ဖုန်းနဲ့ဆက်သွယ်ခဲ့တာပါ။

ရီးရဲမက်ဒရစ်အသင်းရဲ့ကွင်းလယ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ လူကာမိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူပေးခဲ့ပြီး ဗိုလ်လုပွဲအထိ ပို့ဆောင်ပေးခဲ့သူဖြစ်ပါတယ်။ လူကာမိုဒရစ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ အင်တာမီလန်အသင်းကို ပြောင်းရွှေ့လိုနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီး လက်ရှိအချိန်မှာတော့ အပြောင်းအရွှေ့ဇာတ်ရှုပ်အဖြေပေါ်လာခဲ့ပြီဖြစ်ပါတယ်။

Photos: Sportskeeda

 

ရီးရဲမက်ဒရစ်အသင်းဟာ အသင်းရဲ့အဓိကကြယ်ပွင့်ကစားသမားဖြစ်တဲ့ မိုဒရစ်ကို အင်တာမီလန်အသင်းက ခေါ်ယူဖို့ ချဉ်းကပ်ခဲ့တဲ့ကိစ္စအပေါ် ဖီဖာကို တိုင်ကြားခဲ့ပြီး အပြောင်းအရွှေ့ဇာတ်ရှုပ်ရဲ့အဓိကလူဖြစ်တဲ့ လူကာမိုဒရစ်လည်း မနေနိုင်တော့ဘဲ ဖြေရှင်းခဲ့ရပြီဖြစ်ပါတယ်။ လူကာမိုဒရစ်ဟာ ၎င်းကိုယ်တိုင် အင်တာမီလန်အသင်းကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီး အပြောင်းအရွှေ့ကိစ္စအတွက် ပြောဆိုခဲ့ကြောင်း ဖီဖာကို ဝန်ခံပြောကြားခဲ့တယ်လို့ Express က ဖော်ပြခဲ့ပါတယ်။

မာရှယ်ရဲ့စွမ်းဆောင်ရည်နဲ့ပတ်သက်ပြီး ပေါ့ဂ်ဘာကို ပြစ်တင်လိုက်တဲ့ ပေါလ်စခိုး 

လူကာမိုဒရစ်ဟာ ရီးရဲမက်ဒရစ်အသင်းရဲ့မရှိမဖြစ် ကစားသမားဖြစ်နေဆဲဖြစ်တာကြောင့် ရီးရဲမက်ဒရစ်အသင်းဟာ မိုဒရစ်ကို ဘာနေဗျူးမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့ ဘာမဆိုပြုလုပ်ဖို့ အဆင်သင့်ရှိနေတာဖြစ်ပါတယ်။ ရီးရဲမက်ဒရစ်အသင်းဟာ ဖီဖာကို အင်တာမီလန်အသင်းရဲ့ အပြောင်းအရွှေ့စည်းမျဉ်း ပုဒ်မ ၁၈ ကို ချိုးဖောက်မှုနဲ့ စောဒကတက်ခဲ့ပြီး ပုဒ်မ ၁၈ အရ ကစားသမားတစ်ဦးကို လက်ရှိအသင်းရဲ့ခွင့်ပြုချက်မရဘဲ တိုက်ရိုက်ဆက်သွယ်ခွင့်မရှိတာဖြစ်ပါတယ်။

Photos: Sky Sport

 

အပြောင်းအရွှေ့ဇာတ်ရှုပ်ရဲ့အဓိကလှည့်ကွက်ကို လူကာမိုဒရစ်က ဖီဖာကို ပြောကြားခဲ့ပြီး Express Sport ရဲ့ဖော်ပြချက်အရ အင်တာမီလန်အသင်းကို အရင်ဆုံးဆက်သွယ်ခဲ့သူဟာ မိုဒရစ်ရဲ့ဇနီးဖြစ်တယ်လို့ သိရပါတယ်။ မိုဒရစ်ရဲ့အင်တာမီလန်အသင်းကို ပြောင်းရွှေ့လိုတယ်ဆိုတဲ့ကောလာဟလဟာ အင်တာမီလန်အသင်းမှာ ကစားနေတဲ့ လက်ရွေးစင်အသင်းဖော်တွေဖြစ်တဲ့ ဘရိုဇိုဗစ်၊ ပါရီဆစ်၊ ဗာဆယ်ကိုတို့ကြောင့် ပိုမိုဖြစ်နိုင်ခြေမြင့်တက်ခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရပြီး ရွှေဘောလုံးဆုကို ရရှိခဲ့သူဖြစ်ပါတယ်။ နောက်ထပ်ကြားသိရတဲ့သတင်းတွေအရ လူကာမိုဒရစ်ဟာ အင်တာမီလန်အသင်းရဲ့စိတ်ဝင်စားမှုကို အသုံးချပြီး ရီးရဲမက်ဒရစ်အသင်းက ပိုမိုမြင့်မားတဲ့လစာနဲ့ စာချုပ်သစ်ကမ်းလှမ်းအောင် လှည့်ကွက်ဆင်ခဲ့တာလို့ သိရပါတယ်။

Share

Loading Next Article...
က္က