဗင်တပ်စ်အသင်းတို့ ကစားခဲ့ကြပါတယ်။ ဂျူဗင်တပ်စ်အသင်းက အသစ်ခေါ်ယူထားတဲ့ တိုက်စစ်မှူး ရော်နယ်ဒိုရဲ့ နာမည်နဲ့အရှိန်အဝါကြောင့် ဒီပွဲအပေါ် ပရိသတ်တွေ စိတ်ဝင်စားမှု များပြားခဲ့ပြီး ရော်နယ်ဒိုရဲ့ ခြေစွမ်းကို စောင့်ကြည့်ခဲ့ကြပါတယ်။



 

ချီယေဗိုအသင်းကတော့ သူတို့ရဲ့ အတောင့်တင်းဆုံလူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ၄-၃-၃ ပုံစံနဲ့ ကစားခဲ့ကာ ရှေ့တန်းမှာ ဒီပါအိုလီ၊ စတက်ပင်စကီ နဲ့ ဂီရာချီရာနီတို့ တိုက်စစ်အတွဲကို ထားကစားခဲ့ပါတယ်။ ဂျူဗင်တပ်စ်အသင်းမှာလည်း လူစုံနီးပါး ပါဝင်ခဲ့ပြီး ရော်နယ်ဒို၊ ကွာဒရာဒို၊ ဒီဘာလာ၊ ဒေါက်ဂလက်စ်ကော်စတာတို့ရဲ့ တိုက်စစ်အစုအဖွဲ့နဲ့ ချီယေဗိုကို ရင်ဆိုင်ခဲ့ပါတယ်။

 

ပွဲစတာနဲ့ တစ်ပြိုင်နက် ဂျူဗင်တပ်စ်အသင်းက ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲအစ (၃)မိနစ်မှာတင်ပဲ ခီဒီရာက ချီလီနီရဲ့ ဖန်တီးပေးမှုကတဆင့် ဂိုးဧရိယာထဲက အပိုင်ပိတ်သွင်းနိုင်ခဲ့လို့ ဂျူဗီတို့ ဂိုးစောစောစီးစီး ရရှိခဲ့ပါတယ်။ အဲဒီနောက်မှာ ဂျူဗင်တပ်စ်တို့ အခွင့်အရေးတွေ ရရှိခဲ့ပေမယ့် အသုံးမချနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပြီး ဂိုးရဖို့ ဆက်လက်ကြိုးစားခဲ့ရပါတယ်။

 

ရော်နယ်ဒိုကတော့ တစ်ဦးချင်းခြေစွမ်းပိုင်းအရ အကောင်းဆုံးအနေအထားနဲ့ ကစားနိုင်ခဲ့ပေမယ့် အသင်းဖော်တွေနဲ့ ပူးပေါင်းကစားမှုမှာ အနည်းငယ်လိုအပ်နေသေးပြီး နားလည်မှုလွဲမှားနေတာတွေ ရှိခဲ့ပါတယ်။ ဂိုးရဖို့အတွက် ရော်နယ်ဒို သိသိသာသာ အားထုတ်မှုမျိုးတွေ ရှိခဲ့ပေမယ့် ဂိုးသွင်းခြေစွမ်းပျောက်ဆုံးနေတာကြောင့် အသင်းသစ်အတွက် သွင်းဂိုးရဖို့ ရုန်းကန်ခဲ့ရပါတယ်။

 

ပွဲချိန် (၃၈)မိနစ်မှာ ချီယေဗိုအသင်း ချေပဂိုးပြန်လည်ရရှိခဲ့ပြီး ဂီရာချီရာနီရဲ့ ဖန်တီးပေးမှုကို စတက်ပင်စကီက ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ တစ်ဖက်တစ်ဂိုးစီ သရေဖြစ်နေခဲ့ပြီး ဒုတိယပိုင်း (၅၈)မိနစ်မှာတော့ ချီယေဗိုအသင်း ဦးဆောင်ဂိုးရရှိသွားခဲ့ပါတယ်။ ပယ်နယ်တီပြစ်ဒဏ်ဘောကတဆင့် ရရှိခဲ့တာဖြစ်ပြီး ဂီရာချီရာနီက သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

 

ချီယေဗိုအသင်းရဲ့ ရုန်းကန်မှုကြောင့် ဂျူဗင်တပ်စ်တိ့ အခက်တွေ့ခဲ့ရပြီး ဂိုးပြန်လည်ရရှိဖို့ ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပါတယ်။ ဘောလုံးပိုင်ဆိုင်မှု (၈၅)ရာခိုင်နှုန်းအထိ ဂျူဗီတို့ အသာစီးရရှိခဲ့ပေမယ့် ဂိုးရရှိဖို့ ခက်ခဲနေခဲ့ရပါတယ်။ ဒါပေမယ့်လည်း (၇၅)မိနစ်မှာတော့ ဘာနာဒက်ခီရဲ့ ဖြတ်တင်ပေးပို့မှုကနေ ဘိုနူချီက ပိတ်သွင်းခဲ့တာကြောင့် ချေပဂိုးရရှိခဲ့ပြီး တစ်ဖက် (၂)ဂိုးစီနဲ့ သရေဖြစ်နေခဲ့ပါတယ်။

 

ပွဲပြီးခါနီးမှာတော့ ရော်နယ်ဒိုရဲ့ အားထုတ်မှုကနေတဆင့် မန်ဇူကစ် ဂိုးသွင်းယူခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်လည်ကြည့်ရှုပြီး ရော်နယ်ဒို ချီယေဗိုဂိုးသမားကို ပြစ်ဒဏ်ကျူးလွန်တယ်ဆိုပြီး ဂိုးမခွင့်ပြုခဲ့တာကောင့် ဂျူဗင်တပ်စ်တို့ နစ်နာခဲ့ရပါတယ်။ နာကျင်အချိန်ပိုမှာတော့ ဂျူဗင်တပ်စ်အတွက် အဖိုးတန်အနီုင်ဂိုးကို ဘာနာဒက်င်္ခက ဒေါက်ဂလပ်စ်ကော်စတာရဲ့ ဖန်တီးပေးမှုကနေ သွင်းယူခဲ့တာကြောင့် ဂျူဗီတို့ နိုင်ပွဲရရှိသွားခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က