ကြယ်ပွင့်ကစားသမားတွေကို ဆုံးရှုံးခဲ့ရတာပါ။

မန်ချက်စတာယူနိုက်တက်အသင်းဟာ ကမ္ဘာပေါ်က အကြီးကျယ်အခမ်းနားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တယ်လို့ ယူဆခြင်းခံထားရပါတယ်။ သမိုင်းအစဉ်အလာကြီးမားပြီး ကမ္ဘာပေါ်မှာ ပရိသတ်အများဆုံးအားပေးတဲ့အသင်းတစ်သင်းဖြစ်တာနဲ့အညီ စပိန်လာလီဂါထိပ်သီးအသင်းကြီးတွေဖြစ်တဲ့ ဘာစီလိုနာ၊ ရီးရဲမက်ဒရစ်တို့နဲ့အတူ ထိပ်သီးအသင်းကြီးအဖြစ် မှတ်ယူခံထားရပါတယ်။

 

မန်ချက်စတာယူနိုက်တက်အသင်းကို ၂၆ နှစ်ကြာနည်းပြခဲ့ပြီး အသင်းရဲ့ဆုဖလားဗီဒိုကို အောင်မြင်မှုတွေ ပြည့်နှက်စေခဲ့တဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ ကမ္ဘာ့အကောင်းဆုံးနည်းပြတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရသူဖြစ်ပါတယ်။ ဖာဂူဆန်ဟာ အသင်းအတွက် အမှန်တကယ်လိုအပ်တဲ့ကစားသမားတွေကို ဝယ်ယူခဲ့ပြီး အသင်းရဲ့ကစားသမားအချို့ကိုလည်း အခြားအသင်းတွေကို ရောင်းသင့်တဲ့အချိန်မှာ ရောင်းထုတ်ခဲ့ပါတယ်။ အဲဒီလိုလုပ်ရပ်တွေကပဲ ဖာဂူဆန်ကို ပရီးမီးယားလိဂ်ဖလား ၁၃ ကြိမ်၊ အက်ဖ်အေဖလား ၅ ကြိမ်၊ ဥရောပချန်ပီယံလိဂ် ၂ ကြိမ် အပါအဝင် စုစုပေါင်းဆုဖလား ၃၈ လုံးအထိ ကိုင်မြှောက်နိုင်စေခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ မရေမတွက်နိုင်လောက်အောင် ဂန္တဝင်ကစားသမားတွေကို မွေးထုတ်ပေးခဲ့တဲ့အသင်းဖြစ်ပြီး ရိုင်ယန်ဂစ်၊ ပေါလ်စခိုး၊ ဒေးဗစ်ဘက်ခမ်းစတဲ့ ကမ္ဘာ့ထိပ်တန်းအဆင့်ကစားသမားတွေကို မွေးထုတ်ပေးနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဘယ်သူကမှ ပြီးပြည့်စုံမှုမရှိဘူးဆိုတဲ့ စကားအတိုင်းပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ဟာ မရောင်းသင့်တဲ့ကစားသမားတွေကို ရောင်းထုတ်မိတဲ့အတွက် နောင်တရခဲ့ပါတယ်။

 

၃။ ဂျရတ်ပီကေး

Photos: Daily Mail

 

ဂျရတ်ပီကေးဟာ ဘာစီလိုနာလူငယ်အကယ်ဒမီကနေ မန်ချက်စတာယူနိုက်တက်လူငယ်အကယ်ဒမီကို ၂၀၀၄ ခုနှစ်မှာ ရောက်ရှိလာခဲ့သူဖြစ်ပြီး လူငယ်အသင်းနဲ့ပထမအသင်းကြီး ၂ သင်းစလုံးမှာ ရွေးချယ်ခံခဲ့ရပါတယ်။ အဲဒီအချိန်တုန်းက ပီကေးဟာ ဘယ်လောက်အထိ အောင်မြင်နိုင်မလဲဆိုတာ ဘယ်သူကမှ သေသေချာချာမသိခဲ့ကြပါဘူး။ ၂၀၀၈ ခုနှစ်မှာတော့ အိမ်လွမ်းတဲ့ဝေဒနာခံစားနေရတဲ့ပီကေးဟာ ဘာစီလိုနာအသင်းထံ ပြန်လည်ပြောင်းရွှေ့သွားခဲ့ပါတယ်။ ပီကေးဟာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်ကစားသမားတွေဖြစ်တဲ့ ရီယိုဖာဒီနန်နဲ့ ဗီဒစ်တိုု့ကို ယှဉ်ပြိုင်နိုင်ခြင်းမရှိတာကြောင့် ပွဲထွက်ခွင့်မရခဲ့ဘဲ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

ရော်နယ်ဒိုရဲ့အားကစားသမားပီသတဲ့စိတ်ဓာတ်ကြောင့် ကျေးဇူးတင်စကားဆိုလိုက်တဲ့ ဆိုရန်တီနို 

ပီကေးဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့အတူရှိနေခဲ့တဲ့ ၄ နှစ်တာကာလအတွင်း ၁၂ ပွဲသာ ပါဝင်ကစားခွင့်ရရှိခဲ့ပြီး နောက်ဆုံးရာသီမှာ ဇာရာဂိုဇာအသင်းကို အငှားချခဲ့ရပါတယ်။ ပီကေးကို ရောင်းထုတ်ဖို့ ဆုံးဖြတ်ခဲ့တဲ့ နည်းပြကြီး ဖာဂူဆန်ကို ဘယ်သူကမှ ပြစ်တင်ဝေဖန်ခဲ့ခြင်းမပြုခဲ့ကြပေမယ့် ဘာစီလိုနာအသင်းကို ရောင်းချမိတဲ့အတွက် မန်ယူပရိသတ်တွေအနေနဲ့ ယခုအထိ နောင်တရနေဆဲဖြစ်ပါတယ်။

 

၂။ ပေါ့ဂ်ဘာ

Photos: Squawka

 

ပေါ့ဂ်ဘာဟာ ဂျူဗင်တပ်အသင်းအတွက် ကစားပေးရင်း ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ကစားသမားတစ်ယောက် ဖြစ်လာခဲ့သူဖြစ်ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူချင်စိတ် ပြင်းပြခဲ့ပြီး နောက်ဆုံးမှာတော့ စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ပေါ့ဂ်ဘာကို ပြန်လည်ခေါ်ယူနိုင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ မန်ချက်စတာယူနိုက်တက်အသင်းကို ၂၀၀၉ ခုနှစ်မှာ ရောက်ရှိလာသူဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ပွဲဦးထွက်ကစားခွင့်ရခဲ့တာကတော့ ၂၀၁၂ ခုနှစ်မှာဖြစ်ပါတယ်။ ဒါပေမယ့် ပေါ့ဂ်ဘာဟာ ပွဲကစားခွင့်များများမရရှိခဲ့ဘဲ နောက်ဆုံးမှာတော့ ဂျူဗင်တပ်အသင်းကို ရောင်းချခြင်းခံခဲ့ရပါတယ်။ ဂျူဗင်တပ်အသင်းဟာ ပေါ့ဂ်ဘာကို မွေးထုတ်ပေးခဲ့တဲ့ မန်ယူအကယ်ဒမီရဲ့ကုန်ကျစရိတ်အတွက် ပေါင် ၈ သိန်း နစ်နာကြေးပေးပြီး ခေါ်ယူခဲ့တာဖြစ်ပါတယ်။ ဂျူဗင်တပ်အသင်းကို ပေါ့ဂ်ဘာပြောင်းရွှေ့ဖို့ အဓိကကြိုးကိုင်ခဲ့သူကတော့ အေးဂျင့် မိုင်နိုရွိုင်အိုလာဖြစ်ပါတယ်။ ဖာဂူဆန်ကိုယ်တိုင်ရေးသားထုတ်ဝေတဲ့ ၎င်းရဲ့အထ္ထုပတ္တိစာအုပ်ထဲမှာ ယင်းအေးဂျင့်ကို မနှစ်သက်ကြောင်း ရေးသားထားပါတယ်။

 

၁။ ခရစ်စတီယာနိုရော်နယ်ဒို

Photos: The Guardian

 

ဘောလုံးသမိုင်းမှာ ကြီးမားတဲ့သက်ရောက်မှုရှိခဲ့တဲ့ အပြောင်းအရွှေ့ကို ပြပါဆိုရင် ယင်းအချိန်က ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲမက်ဒရစ်အသင်းကို ပြောင်းရွှေ့သွားတဲ့ ခရစ်စတီယာနိုရော်နယ်ဒိုရဲ့ အပြောင်းအရွှေ့ကို ပြရမှာဖြစ်ပါတယ်။ ပေါင်သန်း ၈၀ ဆိုတာ များပြားလွန်းတဲ့ငွေကြေးပမာဏဖြစ်ပေမယ့် ကစားသမားကောင်းရင် ငွေမနှမြောတတ်တဲ့ ရီးရဲမက်ဒရစ်အသင်းအတွက်ကတော့ အေးဆေးပဲလို့ ပြောရမယ့်ပမာဏဖြစ်ပါတယ်။ မန်ယူအသင်းရဲ့နည်းပြကြီး ဖာဂူဆန်ဟာ ၂၀၀၃ ခုနှစ်က စပို့တင်းလစ္စဘွန်းကနေ ပေါင် ၁၂ သန်းနဲ့ ခေါ်ယူခဲ့တဲ့ ခရစ်စတီယာနိုရော်နယ်ဒိုဆိုတဲ့ လူငယ်ကြယ်ပွင့်လေးရဲ့အပြောင်းအရွှေ့ဟာ ဘောလုံးလောကကို ပြောင်းလဲသွားစေခဲ့ပါတယ်။ ခရစ်စတီယာနိုရော်နယ်ဒိုဟာ ကမ္ဘာပေါ်က အကောင်းဆုံးကစားသမားဖြစ်လာခဲ့ပြီး ရီးရဲမက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား ၄ ကြိမ် ရရှိခဲ့ပြီး ဘလွန်းဒီအော်ဆုကို ၄ ကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုမရှိဘဲ ဆုဖလားတွေ ရယူနိုင်တယ်ဆိုပေမယ့် အရင်ကနဲ့ မတူတော့ပါဘူး။ မန်ချက်စတာယူနိုက်တက်အသင်းဟာ ရော်နယ်ဒိုဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၇ နဲ့ ထိုက်တန်တဲ့ ကစားသမားကို ရှာဖွေဖို့ လက်ရှိအချိန်အထိ ရုန်းကန်နေရဆဲဖြစ်ပါတယ်။

Share

Loading Next Article...
က္က